မဇင်သူမင်းနှင့် ဦးဌေးလွင်ဦးတို့ရဲ့ ဘာသာရေးနောက်ဆက်တွဲ
ဆွေးနွေးချက်လေးတွေကို အချိန်ရသလောက် ထပ်ဆင့် မျှဝေ ပေးလိုက်ပါတယ်...
အမေး အဖြေ (၈)
ရဲ့
နောက်ဆက်တွဲ ဆွေးနွေးချက်များ-
မဇင်သူမင်း
စိတ်ရှည်လက်ရှည်
ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦး။ ဟုတ်ကဲ့ကျွန်မ နားလည်ထားတဲ့အမြင်ကို
ရိုးသားစွာ တင်ပြ ပါရစေ။
၁) “၀ိပဿနာမှာ မတူညီတဲ့ နှလုံးသွင်းမှု” ဆိုတာက ဦးပြောတဲ့ နိဗ္ဗာန်အယူအဆဟာ “ဘာမှမရှိဖို့” ကိုပဲ ဦးတည် နေတယ် လို့ထင်လို့ပါ။ “ဒါဟာ စကားလုံးမဲ့ နယ် ဖြစ်နေတယ်။ ဒါကို သန္တိသုခ အစ္စလာမ်အခေါ် ဆလာမတ် လို့ခေါ်ပါတယ်။ အေး ငြိမ်းပီတိရသ သဘောလို့ ပြောနိုင်ပါမယ်။- ငါ ဆိုတာ လုံးဝ ပျောက်နေတော့- စကားလုံးက ဂိတ်ဆုံး နေပါတယ်။” ဆိုတဲ့ အဆင့်ကို ကျွန်မ ရောက်ဖူးပြီးပါပြီ ဦး။ အဲတာ “နိဗ္ဗာန်” မဟုတ်သေးပါ။ “နိဗ္ဗာန်” မရောက်ခင် အတုအရောင်အဆင့် (မဂ်တု ၁၀ခု) ရှိပြီး လူတစ်ယောက်နှင့် တစ်ယောက် တွေ့ရှိပုံချင်း မတူကြပါ။ ဆရာတူတပည့် အချင်းချင်းတောင် မတူပါ။ မဂ်အစစ် ဆို ဖိုလ်ဝင်စား (“နိဗ္ဗာန်” ကိုစိတ်ညွှတ်) လို့ အချိန်မရွေးရပါတယ်။ ကျွန်မက ကျမ်းစာတွေမသိတော့ ကျွန်မ နားလည် သလိုပဲ ရေးပါရစေ။ “နိဗ္ဗာန်” ဆိုတာ မြဲတဲ့ နာမ်လောကပါ။ အထင်အရှားရှိတဲ့ သဘောတရား = ပရမတ္တ္တတရား (၄) ပါး မှာ လောက နှစ်ခုရှိပါတယ်။ ပရမတ္တ္တတရား (၃) ပါး (စိတ်၊ စေတသိတ်၊ ရုပ်) အကျဉ်းချုံးရင် နာမ်၊ ရုပ် = မမြဲတဲ့လောက (သင်္ကတ) ဖြစ်ပြီး ကျန် (၁) ပါးက “နိဗ္ဗာန်” = မြဲတဲ့လောက (အသင်္ကတ)။ ကျွန်မတို့ နေနေတဲ့ လောကဟာ မမြဲတဲ့ လော က၊ ကျွန်မတို့ရဲ့ ရုပ်ရော၊ နာမ်ရော မမြဲပါ။ လူတစ်ယောက် မွေးဖွား၊ အိုမင်း၊ သေဆုံးတာကအစ။ လူကိုယ်တွင်းက ဆဲလ် တစ်ခု မွေးဖွား၊ အိုမင်း၊ သေဆုံး တာရော။ လူရဲ့ စိတ်တစ်ခု မွေးဖွား၊ အိုမင်း ၊သေဆုံးတာအဆုံး ဘယ်အရာမှမမြဲလို့ အနိစ္စ။ လူတစ်ယောက်ရဲ့ကိုယ်နဲ့စိတ်ဟာ မမြဲတာကြောင့် ပြုပြင်ထိန်းသိမ်းနေရလို့ ဆင်းရဲခြင်း = ဒုက္ခ (ဥပမာနဲ့ပြောရရင် လူမှာ ဆို ရုပ်အဆင်းနုပျိုခြင်းဟာ မမြဲတာကြောင့် ပြုပြင်ထိန်းသိမ်းရသလို၊ ကျန်းမာခြင်းဟာမမြဲတာကြောင့် ဆေးမှီဝဲရပါတယ်၊ အရာဝတ္ထုတွေ၊ အသုံးအဆောင်တွေကလည်း ဟောင်းနွမ်းလာလို့ ပြုပြင်ရ အစားဝယ် ရပါတယ်၊ ဒီကြားထဲ အကြောင်း အမျိုးမျိုးကြောင့် ပျက်ဆီးဆုံးရှုံးတာ တွေလဲရှိပါတယ် စဉ်းစားကြည့်မယ်ဆို အများကြီးရှိပါတယ်။ ဒီလိုမမြဲခြင်းတွေကို လက်မလည်အောင် လိုက်ပြီး ပြုပြင်ထိန်းသိမ်း နေရတာကြောင့် ဒုက္ခ လို့ခေါ်ပါတယ်။) ဒီလောကမှာ ကိုယ်ဖြစ်ချင်သလို မဖြစ်လို့ အနတ္တ = အစိုးမရခြင်းလို့ဆိုပါတယ်။ ဒီလောကက အနိစ္စ ဒုက္ခ အနတ္တ ပါ။ “နိဗ္ဗာန်” လောကကိုသွားဖို့က သစ္စာ (၄) ပါး သိဖို့လိုပါတယ်။ လူတစ်ယောက်အဖြစ် မွေးဖွားလာစေတဲ့ အရင်ဘဝကပြုလုပ်ခဲ့သော (အကြောင်း) ကို “သမုဒယ သစ္စာ” လို့ ခေါ်သလို မွေးဖွားပြီးမသေခင်ထိ ထိုသူ “ပြုလုပ်” သမျှကိုလည်း (အကြောင်း) “သမုဒယသစ္စာ” လို့ခေါ်ပါ တယ်။ အခုလူဖြစ်နေတာက “ဒုက္ခသစ္စာ” (အကျိုး) ပါပဲ။ လူဖြစ်ပြီးပြုလုပ်နေတဲ့ (အကြောင်း) တွေက သေပြီးနောက် ဘဝ မှာ (အကျိုး) ရမှာဖြစ်ပါတယ်။ ဒါကြောင့် “သမုဒယသစ္စာ” ကြောင့် “ဒုက္ခသစ္စာ” ဖြစ်တယ်ပေါ့။ ဒီလိုမွေးဖွားပြီး