၁။ တမန်တော်မွတ်ဟာမက်က
ဘာလို့ မိန်းမအများကြီး ယူခဲ့တာလဲ။ သူက သာမန်ယောက်ျား ၃၀ စာ အားရှိတယ်ဆို။
(၁) ယောက်ျားကောင်း မောင်းမတစ်ထောင်
ဆိုတာ အရပ်ထဲက စကားပါ။ ဒါပေမယ့် သာမန်လူထက် ထူးတဲ့လူတစ်ဦးမှာတော့
အခြားသာမန်လူများထက် ထူးခြားမှုတွေ ရှိနေမှာပေါ့။ ဒါက သဘာဝပဲ။ ကိုယ်တော်မုဟမ္မဒ်
မိန်းမတွေ အများကြီး ယူခဲ့တယ်- ဆိုတဲ့ သမိုင်းက အဓိကကျမ်း ကုရ်အံမှာ မပါဘူးဗျ။ သမိုင်းဆရာများက
ပြောဆိုနေတာပါ။ ပြသနာက အဲ့ဒီ လောက်မိန်းမတွေနဲ့ ဆက်စပ်တဲ့ သားသမီး
တစ်ဦးတစ်ယောက်မှ မရှိတာပဲ။ ဒီတော့ မိန်းမယူခဲ့တယ်ဆိုတာ တိကျတဲ့ အထောက်အထား
မဟုတ်ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့
(က) ကိုယ်တော်မုဟမ္မဒ်က အမြုံမဟုတ်ဘူး-
အကြင်ယာတော် ဘီဘီ ခတီဂျာနဲ့ သားသမီးတွေ ရှိခဲ့တယ်။
(ခ) ဘီဘီခတီဂျာ ကွယ်လွန်ပြီး
နောက်ပိုင်းမှာ မိန်းမတွေ ရှိခဲ့တယ် ဆိုတဲ့ သမိုင်းတွေကို ရေးကြပေမယ့်-
အဲ့ဒီအမျိုးသမီးတွေမှာ အရင်အိမ်ထောက်ဘက်နဲ့ ကလေးရှိတဲ့ အမျိုးသမီးတွေ ပါတယ်။
ဒီတော့ အဲ့ဒီ အမျိုးသမီးတွေဟာလည်း အမြုံတွေ မဟုတ်ဘူး။ အရပ်စကားနဲ့ ပြောတဲ့
အိမ်ထောင်ဘက်မျိုးဆိုရင် ကလေးက တစ်ဦးမဟုတ် တစ်ဦးတော့ ရမှာပဲပေါ့။
(ဂ) မွတ်စလင်တွေက မိန်းမအများကိစ္စကို
အပြစ်လို့ မယူဆဘူး- ပြီးတော့ ကိုယ်တော်မုဟမ္မဒ် မျိုးရိုးဆိုရင် အင်မတန် တန်ဘိုး
ထားတယ်- ဒါကြောင့် ကိုယ်တော်ဟာ အဆိုပါ မိန်းများနဲ့ တစ်ကယ် အရပ်ကနားလည်တဲ့ လင်မယားများ
ဖြစ်ခဲ့ရင် ကလေးရမယ်- အဲ့ဒီကလေးကိုလည်း မွတ်စလင် တွေက ဂုဏ်သိက္ခာအတွက်
သမိုင်းဖျောက်ပစ်စရာ အကြောင်းမရှိဘူး။ တန်ဘိုးထား ဂုဏ်ယူ မှာ ဖြစ်တယ်။
ဒီတော့ တစ်ကယ်တမ်း
မိန်းမအဖြစ်ယူခဲ့ပုံကို ပြန်သုံးသပ်ရင်- islammyanmar.com ဆိုက်ထဲက စာအုပ်စင်၊
အဲ့ဒီမှာ ကိုယ်တော်မုဟမ္မဒ်၏
အိမ်ထောင်ရေးဘ၀ ဆိုတာလေးကို ဖတ်ကြည့်ပါ။
(၂) မိန်းမ အများတစ်ကယ် ယူခဲ့ရင်ကော
