Wednesday, September 12, 2012

ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းမှု


ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းမှု

ဒီနေရာမှာ ခွဲခြား နားလည်ပါ။ အစဉ်အလာ ခရစ်ယာန်များ၊ ဂျူးများ ပြောဆိုတဲ့ ဖန်ဆင်းရှင်က အရာတိုင်းကို “ဥုံဖွ” ဖြစ်စေ သဘောနဲ့ ဖြစ်စေတယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ အာဒံနဲ့ ဧ၀ကိုလည်း ဒီနည်းနဲ့ ဖြစ်စေ ခဲ့တာပဲ။ (ကမ္ဘာဦးကျမ်း- အခန်းကြီး ၁)-

ဒီတော့- အရာရာကို process ရှိနေစရာ မလိုဘဲ တန်းခိုးနဲ့ လုပ်လိုက်တာနဲ့ ချက်ချင်း ဖြစ်လာတဲ့သဘောကို ဆောင်တယ်။ ဒီလိုဆိုတော့- အကျိုး၊ အကန်းလေးတွေ မွေးလာတာ-လည်း အဲ့လို ဖန်ဆင်းရှင်မျိုးမှာ တာဝန်ရှိပါ တယ်။ လူတွေ ဆင်းရဲရတာ ချမ်းသာရတာ၊ ကျွန်ဖြစ်ရတာ၊ သခင်ဖြစ်ရတာ အာလုံး ဖန်ဆင်းရှင်မှာ တာဝန်ရှိပါ တယ်။ ဒီသီအိုရီကို ကိုင်ထားတဲ့ အနောက်တိုင်း ဒသနမှာ ဒါတွေအားလုံးကို ကယ်တင်ဘို့ ဖန်ဆင်းရှင်က တာဝန် ရှိနေတယ်- ဒါကြောင့် ကယ်တင်ရှင်ဝါဒကို ထပ်ဆင့်ဖန်တီးရပြန်တယ်။ ဒီက တစ်ဆင့် ယေရှုကို ကယ်တင်ရှင် အ ဖြစ် သီအိုရီ ဖန်တီးရပါတယ်။  ယုတ္တိဗေဒအရ ယေရှုဟာ သူ့ဟာသူတောင် မကယ်တင်ခဲ့နိုင်ဘူးလေ။ ပြီးတော့ လောကမှာ ဖြစ်ပျက်နေတာ အားလုံး အဲ့လို ဖန်ဆင်းရှင်မှာ တာဝန်မကင်း ဖြစ်နေတော့- ဒီသီအိုရီကို ဖန်တီးသူ များလည်း မဖြေရှင်းနိုင် ဖြစ်နေတယ်။ အခု မိတ်ဆွေလေး မေးထားတဲ့ မေးခွန်းမျိုးလိုပေါ့။

အစ္စလာမ့် ဒသနက အဲ့လို မဟုတ်ဘူး။ လောကအပေါင်းမှာ လူဟာ နံပါတ် (၁) ဖြစ်တယ်။ လူဟာ လောကအ ပေါင်းရဲ့ ဉာဏ်စဉ်ကိုယ်စား ဘုရား ဖြစ်တယ်- (ကုရ်အံ ၆း၁၆၅)။ ဒါပေမယ့် လူလူချင်း မကိုးကွယ်ရအောင်- အဲ့ ဒီ ဉာဏ်ဆိုတာ ပင်မ ဉာဏ်ဇစ်မြစ်ကြီးဆီက ကူးစက်ရခြင်းဖြစ်ပြီး ဉာဏ်ဇစ်မြစ်ကြီး ဆိုတာရှိနေတယ်။ အဲ့ဒါကို အာရ်ဗီစကားနဲ့ အလ္လာဟ်လို့ ခေါ်တယ်။ မိတ်ဆွေလေးလည်း ဉာဏ်ဇစ်မြစ်ကို လက်ခံမယ်ဆိုရင် ကောင်းမွန်မြင့် မြတ်တဲ့ သဘောကိုဆောင်တဲ့ ဘယ်နာမည်နဲ့ မဆို ခေါ်ဆိုနိုင်တယ်။ (ကုရ်အံ ၇း၁၈၀) လူလူချင်း ကိုးကွယ် ဆည်းကပ်ခြင်းမှ ကင်းအောင်- အဲ့ဒီ အလ္လာဟ်သည်သာ အခရာ၊ အဲ့ဒီ အလ္လာဟ်သည်သာ နောက်ဆုံစွန်သော ဉာဏ်စဉ်ကိန်းဆိုက်မှု ဇစ်မြစ်၊ လူမှန်ရင် ဘယ်သူမဆို ဉာဏ်စဉ် ကိန်းဆိုက်ပြီး လူသားဉာဏ်ရ ဘုရားဖြစ်နိုင် တယ်။ ဒါပေမယ့် အဲ့ဒီရဲ့ ဉာဏ်စဉ်ရဲ့ဇစ်မြစ်တော့ မဖြစ်နိုင်ဘူး- လို့ သိတတ်ခံယူ လာအောင် “အလ္လာဟ်မှအပ အခြား ကိုးကွယ်ဆည်းကပ်ရာဘုရားမရှိ” ဆိုတဲ့ အသိကို သွင်းပေးထားခြင်း ဖြစ်တယ်။