သေဆုံး လိုက်၊ သေဆုံးပြီး တဖန် မွေးဖွားလိုက် ဖြစ်နေတာကို သံသရာလည်တယ်လို့ ခေါ်ပါတယ်။ “သမုဒယ သစ္စာ” နဲ့ “ဒုက္ခ သစ္စာ” က သံသရာလည် စေတဲ့သစ္စာ (၂) ပါး ဖြစ်ပါတယ်။ ကျန်တဲ့ သစ္စာ (၂) ပါး ကတော့ လည်နေတဲ့သံသရာကို ဖြတ် မှာ ဖြစ်ပြီး တရားရှုဖို့ လိုပါတယ်။ တခြားမဟုတ်ပါ ဦးပြောသလိုဖြစ်လာတဲ့ ရှေ့စိတ်ကို “သတိ” ဆိုတဲ့ နောက်စိတ်နဲ့ရှုတာ ပါ။ ရှေ့စိတ်တွေ ပျက်သွားတိုင်း နောက်စိတ်ကသိတဲ့အတွက် မမြဲတဲ့သဘောကို စာတွေ့မဟုတ်ဘဲလက်တွေ့ မြင်လာရင် “ဒုက္ခသစ္စာ= ဒုက္ခဖြစ်ကြောင်းအမှန်” ကိုနားလည်ပါပြီ၊ မမြဲတဲ့သဘောတွေ မရှိတော့တဲ့အခါတိုင်းကို လိုက်သိပေးနေတဲ့ “သတိ” က “မဂ္ဂသစ္စာ” ပါ (နိဗ္ဗာန်ကို ရောက်စေတဲ့စိတ်ပါ)၊ “မဂ္ဂသစ္စာ” ရဲ့ အစွမ်းကတော့ မွေးဖွားပြီး သေဆုံးလိုက်၊ သေဆုံးပြီး တဖန် မွေးဖွားလိုက် ဖြစ်စေတဲ့ (အကြောင်း) “သမုဒယသစ္စာ” ကိုအဆုံးသတ်ပြီး၊ အမြဲထာဝ ရရှိတဲ့ နိဗ္ဗာန်= “နိရောဓသစ္စာ” ကိုပို့ပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက မဂ္ဂင် (၈) ပါးစုံပြီး ဥာဏ်စဉ် (၁၆) ထိရောက်မှ “မဂ္ဂသစ္စာ” အစစ်ဖြစ်ပြီး နိဗ္ဗာန်= “နိရောဓသစ္စာ” အစစ်ကိုမြင်မှာပါ။ ဒါတောင် ပထမ“ မဂ်” ကိုပဲရသေးတာပါ။
၁) “၀ိပဿနာမှာ မတူညီတဲ့ နှလုံးသွင်းမှု” ဆိုတာက ဦးပြောတဲ့ နိဗ္ဗာန်အယူအဆဟာ “ဘာမှမရှိဖို့” ကိုပဲ ဦးတည် နေတယ် လို့ထင်လို့ပါ။ “ဒါဟာ စကားလုံးမဲ့ နယ် ဖြစ်နေတယ်။ ဒါကို သန္တိသုခ အစ္စလာမ်အခေါ် ဆလာမတ် လို့ခေါ်ပါတယ်။ အေး ငြိမ်းပီတိရသ သဘောလို့ ပြောနိုင်ပါမယ်။- ငါ ဆိုတာ လုံးဝ ပျောက်နေတော့- စကားလုံးက ဂိတ်ဆုံး နေပါတယ်။” ဆိုတဲ့ အဆင့်ကို ကျွန်မ ရောက်ဖူးပြီးပါပြီ ဦး။ အဲတာ “နိဗ္ဗာန်” မဟုတ်သေးပါ။ “နိဗ္ဗာန်” မရောက်ခင် အတုအရောင်အဆင့် (မဂ်တု ၁၀ခု) ရှိပြီး လူတစ်ယောက်နှင့် တစ်ယောက် တွေ့ရှိပုံချင်း မတူကြပါ။ ဆရာတူတပည့် အချင်းချင်းတောင် မတူပါ။ မဂ်အစစ် ဆို ဖိုလ်ဝင်စား (“နိဗ္ဗာန်” ကိုစိတ်ညွှတ်) လို့ အချိန်မရွေးရပါတယ်။ ကျွန်မက ကျမ်းစာတွေမသိတော့ ကျွန်မ နားလည် သလိုပဲ ရေးပါရစေ။ “နိဗ္ဗာန်” ဆိုတာ မြဲတဲ့ နာမ်လောကပါ။ အထင်အရှားရှိတဲ့ သဘောတရား = ပရမတ္တ္တတရား (၄) ပါး မှာ လောက နှစ်ခုရှိပါတယ်။ ပရမတ္တ္တတရား (၃) ပါး (စိတ်၊ စေတသိတ်၊ ရုပ်) အကျဉ်းချုံးရင် နာမ်၊ ရုပ် = မမြဲတဲ့လောက (သင်္ကတ) ဖြစ်ပြီး ကျန် (၁) ပါးက “နိဗ္ဗာန်” = မြဲတဲ့လောက (အသင်္ကတ)။ ကျွန်မတို့ နေနေတဲ့ လောကဟာ မမြဲတဲ့ လော က၊ ကျွန်မတို့ရဲ့ ရုပ်ရော၊ နာမ်ရော မမြဲပါ။ လူတစ်ယောက် မွေးဖွား၊ အိုမင်း၊ သေဆုံးတာကအစ။ လူကိုယ်တွင်းက ဆဲလ် တစ်ခု မွေးဖွား၊ အိုမင်း၊ သေဆုံး တာရော။ လူရဲ့ စိတ်တစ်ခု မွေးဖွား၊ အိုမင်း ၊သေဆုံးတာအဆုံး ဘယ်အရာမှမမြဲလို့ အနိစ္စ။ လူတစ်ယောက်ရဲ့ကိုယ်နဲ့စိတ်ဟာ မမြဲတာကြောင့် ပြုပြင်ထိန်းသိမ်းနေရလို့ ဆင်းရဲခြင်း = ဒုက္ခ (ဥပမာနဲ့ပြောရရင် လူမှာ ဆို ရုပ်အဆင်းနုပျိုခြင်းဟာ မမြဲတာကြောင့် ပြုပြင်ထိန်းသိမ်းရသလို၊ ကျန်းမာခြင်းဟာမမြဲတာကြောင့် ဆေးမှီဝဲရပါတယ်၊ အရာဝတ္ထုတွေ၊ အသုံးအဆောင်တွေကလည်း ဟောင်းနွမ်းလာလို့ ပြုပြင်ရ အစားဝယ် ရပါတယ်၊ ဒီကြားထဲ အကြောင်း အမျိုးမျိုးကြောင့် ပျက်ဆီးဆုံးရှုံးတာ တွေလဲရှိပါတယ် စဉ်းစားကြည့်မယ်ဆို