ဘာဖြစ်သလဲ။ လူတစ်ယောက်ဟာ “ဘုရား” ဖြစ်ဘို့ရာ အင်မတန် ကိလေသာ ကင်းစင် ရမယ်- ဆိုပြီး
“မိန်းမလျှာ ပုံသွင်း ကိလေသာ ကင်းစင်” မှုကို အနောက်အုပ်စုက ဖြန့်ချီတာပါ။ အဲ့ဒီ
ဝါဒမှိုင်း ၀င်သွားတော့ လူတွေက အမှန်ကို ဖုံးကွယ်တော့တယ်။- အမှန်ကတော့ဗျာ- ယေရှုလည်း
မိန်းမနဲ့ ကလေးနဲ့ပဲ- မိန်းမက ပြည့်တန်ဆာမ လို့တောင် အတိအကျ ဖေါ်ထုတ်သေးတယ်။
ကိုယ်တော်ဂေါတမလည်း မိန်းမတွေနဲ့ပဲ။ သားတော်ရာဟုလာကို မွေးပြီး တောထွက်ခဲ့တာ-
အဲ့ဒီနောက်ပိုင်း မိန်းမနဲ့ မနေတော့ဘူး ဘာညာ မပြောနဲ့နော်-၊ ရာဟုလာထက် အငယ်
သမီးတွေ ရှိနေသေးတယ်။ ပိဋကတ်မှာကို အတိအကျပါတာပဲ- ဖုံးထားတာကိုး။ ဒါတွေက
လူတစ်ဦးရဲ့ personal rights တွေပါ။ သူမိန်းမယူတာ- အခြားဘယ်သူ့ကိုမှ
ထိခိုက်စော်ကားတာမှ မဟုတ်ဘဲ။ သူကလည်း သဘောတူတယ်၊ အမျိုးသမီး ကလည်း သဘောတူတယ်၊
အခြားသော ယူပြီးသား အမျိုးသမီးများကလည်း သဘောတူတယ်- ဆိုရင် အပြင်လူများက ဘာများ
မနာလို ဖြစ်စရာ ရှိလို့လဲ။
၂။ မွတ်ဟာမက်က
ဘာလို့နောက်ဆုံးတမန်တော်ဖြစ်ရတာလဲ။
အာရ်ဗီစကားလုံး (ခတားန်မ်) ဆိုတာ အချုပ်၊
အထွဋ်အခေါင်၊ နောက်ဆုံး (စီရင်နိုင်သူ) ဆိုတဲ့ အဓိပ္ပါယ်ကို ပေးပါ တယ်။
နောက်ဆုံး ဆိုတဲ့ အဓိပ္ပါယ်က သူ့ခေတ်မှာ သူ့အထက်က အခြားသူ မရှိ ဆိုတာမျိုးကို
နားလည်ပါ။ အဲ့ဒီ ဂုဏ်ပုဒ်ကို ဘာကြောင့် ပိုင်ဆိုင်သလဲ ဆိုတော့--၊ (၁) ကမ္ဘာမှာ
ပွင့်ခဲ့တဲ့ ဉာဏ်စဉ်ဆောင်များကို ပြန်ကြည့်ပါ။- သူတို့ရဲ့ ဉာဏ်သိ ဓမ္မများကို
သူတို့ရှေ့မှောက် ခိုင်မာအောင် မှတ်တမ်းမတင်နိုင်ခဲ့ဘူး။ (မတင်နိုင်ခဲ့ဘူး
ဆိုတာထက်- တင်ဘို့ မလိုအပ်သေး လို့ မတင်ခဲ့ဘူး)၊ တိုင်းပြည်တစ်ခုအတွက် ဖွဲ့စည်းပုံ
constitution ရေးသလိုပဲ။ မူကြမ်းအဆင့်များသာ ရေးသွားခဲ့တယ်။ ကိုယ်တော်မောရှေ-လည်း
ဒီလိုပဲ။ ကိုယ်တော် ဂေါတမလည်း ဒီအတိုင်းပဲ။ ကိုယ်တော်ယေရှုလည်း အလားတူပဲ။ သူတို့
လက်ထက်များမှာ သူ့တို့ပတ်ဝန်းကျင် အလျှောက် တရားဓမ္မများနဲ့ လူတွေကို ပြသွားပေမယ့်-