အဲ့ဒီ ဉာဏ်စဉ်ဇစ်မြစ် အလ္လာဟ်ကို စကားလုံးအားဖြင့် ခိုင်းနှိုင်းလို့ မရလို့ ပရမတ်ဘုရားလို့ ခေါ်တယ်။ အဲ့ဒီ အလ္လာဟ်ဟာ လောကစကြာဝဠာအားလုံးရဲ့ ဇစ်မြစ် အခရာဖြစ်တယ်- ဒါကို ဗဒိ လို့ခေါ်တယ်- (၆း၁၀၁)။

အလ္လာဟ်ဟာ လောကအပေါင်း ဖြစ်တည်စေမှုကို ဥုံဖွ (ကွန်း-ကားန- ဖြစ်ဆို ချက်ချင်းဖြစ်ခဲ့ပြီ) ဆိုတာနဲ့ ပြုလုပ် တယ်လို့ ကုရ်အံကျမ်းရဲ့ ဘယ်နေရာမှာမှ မပြောထားဘူး။ (ကုရ်အံကျမ်းကို ကိုးကားရခြင်းက ဒီနေ့ထိ ကမ္ဘာ့ ဘာသာရေးကျမ်းတွေထဲမှာ အခိုင်မာဆုံးကျမ်း ဖြစ်လို့ပါ။) အရှိန်အ၀ါနဲ့ ခွင့်ပြုခြင်း ဖြစ်တယ်။ ဒီခွင့်ပြုတဲ့ process ကို “ကွန်း ဖ ယကူးန” အတည် ပြု ဖြည့်ဆီးမှုကို “ဖြစ်” ဟု မိန့်လိုက်သော် သို့ဖြင့် ဖြစ်လာရမည်သာ တည်း” လို့ ပြောတယ်။ ဥပမာ- နိုင်ငံတော်ရဲ့ အကြီးဆုံးပုဂ္ဂိုလ်က ဤမြစ်ပေါ်မှာ တံတားဖြတ်ထိုးခွင့် ပြုလိုက် သည်ဆိုတဲ့ သဘောပါ။ အဲ့ဒီအမိန့်ကို အတည်ပြုပေးလိုက်တာနဲ့ အဲ့ဒီ မြစ်ကြီးပေါ်မှာ ချက်ချင်းလက်ငင်း ၀ုန်း ဒိုင်း တံတားတစ်စင်း ပြီးသွားခြင်း မဟုတ်ပါ။ တံတားတည်ဆောက်မယ့် အချိန် တံတားတည်ဆောက်ရာမှာ သုံး မယ့် ၀တ္ထုပစ္စည်းများ-၊ လုပ်အားများ စိုက်ထုတ်မှုများ အားလုံး ပေါင်းစပ်ရဦးမှာ ဖြစ်တယ်။