အများကြီးရှိပါတယ်။ ဒီလိုမမြဲခြင်းတွေကို လက်မလည်အောင် လိုက်ပြီး ပြုပြင်ထိန်းသိမ်း နေရတာကြောင့် ဒုက္ခ လို့ခေါ်ပါတယ်။) ဒီလောကမှာ ကိုယ်ဖြစ်ချင်သလို မဖြစ်လို့ အနတ္တ = အစိုးမရခြင်းလို့ဆိုပါတယ်။ ဒီလောကက အနိစ္စ ဒုက္ခ အနတ္တ ပါ။ “နိဗ္ဗာန်” လောကကိုသွားဖို့က သစ္စာ (၄) ပါး သိဖို့လိုပါတယ်။ လူတစ်ယောက်အဖြစ် မွေးဖွားလာစေတဲ့ အရင်ဘဝကပြုလုပ်ခဲ့သော (အကြောင်း) ကို “သမုဒယ သစ္စာ” လို့ ခေါ်သလို မွေးဖွားပြီးမသေခင်ထိ ထိုသူ “ပြုလုပ်” သမျှကိုလည်း (အကြောင်း) “သမုဒယသစ္စာ” လို့ခေါ်ပါ တယ်။ အခုလူဖြစ်နေတာက “ဒုက္ခသစ္စာ” (အကျိုး) ပါပဲ။ လူဖြစ်ပြီးပြုလုပ်နေတဲ့ (အကြောင်း) တွေက သေပြီးနောက် ဘဝ မှာ (အကျိုး) ရမှာဖြစ်ပါတယ်။ ဒါကြောင့် “သမုဒယသစ္စာ” ကြောင့် “ဒုက္ခသစ္စာ” ဖြစ်တယ်ပေါ့။ ဒီလိုမွေးဖွားပြီး သေဆုံး လိုက်၊ သေဆုံးပြီး တဖန် မွေးဖွားလိုက် ဖြစ်နေတာကို သံသရာလည်တယ်လို့ ခေါ်ပါတယ်။ “သမုဒယ သစ္စာ” နဲ့ “ဒုက္ခ သစ္စာ” က သံသရာလည် စေတဲ့သစ္စာ (၂) ပါး ဖြစ်ပါတယ်။ ကျန်တဲ့ သစ္စာ (၂) ပါး ကတော့ လည်နေတဲ့သံသရာကို ဖြတ် မှာ ဖြစ်ပြီး တရားရှုဖို့ လိုပါတယ်။ တခြားမဟုတ်ပါ ဦးပြောသလိုဖြစ်လာတဲ့ ရှေ့စိတ်ကို “သတိ” ဆိုတဲ့ နောက်စိတ်နဲ့ရှုတာ ပါ။ ရှေ့စိတ်တွေ ပျက်သွားတိုင်း နောက်စိတ်ကသိတဲ့အတွက် မမြဲတဲ့သဘောကို စာတွေ့မဟုတ်ဘဲလက်တွေ့ မြင်လာရင် “ဒုက္ခသစ္စာ= ဒုက္ခဖြစ်ကြောင်းအမှန်” ကိုနားလည်ပါပြီ၊ မမြဲတဲ့သဘောတွေ မရှိတော့တဲ့အခါတိုင်းကို လိုက်သိပေးနေတဲ့ “သတိ” က “မဂ္ဂသစ္စာ” ပါ (နိဗ္ဗာန်ကို ရောက်စေတဲ့စိတ်ပါ)၊ “မဂ္ဂသစ္စာ” ရဲ့ အစွမ်းကတော့ မွေးဖွားပြီး သေဆုံးလိုက်၊ သေဆုံးပြီး တဖန် မွေးဖွားလိုက် ဖြစ်စေတဲ့ (အကြောင်း) “သမုဒယသစ္စာ” ကိုအဆုံးသတ်ပြီး၊ အမြဲထာဝ ရရှိတဲ့ နိဗ္ဗာန်= “နိရောဓသစ္စာ” ကိုပို့ပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက မဂ္ဂင် (၈) ပါးစုံပြီး ဥာဏ်စဉ် (၁၆) ထိရောက်မှ “မဂ္ဂသစ္စာ” အစစ်ဖြစ်ပြီး နိဗ္ဗာန်= “နိရောဓသစ္စာ” အစစ်ကိုမြင်မှာပါ။ ဒါတောင် ပထမ“ မဂ်” ကိုပဲရသေးတာပါ။
-“ဘာမှမရှိဖို့”၊ “ဘုံ (ဘ၀ အတွက်
နေရာ) ဆိုတာ မရှိတော့တဲ့ အဆင့်” ဖြစ်ဖို့ မဟုတ်ပါ ဦး။ မမြဲတဲ့လောက(သင်္ကတ) ရဲ့ ဒုက္ခဖြစ်ကြောင်းအမှန်ကိုတွေ့ရှိပြီး
မမြဲတဲ့လောက ကနေလွတ်မြောက်အောင်
ကြိုးစားအားထုတ်လို့ တခြားလောက ဖြစ်တဲ့ အမြဲထာဝရ “နိဗ္ဗာန်” (အသင်္ကတ)ကိုရတာပါ။
၂) “လက်ရှိအခြေအနေ
အနေနဲ့ လွဲချော်နေတာတွေ၊ ရှေးတစ်မျိုး နောက်တစ်မျိုး ဖြစ်နေတာတွေ အများကြီး
တွေ့နေရပါ တယ်။” မှန်ပါတယ် ဦး။ စာတွေဟာ ဂေါတမကိုယ်တိုင်ရေးတာမဟုတ်လို့
ရှေ့၊ နောက်လွဲရုံနဲ့ မှားမယ်လို့ အတိအကျ မပြောနိုင်ပါ။ ဟုတ်နေရင် အမှန်တရားကို
မသိလိုက်ဘူးဖြစ်သွားမှာပါ။ ဒါကြောင့် ကျွန်မ ရဟန္တာဆရာတော်တစ်ပါးရဲ့ ကျင့်စဉ်ကိုပဲ
အားထုတ်ခဲ့ပြီး ပထမ မဂ်ကိုရရှိခဲ့ပါတယ်။ ဆရာတော်က တစ်နာရီခြားတစ်ခါ တရား ထိုင်ခိုင်းပါတယ်။
ထိုင်ပြီးတိုင်းတရားစစ်ပြီး တရားရှုတာမှားရင်ပြင်ပေးပါတယ်။ တစ်နေ့ကို (၇) ကြိမ်
တရားထိုင်ရပြီး (၁၅) ရက် ကျင့်ခဲ့ပါ တယ်။ ဦးပြောတဲ့ ဂါထာရွတ်တဲ့ ဥပမာလိုပါပဲ
“အဲ့ဒီ စိတ်ပါဝါဟာ အခြားသော
လောကသဘောတရားကို ဆွဲယူပစ်နိုင်ပါ တယ်။” ခဏတာရွတ်ရုံနဲ့ ဒီလိုလုပ်နိုင်ရင် “နိဗ္ဗာန်” (အသင်္ကတ) ဆိုတဲ့ ထာဝရလောကကို ရောက်ဖို့