သူတို့မျက်မှောက် ခိုင်မာတဲ့ လူ့လမ်းညွှန်ကျမ်းကို မပြုခဲ့ဘူး။ သူတို့
ကိုယ်တိုင်ကလည်း သူတို့ဟာ နောက်ဆုံးပါလို့ အာမမခံခဲ့ဘူး။
(၂) ကိုယ်တော်မုဟမ္မဒ်က
“မင်းတို့မျှော်လင့်နေတဲ့ နောက်ဆုံးတစ်ပါးဟာ ငါပဲ လို့ တရားဝင်ကြေငြာတယ်။” လူသား
အတွက် လမ်းညွှန်ကျမ်းကို ခိုင်မာအောင် ပြုစုခဲ့တယ်။ အဲ့ဒီ ကျမ်းဟာ သူ့ရဲ့
လူသားအတွေးအခေါ်နဲ့ ပြောဆိုခြင်း မဟုတ်ကြောင်း သဗ္ဗညု ဉာဏ်စဉ်နဲ့ သိမြင်
ရွတ်အံပေးတဲ့ ကျမ်းဖြစ်ကြောင်း အာမခံသလို-၊ စိန်ခေါ်မှုလည်း ရှိတယ်။ ကုရ်အံကျမ်း
တော်က “ဟိုတစ်မျိုး ဒီတစ်မျိုး မညီမညွတ်တဲ့ ကျမ်းမဟုတ်ဘူးလို့ အာမခံတယ်။”
တစ်ကယ်လို့ ဒီကျမ်းဟာ အတုအယောင်လို့ မင်းတို့ ယိုးစွပ်မယ် ဆိုရင်- ဒီကျမ်းတော်အလား-
(အာယတ်) ခေါ် တန်ခိုးအင်အားကြီးတဲ့ သက်သေခံ ချက်- သုတ်တော် တစ်ပါးလောက် စီရင်ပြုစု
ကြည့်လိုက်ပါတဲ့။ မင်းတို့အနေနဲ့ ရှေ့ယခင်ကလည်း အဲ့လို မပြုစုနိုင်ခဲ့
နောင်လာနောက်သားများလည်း မပြုစုနိုင်စေရလို့ အာမခံထားတယ်။
ရိုးရိုးလေးပဲ ဆင်ခြင်ကြည့်ဗျာ- ဒီနေ့
ပိဋကတ်ကို လူသား ဘယ်လောက်က အသေခံ ကာကွယ်သလဲ။ သမ္မကျမ်းကိုရော လူသား ဘယ်လောက်က
အသက်ပေးစောင့်ရှောက်သလဲ။ ကုရ်အံကို ထိရင် (သိသိ မသိသိ၊ တတ်တတ်၊ မတတ်တတ်)
အသက်ပေးတဲ့ လူပေါင်း--၊ ဒီနေ့ ညီလေး မြင်နိုင်ပါတယ်။ လက်နက်အင်အားနဲ့
ခြိမ်းခြောက်လို့ မရဘူး- အသေခံမယ် ဆုံး ဖြတ်ထားသူကို ဘာလက်နက်နဲ့မှ
ခြောက်လှန့်လို့ မရဘူးလေ။
ဒီလို အသေခံ ကာကွယ်နေတော့-
အင်အားကြီးတဲ့ လူတွေက သူတို့လိုသလို ထိုးဖေါက်မရနိုင် ဖြစ်တယ်။ ဒီတော့
အယူသီးတယ်လို့ စွပ်စွဲပြန်တယ်။ ဒါဆို မင်းတို့က မင်းတို့ ဘာသာမှာ ဘာဖြစ်လို့
အယူမသီးကြတာလဲ။ မင်းတို့လည်း အယူသီးလိုက်ကြပါလား။- ဘယ်သူမဆို ကိုယ့်အယူဝါဒမှာ
ကိုယ်အယူသီးခွင့်ရှိတာပဲ။ ကိုယ်ကိုယ်တိုင်က ယုတ္တိမဲ့ဒဏ္ဍာရီ တွေကိုယုံကြည်သလိုလို