မပြည့်စုံမှု

မပြည့်စုံမှု- ဆိုတာ ဆိုတာ- အထူးသဖြင့် ကိုယ်အင်္ဂါ မပြည့်မစုံမွေးမှု- စသည်တို့ကို နားလည်ပါ။ ဒီဖြစ်ရပ်မျိုးက ကမ္ဘာ့ အတိုင်းအတာနဲ့ ကြည်ရင် လူ ဆိုတဲ့ ၀တ္ထုမှာ ပိုများတယ်။ ဒီအခါ လူတွေက ဖန်ဆင်းရှင်ကို အပြစ်တင် လေ့ရှိတယ်။- မှန်ပါတယ် ကယ်တင်ရှင်ဝါဒ ဖန်ဆင်းရှင်သီအိုရီမှာ အပြစ်ရှိပါတယ်။ သူက အားလုံးကို ဥုံဖွ သ ဘော ဖန်ဆင်းနေတာကိုး။ ဒါပေမယ့် အစ္စလာမ်ဒသန ဖန်ဆင်းရှင်က- အားလုံးကို process နဲ့ နိယာမ ပြဌာန်း ပေးထားတယ်။ လူတွေမှာ ကိုယ်လက် မပြည့်မစုံမွေးတာ ချို့တဲ့တာ လူကြောင့် ဖြစ်တယ်လို့ ဆိုတယ်- အဲ့လို မဖြစ်ရအောင် လမ်းညွှန်ပေးထားတယ်။ ဒါကို ရှုပ် သွားနိုင်တယ်- တစ်ခုချင်း ရှင်းပြပါမယ်။

လူနဲ့ အခြားအရာဝတ္ထုများ

လူဟာ အခြားအရာဝတ္ထုများထက် ထူးခြားတယ်။ လူကို ဖြစ်တည်စေမှု နိယာမထဲမှာ လောကအပေါင်းကို ဘု ရားလုပ် အုပ်ချုပ်ထိန်းကျောင်းပေးစေဘို့ဆိုတဲ့ ဖေါ်မြူလာ ပါဝင်လို့ပါ။ (၆း၁၆၅) (ဒါကို ဘုရားကပျင်းလို့ ဖန် ဆင်းသလား ဆိုတဲ့ ခေါင်းစီးမှာ ရှင်းပါမယ်။)

လူမှအပ တိရိစ္ဆာန်များ အရာအ၀တ္ထုများအားလုံးက လောကဓမ္မဥပဒေကို တိုက်ရိုက်နာခံ- အလိုက်သင့်နေထိုင် မှုနဲ့ ဖြစ်တည်စေတယ်။ ဒါကြောင့် သူတို့တွေမှာ အကုန်လုံး အလိုက်သင့် ဖြစ်နေပါတယ်။ ကျားအကောင် တစ် ထောင်မှာ ကိုယ်ခန္ဓာ အစိတ်အပိုင်း ချို့ယွင်းတာ တစ်ကောင် မရှိနိုင်ပါ။ တစ်သန်းမှာ တစ်ကောင်ရှိတယ် ထား ပါ- အဲ့ဒီ တစ်ကောင် ဘာဖြစ် လို့ ချို့ယွင်းရသလဲ ပြန်လည်ဆင်ခြင်ရင်- သူ့မိခင်က ကိုယ်ဝန်ရှိစဉ် ကာလမှာ အဲ့ဒီ ကိုယ်ဝန်ရှိရာ ဗိုက်ကို တစ်စုံတစ်ခုနဲ့ ထိမိသွားလို့ ဖြစ်ပါတယ်။ ဒါဟာ ပြဌာန်းပြီး process ထဲမှာ process ကို တာဝန်ရှိနေတဲ့အရာက ချို့ယွင်းသွားခြင်း ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီ ကျားမကြီးက နောက်မွေးလာသမျှ ကျားလေးတွေက ခန္ဓာချို့ယွင်းနေခြင်း မဟုတ်ပါ။ ဒီလို ချွင်းချက်မျိုးက တောရိုင်းသတ္တ၀ါများထက် အထူးသဖြင့် မြို့နေအိမ်မွေး တိရိစ္ဆာန်တွေမှာ ပိုများပါတယ်။ အထူးသဖြင့် လမ်းဘေး ခွေးလေ ခွေးလွင့်တွေမှာ- ခန္ဓာမစုံတဲ့ ခွေးလေးတွေ မွေးတာ တွေ့ရပါတယ်။- လူတွေက ရိုက်ထောင်း၊ လျှောက်လှန့်၊ ခဲနဲ့ထု မျိုး စုံလုပ်နေတာကိုး။