ဒီထက်ပါဝါလိုတာ ပေါ့ဦး။ နောက်ပိုင်းရက်တွေမှာ တစ်နေ့ကို (၉) ကြိမ်ထိထိုင်ပြီး
ပါဝါမြှင့်ရပါတယ်။
၃) “အရာအားလုံးဟာ
ပရမတ်ဘုရားဆီမှ စ ခဲ့ခြင်း ဖြစ်ပြီး ပရမတ်ဘုရားရှင်ဆီ ပေါင်းဆုံသွားဘို့ပါပဲ။
(ဆိုလိုတာက သင်္က တနဲ့ ဖေါ်ပြလို့ မရနိုင်တဲ့ အသင်္ကတ ဓါတ် တစ်ခု ဖြစ်သွားဘို့ပါပဲ)” ဗုဒ္ဓဘာသာမှာကတော့
ပရမတ်က ဘုရားမဟုတ်ပဲ “နိဗ္ဗာန်” ဆိုတဲ့ ပရမတ္တတရား ပါဦး။ စကားထဲအမှားပါရင်ခွင့်လွှတ်ပါနော်
ဦး။
၎)
ကျွန်မတွေ့ခဲ့တဲ့သက်သေကတော့
(၁၅)ရက်ပြည့်ပြီးတဲ့အခါ မြတ်စွာဘုရားကို “တပည့်တော်သည် သောတာ ပတ္တိဖိုလ် (သောတာပန်)
ကိုရရှိပြီးရင် ယခုတရားထိုင်နေစဉ်တစ်နာရီအတွင်း အသုဘဖြစ်ပါစေလို့” တိုင်တည်ရပါတယ်။
ထိုင်နေစဉ်မှာပဲ ကျွန်မရဲ့ခြေထောက်တွေဟာ လူသေလိုအေးစက်ပြီး လေးလံလာပါတယ်။
အေးစက်မှုက ခါးထိတက်လာ ပြီး ကျွန်မရဲ့ကျောရိုးကတောင့်လာကာ အနောက်ကိုဆွဲလှန် ပါတော့တယ်။
ကျွန်မ ပက်လက်လှန် အနေအထားဖြစ်ပြီး သတိလစ် သွားပါတယ်။ တစ်နာရီပြည့်တော့
သတိပြန်လည်လာပါတယ်။ စမ်းသပ်မှုက (၅) မျိုးလောက် လုပ်ရပါတယ်။ ဦးကြိုက်နှစ်သက်သလိုလဲ
စမ်းလို့ရပါတယ်။ ကျွန်မထိုင်ခဲ့တာက (၁၅) ရက် အမြန်စခန်းပါ။ “ဒီလို မျက်တွေ့နဲ့ စုံစမ်းလို့ ရ တဲ့ အရာများမှာတောင်
လွဲချော်နေမယ် ဆိုရင်---၊ အဲ့ဒီ လူက ပြောပါတယ် ဆိုတဲ့ မမြင်နိုင်တဲ့- ဟိုဘက်ကမ္ဘာ၊
ဟိုဘက် ဘ၀က အရာများကို ဘယ်လိုလုပ် စိတ်ချလက်ချ ယုံကြည်နိုင်မလဲ။--” အကယ်လို့ ဦး အရင်ဘဝ၊ ငရဲဘုံ၊ နတ်ဘုံ တို့ မြင် ချင်ရင်တော့
ရက် (၆၀) စခန်း ရှိပါတယ်။ အဲဒီမှာ ဦးကိုယ်တိုင်မြင်ရမှာပါ။ အမှန်တရား
ဟုတ်မဟုတ်ကို စမ်းသပ်ပြီးမှ “ဘာသာတစ်ခုအဖြစ် ဆက်လက်ခံယူခြင်း မပြုလည်း” နောက်မကျသေးပါဘူး ဦး။
ကျွန်မရေးထားတာတွေကိုလဲ ကျမ်းနဲ့ မကိုက်ပဲ လွဲနေတယ်လို့တော့ မပြောပါနဲ့နော် ဦး
ကျွန်မခေါင်းထဲကအရာတွေကို လက်တန်းပြောနေလို့ပါ။ ရွှင်လန်းချမ်းမြေ့ ပါစေ ဦး။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
သမီးပြောပြတဲ့ သမီး အတွေ့အကြုံတွေကို
ဦးလက်ခံနိုင်ပါတယ်။
၁) သမီးတင်ပြတဲ့ နိဗ္ဗာန်ဆိုတာ
မြဲနေတဲ့ နာမ်သဘောတရား ဆိုတဲ့ အယူက စတုဘုံမိက ငှက်တွင်းဂိုဏ်းရဲ့ ရှင်းလင်းမှုနဲ့
ဆင်တူပါတယ်။- စကားလုံးနဲ့ တတ်အားသမျှသာ ပုံဆောင်နိုင်တာမို့- ဦးနားလည်နိုင်ပါတယ်။
ကျင့်စဉ်တွေကို အမည်နာမ ပေးတာကတော့- ဘာသာတစ်ခုနဲ့ တစ်ခု ဘာသာစကား မတူနိုင်တာမို့-၊
ဒါကိုလည်း နားလည်နိုင်ပါတယ်။ ဆရာတွေ မတူ သလို နည်းစနစ်လည်း မတူညီနိုင်ဘူး ဆိုတဲ့
အချက်ကလည်း သဘာဝ ကျပါတယ်။ သမီးကို မေးစရာလေး တစ်ခုတော့ ရှိတယ်။
(သံသရာကို ဖြတ်တယ်- ဆိုတာနဲ့ ရှိနေတဲ့
ဘ၀ကို မရှိအောင် လုပ်လိုက်တယ် ဆိုတာ ဘယ်လိုများ ကွာခြားမှု ရှိနေတယ် လို့
သမီးထင်မိပါသလဲ။)
မမြဲတဲ့ လောက ဆိုတာ ဘာကို ခေါ်ပါသလဲ။
(သံသရာမှာ ကျက်စားနေတဲ့ ဘ၀များကို ခေါ်ခြင်း မဟုတ်ပါလား)။ ဘ၀ များ ဆိုတာက ဘုံတစ်ခုခု
ပေါ်တည်မှီမှ ဘ၀ တစ်ခုခု ဆိုတာ ဖြစ်ရတာ မဟုတ်ပါလား။ သမီး ဆင်ခြင်ကြည့်ပါ။- ပြီးမှာ
သမီး ဆို လိုတဲ့ နိဗ္ဗာန်နဲ့ ဦးပြောတဲ့ နိဗ္ဗာန် ဘယ်လိုများ ကွာခြားသလဲ ဆက်ပြီး
သိလိုပါတယ်။
၂) သမီးတင်ပြတဲ့ အချက်ကလည်း သမီး