ခံစားနေ တယ်။ တစ်ကယ်တမ်း ရှင်းတော့လည်း မရှင်းနိုင် သိပ္ပံလိုလို- ဟိုလိုလိုတွေ
ထိုးချ၊ တစ် ကယ်တမ်းကျတော့ မိရိုးဖလာ လူများရာ ကို ကပ်ပေါင်းနေတဲ့ အဆင့်မျှသာ
ဖြစ်နေတယ်။- ရပ်ကွက်ထဲမှာ လူများတဲ့ အုပ်စု က နည်းတဲ့ အုပ်စုကို ဖိနှိပ်-
ဒီအဆင့်နဲ့ ဘာသာရေးကို ခံယူနေတာပါ-၊ လို့ သူတို့ကို တွေ့ရလိမ့်မယ်။
ပြီးတော့ ခရစ်ယာန်များက
ကုရ်အံကျမ်းကို အတုထုတ်သေးတယ်။ (ခရစ်ယာန် လို့ပြောဆိုခြင်းဟာ ကိုယ်တော်ယေရှုကို
စော် ကားခြင်း မဟုတ်ဘူးနော်-၊ ကိုယ်တော်ယေရှုကိုယ်တိုင်က ခရစ်ယာန်သာသနာကို
ထူထောင်ခဲ့တာ မဟုတ်ဘူး- နောက်ပေါက်တွေ က အမည်ပေး၊ ထူထောင်လိုက်တာပါ။) (Canada
Bible Society) က ကုရ်အံ မူကွဲ နှစ်ခု ဆိုပြီး စာအုပ်ထုတ်တယ်။ တစ်ကယ် တမ်းလည်း
သက်သေအတိအကျ မပြနိုင်ဘူး။ ဒါ လုပ်စရာလား။ ကိုယ်တော်မုဟမ္မဒ်ကို စော်ကားမော်ကား
ကာတွန်းဆွဲကြသေး တယ်။ အလားတူ ကိုယ်တော်ဂေါတမကိုလည်း Rude Buddha ဆိုပြီး မကြာမှီက
ရုပ်သံမှာ အကြီးအကျယ် နောင်ပြောင်စော် ကားသေးတယ်။ ဒါတွေက လုပ်စရာလား ညီလေး--၊
လူယဉ်ကျေးတွေလို့ ခံယူ ထားပြီး အဲ့လို လုပ်တာ- သင့်လျှော်ပါသလား။ မွတ်စလင်တွေဘက်က
ဘယ်သူ့ကျမ်းကိုမှ မစော်ကားဘူး။ ဘယ် ဘာသာရေး ဦးသျှောင် (မောရှေ၊ ယေရှု၊ ဂေါတမ)
ကိုမှ မသရော်ဘူး၊ မပုတ်ခတ်ဘူးလေ-။ ကဲ ဘယ်သူက ပိုမိုယဉ်ကျေး ပါသလဲ။
ဆိုလိုတာက- ကုရ်အံကျမ်းက
စာတစ်လုံးချင်းစီကို အသက်ပေးကာကွယ်မယ့် သူတွေ ရှိနေတယ်။ ဒီကိစ္စဟာ နည်းတဲ့ ကိစ္စ
မဟုတ်ဘူး-၊ လူဆိုတာ မိမိအသက်သေမှာကို အကြောက်ဆုံးပဲ။ အဲ့ဒီ အသက်အတွက် ဘာမဆို
လုပ်နေကြတာ-။ အဲ့ လောက် မက်မောတဲ့ အသက်ကို ရင်းပြီး- ကာကွယ်ပေးလိုစိတ်မျိုး
ဖြစ်အောင် ကုရ်အံကျမ်းကအပ အခြား ဘယ်ကျမ်းမှာ အဲ့လို တန်ခိုးမျိုး ရှိလို့သလဲ။-
ရိုးရိုးလေး ဆင်ခြင်ကြည့်ပါ။
ဒီလောက် ခိုင်မာတဲ့ ကုရ်အံကျမ်း
(လူသားများအတွက် လမ်းညွှန်ကျမ်း)ကို ကိုယ်တော်မုဟမ္မဒ်က မျက်မှောက်ပြုစုနိုင်ခဲ့တယ်။