ဒီလို ဖြစ်စဉ်ရဲ့ အများဆုံး သတ္တ၀ါကတော့ “လူ”လို့ ဆိုရပါမယ်။ လူ ဆိုတဲ့အရာမှာ အခြားသတ္တ၀ါများနဲ့တူတဲ့ အစိတ်အပိုင်းတွေက ရုပ်နဲ့ အသက် ဖြစ်တယ်။ အခြားသတ္တ၀ါများနဲ့ မတူတဲ့ အပိုင်းက ထပ်ဆင့်ပံ့ပိုင်းဉာဏ် ဖြစ် တယ်။ အဲ့ဒီ ထပ်ဆင့် ပံ့ပိုးဉာဏ်ကို ကုရ်အံ ရူးဟ် လို့ခေါ်တွင်တယ်။ မိန်းကလေးတိုင်းမှာ မွေးလာကတည်းက “သားအိမ်” ပါလာစေသလို (ချွင်း ချက် ဆယ်သန်းမှာ တစ်ယောက် မရှိနိုင်ဘူးနော်- ဒါကိုလည်း ရှင်းပါမယ်။) လူတိုင်းမှာ ရူးဟ်ဆိုတဲ့ ထပ်ဆင့်ပံ့ပိုးဉာဏ်အား က ပါလာစေဘို့- သူ့ကို ဖြစ်စေတဲ့ ပုံစံခွက် mold ထဲမှာ ရှိပြီး ဖြစ်တယ်။ ဒီ ဉာဏ်အားက- လောကအပေါင်းကို အုပ်ချုပ်ထိန်းသိမ်းစေဘို့ အတွက် ကရိယာ အဖြစ်လို့ နား လည်ပါ။ နို့မဟုတ်ရင် လူကို လောကအတွက် ဘုရားဖြစ်စေ တယ်၊ ဒါပေမယ့် သူ့မှာ လောကကို အုပ်ချုပ်မယ့် အရည်အချင်း (လက်နှက်) မရှိဖြစ်နေဦးမယ်။

ဒီဉာဏ်အားကို ပံ့ပိုးမယ့် လောင်စာက ဆန္ဒ ဖြစ်တယ်။ ဆန္ဒဆိုတဲ့ တွန်းအားလောင်စာ မရှိရင် သိလို၊ တတ်လို၊ စူးစမ်းလိုတဲ့ အရာမရှိဘဲ ဉာဏ်က ရပ်နေဦးမယ်။ အဲ့ဒီ ဆန္ဒက လွတ်လပ်မှုရှိတယ်- ဒါမှ လွတ်လွတ်လပ်လပ် စူး စမ်း- တွေးခေါ်နိုင်မှာ ဖြစ်တယ်။- တိရိစ္ဆာန်တွေမှာ အဲ့လို တွန်းအား ဆန္ဒမပါဝင်ဘူး။ ဒါကြောင့် ကျားဟာ ဘယ် တော့မှ မြက်ကို မစားဘူး၊ စား စရာအဖြစ်လည်း မစူးစမ်းဘူး။

ဒီ ဆန္ဒရဲ့ တွန်းအားကြောင့် ထပ်ဆင့်ပံ့ပိုးဉာဏ် ဖွံ့လာတယ်။ အဲ့ဒီအတွက် အကျိုးဆက်တွေကြောင့် ကောင်း တာတွေ ဖြစ်လာသလို ချို့ယွင်းတာတွေလည်း ရှိနေတယ်။ လူတွေရဲ့ ထပ်ဆင့်ပံ့ဉာဏ်အားကြောင့် ဆက်လက် ဖြစ်ပေါ်လာတဲ့ အရာတွေ- ဥပမာ သန္ဓေတား ဆေးပေါ်လာလို့ ကောင်းတာတွေ ရှိသလို- အဲ့ဒီရဲ့ အကျိုးဆက် ကြောင့် ခန္ဓာ မသန်စွမ်းတဲ့ ကလေးတွေလည်း မွေးလာနိုင်တယ်။