ဆုံတွေ့တဲ့ ဆရာတစ်ပါးပါးရဲ့ နည်းဖြစ်လို့ ဦး စောဒက မတက်လိုပါ။ မွတ်ဆလင် မှာလည်း
ကာဒရီယာ ကျင့်စဉ်၊ ကျက်ရှ်တီယာ ကျင့်စဉ်၊ ဖေရ်ဒေါင်စီယာ ကျင့်စဉ်၊ နာ့ရှ်ဘန်ဒီယာ
ကျင့်စဉ်၊ အတာ့တ် ဆီ ယာ ကျင့်စဉ် ဆိုပြီး- ထင်ရှားတဲ့ ဆရာတော်ကြီးများရဲ့
အမည်နာမများနဲ့ ကျင့်စဉ်တွေ နာမည်ကြီးပါတယ်။ သူတို့တွေထဲ မှာ- မြေးလျှိုး မိုးပျံ
အဆင့်တွေလည်း အများကြီးပါ။ အံ့သြဘွယ်တွေကို ပြသနိုင်တာ ဦးလက်တွေ့တွေ
ကြုံဘူးပါတယ်။ နောက်ဆုံး သမီး လေ့လာလိုရင် အဲ့ဒီ ကျင့်စဉ်တွေထဲက
ပေါက်မြောက်ခဲ့သူတွေ သေသွားပြီး သချိုင်းမြေစာပုံ တောင် ဘယ်လောက် တန်ခိုးပြနေတယ်
ဆိုတာမျိုး- ဦး လက်တွေ့ ပို့ပေးနိုင်ပါတယ်။ အဝေးကြီး မဟုတ်ပါ။ သမီး ရန်ကုန်ကို
ပြန် ဖြစ်ရင် ဦးကို အကြောင်းကြားပါ။ သမီး သွားကြည့်လို့ရအောင် ဦး လိပ်စာ အတိအကျ
ပေးပါမယ်။ -- ဒါတွေနဲ့ ပတ်သက်ပြီး ဦး အများကြီး လေ့လာဘူးပါတယ်။- မယုံလို့လည်း
စပ်စုဘူးတယ်။ (ဒီအကြောင်းအရာများက ဘာတွေလဲဆိုတာ သီးခြား ဆွေးနွေးရမယ် ထင်ပါတယ်။)
၃) “အရာအားလုံးဟာ ပရမတ်ဘုရားဆီမှ စ
ခဲ့ခြင်း ဖြစ်ပြီး ပရမတ်ဘုရားရှင်ဆီ ပေါင်းဆုံသွားဘို့ပါပဲ။ (ဆိုလိုတာက သင်္ကတနဲ့
ဖေါ်ပြလို့ မရနိုင်တဲ့ အသင်္ကတ ဓါတ် တစ်ခု ဖြစ်သွားဘို့ပါပဲ)” ဗုဒ္ဓဘာသာမှာကတော့ ပရမတ်က ဘုရား မဟုတ်
ပဲ “နိဗ္ဗာန်”ဆိုတဲ့ ပရမတ္တတရား ပါဦး။ စကားထဲအမှားပါရင်ခွင့်လွှတ်ပါနော်
ဦး။
ဒီအချက်ကတော့- သမီး နားလည်သလို ခဏ
ထားပေးပါ။ ပိဋကတ်မှာတော့ ပရမတ်ဘုရားဟာ အဓိက သော့ချက် ဖြစ် တယ်လို့ ဦးတွေ့ထားတယ်။
အချို့သော ဆရာတော်ကြီးများကလည်း ၀န်ခံဘူးတယ်၊ သဲအင်းဂူဆရာတော်လည်း ရင့်ကျူး
ဘူးပါတယ်။
၎) သမီးပြောတဲ့ အရာများ အားလုံး
ဖြစ်နိုင်ခြေ ရှိပါတယ်။- ဒါတွေက ဘာသာတရား မဟုတ်သေးဘူးလို့ ဦးပြောလို ပါ တယ်။
ဘာကြောင့်လဲ ဆိုတော့ ဒါတွေဟာ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် သုံးမျိုးလုံးမှာ
တွေ့နေရတဲ့ ၀ိပဿနာ ဂိုဏ်းများရဲ့ ဖွင့်ဆိုချက်၊ စိတ်ကူးပုံရိပ်၊ ကျင့်စဉ်တစ်ခုမှာ
ဖြတ်သန်းတွေ့ရှိရတဲ့ စက္ခုအာရုံ အမြင်များ ဖြစ်ပါတယ်။ ဒါတွေဟာ ဘာသာ တရား
တစ်ခုမဟုတ်ပါ။ ကျင့်စဉ်တစ်ရပ်မှာ သူ့အဆင့်နဲ့သူ ရရှိလာတဲ့ စိတ်ပါဝါအင်အားများက
အခြားသူများ မမြင်နိုင်တာ ကို မြင်လာနိုင်တဲ့ အဆင့်များပါ။ ဥပမာပေးရရင်- ဒါတွေဟာ
သိုင်းပညာကို နက်နက်ရှိုင်းရှိုင်း လိုက်စားလာသူ တစ်ဦးရဲ့ ပုံစံ မျိုး- ခါးပတ်ဖြူ၊
ခါးပတ်ဝါ၊ ခါးပတ်နီ၊ ခါးပတ်နက်၊ ခါးပတ်နက်လွန်---- စတဲ့ အဆင့်မျိုးများ ဖြစ်ပါတယ်။
သမီးဟာ ဘယ် ဘာသာကိုမှာ လက်မခံဘဲ-၊ ကိုယ်ပိုင်ကျင့်စဉ် တစ်ခုခုကို ကျင့်ရင်လည်း
ဒါတွေကို ကြုံတွေ့လာရမှာပါ။ ဒါပေမယ့် ဘေးက ဆရာမရှိရင်- အခု ငါတွေ့တဲ့ အဆင့်၊ ငါရောက်တဲ့
အဆင့်ဟာ ဘာလဲ ဆိုတာ မသိဘဲ ယောင်ချာချာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လူတွေက
အလွယ်လိုက်ပြီး ကိုယ့်ထက်အရင် ကျင့်ဘူးသူကို ဆရာတင်နေတဲ့ သဘောမျိုးသာ ဖြစ်ပါတယ်။
နောက်တစ်ခုက ဆရာမရှိရင်-- စိတ်မခိုင်သူများ ရူးနိုင်တဲ့ သဘောလည်း ရှိပါတယ်။
ဒါကြောင့် ဆရာရှာပြီး စိတ်ပါဝါကို လေ့ကျင့်တဲ့ ကျင့်စဉ်များ ဖြစ်တယ်လို့
ဦးသုံးသပ်ပါတယ်။
ဦးအတွေ့အကြုံအရ- ဦးတို့ရဲ့ ဆရာဟာ
တစ်ပြိုင်နက်မှာ ကိုယ်တွေအများကြီး ခွဲနိုင်တဲ့ အဆင့်ထိ ရှိနေခဲ့တယ်။ ဆိုလိုတာ က