ဒီကုရ်အံကျမ်းတော်ကြီး ကမ္ဘာအရပ်ရပ်ကို ပြန်နှံ့သွားလိမ့်မယ် ဆိုတာကိုလည်း တိတိကျကျ
အာမခံချက်နဲ့ ပြော နိုင်ခဲ့တယ်။ ဒီနေ့ ကုရ်အံကျမ်း မပြန့်နှံ့ မရောက်ရှိတဲ့ ဒေသ
ဆိုတာ မရှိဘူး- ဆက်လက်လည်း ပြန့်နှံ့နေဆဲပါ။
ပြောစရာ ထောက်ပြစရာ
အချက်တွေအများကြီးပါ။ (မေးမြန်းချင်သူများ ဘက်ကလည်း လွတ်လပ်စွာ
ဆွေးနွေးနိုင်ပါတယ်။)
၃။
နောက်ထပ်သဗညုတဥာဏ်ရနိုင်တဲ့သူမရှိတော့ဘူးလား။
သဗ္ဗညုတ ဉာဏ်က လူသားတိုင်း ရနိုင်တဲ့
အခွင့်အရေးရှိပါတယ်။ ဆိုလိုတာက လူတိုင်းဟာ သမ္မတ ဖြစ်နိုင်ပေမယ့်- လူတိုင်းမှာ
Constitution (ဖွဲ့စည်းပုံ) ရေးဆွဲခွင့်ရ သမ္မတ ဖြစ်ချင်မှ ဖြစ်နိုင်တာပါ။
ဖွဲ့စည်းပုံဟာ ခိုင်မာနေပြီ ဆိုရင် နောက်ထပ်ရေးသားနေဘို့ လိုမှ မလိုတာ။
ဒေသိကဆိုင်ရာ ပေါ်လစီတွေလောက်ပဲ လိုမှာပေါ့။ (ကြုံလို့ပါ- ကိုယ်တော် ဂေါတမကလည်း
သူတစ်ဦးတည်းသာ သဗ္ဗညုတ ဉာဏ်ကို ရခွင့်ရှိတယ်လို့ မပြောခဲ့ဘူးနော်- သူနဲ့ အယူမတူတဲ့
သူ့ အတိုက်အခံ သမဏ၊ ဗြဟ္မဏ တွေမှာလည်း သဗ္ဗညုတ ဉာဏ်ရခွင့်ရှိတယ်လို့ ၀န်ခံထားပါတယ်။
မ၊ မြန်၊ ၂ ကဏ္ဏတတ္ထလသုတ်)
၎။ ရနိုင်သေးတယ်ဆိုရင်
ခုဖြေကြးပေးနေသူက ဘာလို့မရတာလဲ။
အချိန်မရောက်သေးလို့ပါ။
၅။ အလ္လာဟ်ကလူတွေကို
နိဗာန်ကိုတန်းပေးလိုက်လို့ မရဘူးလား။
လူတွေကို နိဗ္ဗာန်ကို တန်းပေးလိုက်တာပဲ။ လူမဖြစ်သေးတဲ့ (လူဖြစ်ပိုင်ခွင့်ရှိ) သတ္တ၀ါ တွေက ဆင်းပြေးလာတာပါ။
(ဆင်းပြေးတယ် သုံးလိုက်လို့ နိဗ္ဗာန်က အမြင့်မှာ လူပြည်က အောက်အနိမ့်မှာလို့ မြေပြင်သဘော အနိမ့်အမြင့်ကို မမြင်ယောင်စေလိုပါ။)
လူတွေကို နိဗ္ဗာန်ကို တန်းပေးလိုက်တာပဲ။ လူမဖြစ်သေးတဲ့ (လူဖြစ်ပိုင်ခွင့်ရှိ) သတ္တ၀ါ တွေက ဆင်းပြေးလာတာပါ။
(ဆင်းပြေးတယ် သုံးလိုက်လို့ နိဗ္ဗာန်က အမြင့်မှာ လူပြည်က အောက်အနိမ့်မှာလို့ မြေပြင်သဘော အနိမ့်အမြင့်ကို မမြင်ယောင်စေလိုပါ။)
0 comments:
Post a Comment