Wednesday, September 12, 2012

ဤဘလော့အား ဖန်တီးရသည့် အကြောင်းအရင်း

ကျွန်တော်တို့ ယုံကြည်လက်ခံ ကိုးကွယ်ရာဖြစ်သော အစ္စလာမ်ဘာသာအား ဦးတည်တိုက်ခိုက် စော်ကားသော အသုံးအ နှုံးများဖြင့် တင်ထားသော ဘလော့များ၊ ပိုတ်စ့်များ၊ ကွန့်မန်များမှာ တဖြည်းဖြည်း များသထက် များလာပြီး တိုင်းရင်းသား အစ္စလာမ်ဘာသာ ၀င်များအား စော်ကားခြင်း၊ နိုင်ငံခြားသားအဖြစ် စွပ်စွဲလာခြင်း၊ ဘာသာရေးနှင့် ပတ်သက်ပြီး မတော်တရော် မေးခွန်းများ မေးမြန်း လာခြင်း၊ စိတ်ဓါတ်ရေးရာ အလဲထိုးသည့် နည်းဗျူဟာကို သုံးလာသဖြင့် ထိုအရာများ အားလုံး ကို ဖြေရှင်းပေးရန် ဤဘလော့အား ဖန်တီး ရေးသားခဲ့ရခြင်း ဖြစ်ပါသည်။

ဤဘလော့သည် မည်သည့် ဘာသာ၊ သာသနာ၊ လူမျိုးကိုမျှ ပြန်လည် တုန့်ပြန် စော်ကားရန်ဟူသည့် ရည်ရွယ်ချက်မျိုး မရှိပါ။ လက်တလော အွန်လိုင်းတွင် အစ္စလာမ်ဘာသာအပေါ် စော်ကားမှု့များအား ပြန်လည်ဖြေရှင်းရင်းဖြင့် ဤဘလော့အား ၀င်ရောက် ဖတ်ရှုသူတိုင်းကို နားလည်စေရန် တချို့သော အမှန်တရားကို လစ်ဟပြခြင်း၊ ဘာသာတရား ၂ ခုကို နှိုင်းယှဉ်ပြီး ပြောရခြင်း၊ မြန် မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းများကို ရှင်းပြရင်းဖြင့် တဖက်လူကို ပြန်လည် စိတ်ခုစရာများ ဖြစ်ခဲ့လျှင် နားလည် ပေးကြပါရန် မေတ္တာ ရပ်ခံပါသည်။

ကျွန်ုပ်၏ တင်ပြမှုတိုင်းကို လွတ်လပ်စွာ ပြန်လည် ဆွေးနွေးနိုင်ပါသည်။ ကျွန်ုပ်ဘက်မှလည်း အချိန်ကို ရသလောက် ပေးပါမည်။ သို့သော် အဓိပ္ပါယ်ရှိသော ဗဟုသုတဖြစ်စေသော ဆွေးနွေးမှုမျိုးသာ ဖြစ်စေလိုပါသည်။ လူတိုင်းတွင် အားနည်း ချက် အားသာချက် ရှိနိုင်သည် ထို့အတွက် ကျွန်ုပ်ဘက်မှ အပြည့်အ၀နားလည်ပေးရန် အစဉ်ကြိုးစားလျှက် ရှိပါသည်။

ကျွန်ုပ် တင်ပြသော ဘာသာရေး အတွေးအခေါ်များ၊ သမိုင်းအထောက်အထားများ မှားယွင်းပါသည်ဟု တန်ပြန် စောကြောလာ လျှင်- တစ်ကယ့် တိကျသော ဗဟုသုတ ရှိသူ၊ စေတနာကောင်းဖြင့် ဆွေးနွေးလိုသူ၊ အပြန်အလှန် ပွင့်လင်းသော ဗဟု သုတကို ဖလှယ်လိုသူ မည်သူနှင့်မဆို ပြန်လည် ဆွေးနွေးဖလှယ်ရန် အဆင့်သင့်ရှိ၍ islaminmyanmar.contact@gmail.com သို့ မေးလ်ပို့ ကာ ဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးချက်မှန်သမျှကို တစ်လုံးမျှ မတည်းဖြတ်ဘဲ မူရင်းဆွေးနွေးချက်အတိုင်း အများ သူငှါ ဖတ်လို့ ရအောင် ဘလော့တွင် တင်ပြပေးသွားပါမည်။

ဘလော့ပိုတ်စ့် တခုတွင် ကွန်မန့်ပေးလာလျှင် အဆင့်အတန်း မရှိဘဲ ရေးချင်ရာ ရေးသွားသော ကွန်မန့်များကို ပြန်လည် ဖြေပေး မည် မဟုတ်ပါ… အပြုသဘောဖြင့် မေးမြန်းသိရှိလိုသူမှန်သမျှကို အတတ်နိုင်ဆုံး လက်ခံ ဖြေကြားပေးပါမည်။

ကျွန်ုပ်အား ဆဲဆို၊ ပုတ်ခတ်၊ နောက်ကွယ်၌ မကောင်းဝါဒ ဖြန့်သော သူများလည်း “သူ့ထန်းလျှက် သူစားပါစေ” ဟုသာ သဘောထား ပါသည်။ ကျွန်ုပ်ဘက်မှ မည်သူ့ကိုမှ မစော်ကားပါ။ ကျွန်ုပ်တွေ့သိသော သစ္စာ (အမှန်တရား) အား လူသားထု ကြား၌ ချပြရာမှ တွန့်ဆုတ်သွားမည် မဟုတ်ပါ။ (အပြောချည်းသက်သက်သည် အလုပ်မဖြစ်၊ လက်တွေ့ ကျင့်ဆောင်ရန် လိုအပ်သည်-၊ ဖြစ်သကဲ့သို့။ လက်တွေ့ကျင့်ဆောင်နိုင်ရန် လက်တွေ့မှန်သော လမ်းစဉ်လည်း ဖြစ်ရန် အရေးကြီးပါသည်။ လက်တွေ့များတွင် မှားယွင်းနေပါလျှက် လိုက်နာကျင့်ဆောင်ခိုင်းသော မမြင်ကွယ်ရာမှ စိတ်ကူးပုံရိပ်များအား မည်သို့ စိတ် ချရမည်နည်း- ဟူသည်ကို စာဖတ်ပရိတ်သပ်များ သတိထားဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်ပါသည်။)

0 comments:

Post a Comment