မွတ်ဆလင်ကျင့်စဉ်- တစ်ခုမှာ တရားကျင့်မယ့် လူဟာ (၁) ပထမအဆင့် သုံးရက် အမှောင်ပိတ်
မြေခမ်းထဲမှာ နေရ တယ်၊ သူဘာကို စိတ်မှာ မှတ်နေရမယ်ဆိုတာကို အစပိုင်းက အပြင်မှာ
လေ့ကျင့်ပေးထားတယ်၊ မြေခန်းဝင်ပြီ ဆိုရင် သူ့ကို တစ်နေ့မှာ ရေနွမ်းကြမ်းတစ်ခွက်နဲ့
ထမ်းလျှက်တစ်ခဲပဲ ကျွေးမယ်။ သူ့အခန်းကို အပြင်က လူဝင်မရအောင် သော့ကို အတွင်းက
ပိတ်ထားရတယ်။ ရေနွေး ထမ်းလျှက် ပို့ပေးမယ့်သူက ပန်းကန်လေး ထုတ်သွင်းလို့ရတဲ့
အပေါက်လေးက ထုတ်သွင်းပေးတယ်။ အဲ့ဒီလို ထုတ်သွင်းပေးစဉ်မှာ အသံလုံးဝ မထွက်ရပါ။
မြေခန်းထဲက လူကို ဘာသံမှ မကြားရအောင် အခန်းလုပ်ပေးထားခြင်း ဖြစ်တယ်။ (၂) အဲ့ဒီ
အဆင့်အောင်သွားရင် ဒုတိယ အကြိမ်မှာ ၅ ရက် (၃) တိယအကြိမ်မှာ ၇ ရက်--- ဒီလိုနဲ့
ရက်ပေါင်း ၄၀ ပြည့်တဲ့ အဆင့်ထိ သူ့အတိုင်းအဆနဲ့ သူ ရက်ကို တိုးပေးသွား တယ်။
ဦးတို့ ကျင့်ခဲ့စဉ်က အခန်း ၁၂ ခန်းရှိတယ်။ အံသြဘို့ ကောင်းတဲ့ အချက်တွေက--၊ (၁)
တပည့်တစ်ဦးချင်းရဲ့ မျက်နှာချင်း ဆိုင်မှာ ဆရာကြီး ရှိနေတယ်။ တရားကျင့်နေတဲ့
တပည့်တစ်ဦးချင်းစီဟာ မျက်လုံးမှိတ်ပြီး ကျင့်နေတာပါ။ အခန်းကိုယ်စီကလည်း အပြင်က
လုံးဝ ဖွင့်လို့ မရပါ။ ကျင့်နေတဲ့ တပည့်တစ်ဦးချင်းရဲ့ စိတ်အခြေအနေ၊
ကိုယ်ခန္ဓာကျမ္မာရေး အခြေအနေ အားလုံးဟာ ဆရာကြီးရှေ့မှာ ရောက်နေတယ်- ဒီတော့
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရနေပါတယ်။ (၂) သူ့အဆင့်နဲ့သူ တစ်ပည့် တစ်ဦးချင်း
စီဟာ- တစ်ဦးနဲ့တစ်ဦး အလည်သွားလို့ရတဲ့ အဆင့်တွေ ရှိတယ်။ စကားပြောနိုင်တယ်။
သီးခြား အခန်းကိုယ်စီမှာ ရှိနေ တာပါ။ (၃) သမီးပြောသလို စိတ်ကို ဆန့်ပြီး အတိတ်၊
အနာဂါတ်တွေကို ကြည့်လို့ ရလာတယ်။ (၄) ဆလာမတ် လို့ခေါ်တဲ့ လုံးဝ ငြိမ်းအေးပိတိမှု
မွေ့လျှော်နေတဲ့ အဆင့်ကို ရောက်လာရင် သူဟာ အဲ့ဒီက မပြန်ချင်တော့ဘူး။ ဒီအခါမျိုးမှာ
ဆရာကြီး က လာခေါ်ပြီး- လောကီကို ပြန်ပို့ပေးတယ်- ဒီတော့မှ သတိပြန်ဝင်သွားတယ်။
ဒါတွေကို ဦး ကိုယ်တွေ့တွေ
များခဲ့တယ်။ ဒါပေမယ့် ဦးက ဒါတွေဟာ ဘယ်လို သဘောတရားလဲလို့ စူးစမ်းပါတယ်။ တစ်
ကယ်လို့ ဦးက အဲ့ဒီ သင်တန်းမျိုးကို ပြန်လည်ပို့ချရင်ရတဲ့ အဆင့်ရှိပေမယ့်-
သူများကို ပို့ချဘို့ထက် ဒါရဲ့ ဇစ်မြစ်ကို သိလို တယ်။ ဒါဟာ ဘာသာရေးလား
ဆိုတာကိုလည်း သိလိုတယ်။ ကျန်သူအများစုကြီးကတော့ ဒီလို စပ်စုလိုစိတ် မရှိဘူး
ထင်ပါတယ်။
ဆရာကြီးကို ဦးက နှစ်ဦးချင်း
မေးမိတယ်။ ဒါဟာ ဘာသာရေးလားပေါ့။- ဆရာကြီးကတော့ ရှင်းပါတယ်။ လူတွေ အမြင်မှာ တော့
ဘာသာရေးပဲတဲ့-၊ တစ်ကယ်တော့ ဒါဟာ ဘာသာရေးရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်တယ်-
ကျင့်ချင်လည်း ရ တယ်၊ မကျင့်ချင်လည်းရတယ်။ ဒီကျင့်စဉ်ကြောင့် သိမြင်ရတာတွေဟာ သေရင်
ပါမသွားဘူးတဲ့။ ကျင့်နေစဉ်မှာ သမာဓိ အားကောင်းလာပြီး စိတ်ပါဝါ တက်လာခြင်းဖြစ်တယ်။
ဘော်လုံးကို ခြေနဲ့ထိချိန်မှာ ဘော်လုံး လွင့်သွားသလိုမျိုးသာ ဖြစ် တယ်။
ဘော်လုံးကို ခြေနဲ့ မထိတော့ရင် ဘော်လုံးက ရပ်နေမှာပဲတဲ့။ ဘာသာရေး ဆိုတာက လူတွေ၊
လူသားတွေ အတွက် ပေးဆပ်ပြီး အမှန်ကို အမှန်အတိုင်း မြင်တတ်တဲ့ အလေ့အကျင့်ကိုပဲ
သွန်သင်ပါ၊ မိမိကိုယ်တိုင် လေ့ကျင့်ဆင်ခြင်ပါတဲ့-- ဒီလိုပဲ ပြောပါတယ်။