ကျားတစ်ကောင်မှာ ကလေးဖျက်ချတာ မရှိဘူး၊ ဖျက်ချရကောင်းမှန်းလည်း မသိဘူး။ လူကတော့ ကလေး လည်း ဖျက်ချ တယ်- လက်သည်မနိုင်လိုက်တဲ့အခါ ကျိုး၊ ပဲ့၊ကန်း၊ အ- တွေ မွေးလာနိုင်တယ်။
အစားအသောက်ပိုင်း ဆိုင်ရာမှာလည်း ဒီလိုပဲ ကျားက အသားကလွဲ ဘာမှ မစားဘူး၊ လူက အကုန်စားကြည့် ချင်တယ်- ဒီတော့ သန္ဓေမယ့်ကလေးမှာ မိဘရဲ့ အစားအသောက်ကြောင့် အကျိုးဆက် ဖြစ်ပေါ်တာတွေ ရှိ တယ်။

ဒီဆန္ဒ ဆိုတဲ့ အရာကြောင့်ပဲ-- လူတွေဟာ ဖွံ့ဖြိုးလာတယ်- ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာတယ်လို့ မြင်ရတယ်- ဒီအခါ အဲ့ဒါကို လိုက်မမှီတဲ့ လူတွေက သူများလို နေချင်၊ စားချင်၊ ပြုမူချင်မှုများကြောင့် မွန်းကြပ် သလို ခံစားလာရတယ်- ဒီ အခြေအနေမျိုးမှာ ဖန်ဆင်းရှင် ဆိုတဲ့ အရာကို နောက်ဆုံး ထွက်ပေါက်အဖြစ် အပြစ် တင်ရပါတော့တယ်။

အစ္စလာမ့် သွန်သင်မှုမှာ အဲ့ဒီအတွက် သီးခြား ကယ်တင်ရှင် မရှိဘူး။ ကယ်တင်ရှင်ဆိုတာ မိမိပဲ ဖြစ်တယ်။ မိမိ ဟာ လူဖြစ်လို့ လူတစ်ဦးရဲ့ အရည်အချင်းကို လူကိုယ်တိုင်က ဖေါ်ဆောင်ရမှာ ဖြစ်တယ်။ အဲ့ဒီ အတွက်ဘယ်လို ရုန်းကန်နေထိုင် ကျက်စားရမယ်ဆိုတဲ့ အသိဉာဏ်ကို ရလာဘို့၊ သူများထက်သာချင်ရင် သူများထက် ဉာဏ် အားကောင်းလာဘို့- ဉာဏ်စဉ် ဇစ်မြစ်ဆီက ဉာဏ်အားကို မိမိရဲ့ ဉာဏ်အားက ဓါတ်ကူးယူနိုင်ဘို့ လိုတယ်။ ဓါတ်ကူးယူနိုင်လေ ဉာဏ်အား ပိုကောင်းလာလေပဲ။ ဒီအခါ လောကကို ပိုပြီးပိုပြီး မြင်လာမယ်- ဘော်လုံးပွဲကို အပေါ်ကကြည့်သလို မြင်လာမယ်။

ကမ္ဘာပေါ်ရှိ လူသား ဘုရားတွေဆိုတာက - နမူနာတွေပဲ ဖြစ်တယ်။ သူတို့တောင် ပါမောက္ခ ဖြစ်နိုင်တာ၊ ငါတို့ လည်း ပါမောက္ခ ဖြစ်နိုင်တာပေါ့- ဆိုတဲ့ အသိမျိုးဝင်အောင် ဖေါ်ဆောင်ပြခြင်း ဖြစ်တယ်။

0 comments:

Post a Comment