ဒါကြောင့် ကျင့်စဉ်တစ်ရပ်ကို ဦးက
ကျင့်စဉ်တစ်ရပ်လို့ပဲ သဘောထားပါတယ်။ ဗုဒ္ဓဘာသာကျင့်စဉ်၊ အစ္စလာမ်ဘာသာ ကျင့်စဉ်-
ဒီလိုပဲ သဘောထားပါတယ်။ (ကျင့်စဉ် ဆိုတာတောင် စိတ်ပါဝါတက်လာအောင် ကျင့်တဲ့ ကျင့်စဉ်
အစိတ်အပိုင်း တစ်ခုမျှသာ သဘောထားပါတယ်။) ဘာသာရေး မဟုတ်သေးပါ။
ဒါကြောင့် ကျင့်စဉ်ပိုင်းဆိုင်ရာမှာ
သူမှန်ရမယ်၊ ငါမှန်ရမယ် ပြောခွင့်မရှိပါ။ အဓိကက ကျင့်သူဟာ သူကျင့်တဲ့ အရာကို ရ
လာမှာ ဖြစ်ပါတယ်။
ဘာသာရေး- ဆိုတာက အလွန်ကျယ်ပြန့်တဲ့
သဘောတရား ပါဝင်ပါတယ်။ အ၀တ်အစားဝတ်တာကအစ သွန်သင်မှုတွေ ပါ ၀င်ပါတယ်။ (ကျင့်စဉ်ကို
ကျင့်သူ တစ်ဦးမှာ သူ့ကျင့်စဉ်ကို ဘယ်လိုကျင့်ရမယ် ဆိုတဲ့ နည်းကလွဲလို့
ဘာသွန်သင်မှုမှ မရှိ ပါ။)
လေ့လာလိုစိတ် ရှိတဲ့ သမီးကိုလည်း
လေးစားပါတယ်။
ဌေးလွင်ဦး
မဇင်သူမင်း
ဟုတ်ကဲ့ပါဦး။ ကျွန်မလည်း ဦးဆီက ဗဟုသုတအများကြီးရပါတယ်။
ကျွန်မနားလည်သလို ကြိုးစားရှင်းပေးပါ့မယ်ဦး။
(၁) (သံသရာကို ဖြတ်တယ်- ဆိုတာနဲ့ ရှိနေတဲ့ ဘ၀ကို မရှိအောင်
လုပ်လိုက်တယ် ဆိုတာ ဘယ်လိုများ ကွာခြားမှု ရှိနေ တယ်လို့ သမီးထင်မိပါသလဲ။)
ကျွန်မတို့ နေတဲ့လောက (သင်္ကတ) မှာ ၃၁ ဘုံ ရှိပါတယ်ဦး။
ဗြဟ္မာဘုံ နှစ်ဆယ်၊
နတ်ဘုံ ခြောက်ဘုံ၊
လူ့ဘုံ တစ်ဘုံ၊
အပါယ် လေးဘုံ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်) တို့ဖြစ်သည်။
ကျွန်မတို့ နေတဲ့လောက (သင်္ကတ) မှာ သတ္တဝါတွေဟာမိမိတို့ပြုလုပ်တဲ့
(အကြောင်းတရား) ကောင်းမှု၊ မကောင်းမှု အ ပေါ် မူတည်ပြီး (အကျိုးတရား) လူဖြစ်လိုက်၊
နတ်ဖြစ်လိုက်၊ ငရဲသားဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ လူပြန်ဖြစ်လိုက်၊ ဗြဟ္မာ
ဖြစ်လိုက် ဒီလို (၃၁) ဘုံ ကို အဆက်မပြတ် လည်နေတဲ့ သံသရာကိုဖြတ်ပြီး တခြားလောက
နိဗ္ဗာန် (အသင်္ကတ) ကို သွား တာပါ။ ဆိုလိုတာက သံသရာလည်စေတဲ့ (အကြောင်းတရား) တွေကို
ဖြတ်ပစ်တာပါ။
-နောက်တစ်ခုက ဝိပဿနာမှာ အကယ်လို့ စိတ်ဟာ “ဘာမှမရှိ” တဲ့ အပေါ်ပဲ
အာရုံရောက်နေရင် အဲဒီနေရာမှာ တင်တန့် ပြီး ရှေ့ဆက် မသွားနိုင် ဖြစ်တတ်ပါတယ်ဦး။
- သံသရာအယူအဆကို ဦးယုံကြည်ပါသလား။
မမြဲတဲ့
လောက ဆိုတာ ဘာကို ခေါ်ပါသလဲ။ (သံသရာမှာ ကျက်စားနေတဲ့ ဘ၀များကို ခေါ်ခြင်း
မဟုတ်ပါလား)။ ဘ၀ များ ဆိုတာက ဘုံတစ်ခုခု ပေါ်တည်မှီမှ ဘ၀ တစ်ခုခု ဆိုတာ ဖြစ်ရတာ
မဟုတ်ပါလား။ သမီး ဆင်ခြင်ကြည့်ပါ။
မမြဲတဲ့ လောကဆိုတာ ဘဝကူးသွားတာကိုပဲ ပြောတာမဟုတ်ပါ။ ဥပမာ
နာမ်ဆိုရင်- ဦးပြောတဲ့ ပေါ်လာတဲ့ ရှေ့စိတ်ကို နောက်က “သတိ” ဆိုတဲ့ စိတ်နဲ့
လိုက်သိတဲ့အခါ ရှေ့စိတ်က ပျက်သွားလိုက်၊ နောက်တစ်ခု ဖြစ်လာလိုက် လိုက်သိလိုက်၊
ပျက်သွားလိုက်၊ နောက်တစ်ခုဖြစ်လာလိုက် လိုက်သိလိုက်၊ ပျက်သွားလိုက်
အဲဒီလိုအဆက်မပြတ် ဖြစ်လိုက်ပျက်လိုက် ကို မမြဲတဲ့လောကလို့ပြောတာပါ ဦး။
နာမ်တခုတည်း မဟုတ်ပါ ရုပ်လဲ ဖြစ်လိုက်ပျက် လိုက်ပါပဲ။
(၂) “မွတ်ဆလင် မှာလည်းတွေထဲ မှာ- မြေးလျှိုး မိုးပျံ အဆင့်တွေလည်း အများကြီးပါ။ အံ့သြဘွယ်တွေကို ပြသနိုင်တာ ဦး လက်တွေ့တွေ ကြုံဘူးပါတယ်။” အကြွင်းမယ့်ယုံကြည်ပါတယ်ဦး။ နိဗ္ဗာန်ကိုသွားတဲ့ နည်းလမ်းများစွာထဲက ကျွန်မသိတဲ့ နည်း (၂) ခုကို ပြောပါ့မယ်။
- သမထကျင့်စဉ်ပါ - အာရုံစူးစိုက်မှုအား ဦးပြောတဲ့“စိတ်ပါဝါ”ပါပဲ။ ဘယ်ဘာသာဝင်မဆို ဘယ်အရာကို အာရုံ စူးစိုက် စိုက် “ဈာန်တန်ခိုး” ရပြီး မြေးလျှိုး မိုးပျံ နိုင်ပါတယ်။ တချို့က အဆင့် (၄) ဆင့်၊ တချို့က (၅) ဆင့် ရှိတယ်ပြောပါတယ်။ ကျွန်မ မကျင့်လို့မသိပါ။
သေပြီးရင်ရထားတဲ့ ဈာန်အဆင့်လိုက် ဗြဟ္မာဘုံ ကိုရောက်ကြပါတယ်။
ဈာန်ရဲ့ ပြဿနာက ရပြီးသားဈာန်ကို အဖန်ဖန် ပြန် ဝင်စားရပါတယ်။ မဝင်စားနိုင်ရင်
ရပြီးသားအဆင့် အောက်ပြန်ကျသွားနိုင်တဲ့အတွက် မိမိသေမည့်အချိန်မှာ ကျမကျ မသေ
ချာလို့ အားမကိုးလောက်ပါ။ ဗြဟ္မာဘုံကို ရောက်ပြီးတာတောင် သေလွန်ရင်
အပါယ်ဘုံကိုရောက်နိုင်ပြီး (၃၁) ဘုံဆိုတဲ့ သံသရာ လည်မှာပါ။
- ဝိပဿနာကျင့်စဉ်ပါ - အဆင့် (၄) ဆင့် ရှိပါတယ်။ သစ္စာ
(၄) ပါးကို သိမှဖြစ်မှာပါ။ ရရှိတဲ့မဂ်အလိုက် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ
တို့ဖြစ်ကြပါတယ်။ ဈာန်နဲ့ကွာတာက ရပြီးသားအဆင့်က လုံးဝပြန်မကျတော့ပါဘူး။
အနိမ့် ဆုံး သောတာပန်တောင် သေရင် အပါယ် (၄) ဘုံ မရောက်တော့လို့ အားကိုးလောက်တဲ့
အာမခံချက်ရှိပါတယ်။
နိဗ္ဗာန်သွားမယ့် လမ်းပေါ်ရောက်သွားတာဖြစ်လို့ အထက် ဘုံတွေကို အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်ကိုရောက်မှာ အသေ အချာပါ။
(၃)“ ဒီအချက်ကတော့- သမီး နားလည်သလို ခဏ ထားပေးပါ။” ဟုတ်ကဲ့ပါဦး။ ကျွန်မ နားလည်သလို ပရမတ်ကို “ဘုရား” မဟုတ်ပဲ “တရား” အနေနဲ့ ခဏထားပေးပါ့မယ်။ ကျွန်မအမြင်ကို ရိုးသားစွာပြောပါရစေဦး။ ပရမတ်က ကျွန်မယူဆသလို နိဗ္ဗာန်ဆိုတဲ့ “တရား” ဖြစ်နေရင် ကျင့်ယူလို့ရမှာပါဦး။
နိဗ္ဗာန်သွားမယ့် လမ်းပေါ်ရောက်သွားတာဖြစ်လို့ အထက် ဘုံတွေကို အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်ကိုရောက်မှာ အသေ အချာပါ။
(၃)“ ဒီအချက်ကတော့- သမီး နားလည်သလို ခဏ ထားပေးပါ။” ဟုတ်ကဲ့ပါဦး။ ကျွန်မ နားလည်သလို ပရမတ်ကို “ဘုရား” မဟုတ်ပဲ “တရား” အနေနဲ့ ခဏထားပေးပါ့မယ်။ ကျွန်မအမြင်ကို ရိုးသားစွာပြောပါရစေဦး။ ပရမတ်က ကျွန်မယူဆသလို နိဗ္ဗာန်ဆိုတဲ့ “တရား” ဖြစ်နေရင် ကျင့်ယူလို့ရမှာပါဦး။
- ဦးယူဆသလို “ဘုရား” ဖြစ်နေရင် ဦးဘယ်လိုနည်းနဲ့ ပရမတ်ဘုရားဆီ သွားမယ်ဆိုတာ သိပါရစေ။
(၄) “ဘာသာရေး- ဆိုတာက အလွန်ကျယ်ပြန့်တဲ့ သဘောတရား ပါဝင်ပါတယ်။ အ၀တ်အစားဝတ်တာကအစ သွန်သင်မှု တွေ ပါဝင်ပါတယ်။ (ကျင့်စဉ်ကို ကျင့်သူ တစ်ဦးမှာ သူ့ကျင့်စဉ်ကို ဘယ်လိုကျင့်ရမယ် ဆိုတဲ့ နည်းကလွဲလို့ ဘာသွန်သင်မှု မှ မရှိပါ။) ဟုတ်ကဲ့ပါဦး။ ကျွန်မက “ဘာသာတရား” အကြောင်းမငြင်းလိုပါ။ အမှန်တရားအကြောင်းပဲ ပြောတာပါ ဦး။
- ဥပဒေတွေနဲ့သွန်သင်မှု
ရှိတာကမှ အမှန်တရားလို့ ဦးအတိအကျပြောနိုင်ပါသလား သိပါရစေ။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
(၁) ကောင်းပြီ၊
သုံးဆယ့်တစ်ဘုံ ဆိုတာမှာ ဘ၀ မဖြစ်မှီ- ဘယ်မှာ ဘ၀ဖြစ်လာမယ့် အရာဟာ ဘယ်မှာ
ရှိခဲ့ပါသလဲ။ (သုံး ဆယ့် တစ်ဘုံထဲကို ဘယ်က ၀င်ခဲ့ပါသလဲ)။
-နောက်တစ်ခုက ဝိပဿနာမှာ
အကယ်လို့ စိတ်ဟာ “ဘာမှမရှိ” တဲ့ အပေါ်ပဲ အာရုံရောက်နေရင် အဲဒီနေရာမှာတင် တန့် ပြီး
ရှေ့ဆက် မသွားနိုင် ဖြစ်တတ်ပါတယ်ဦး။
ဦးရှင်းပြတာကို သမီး နားလည်မှု
လွဲနေပြီထင်ပါတယ်။ စာတစ်စောင် ဆိုတာကို ဦးပမာပေးစဉ်ကပဲ- နဂို စာတစ်စောင် မရှိ
မှီက အတိုင်း ဖြစ်လည်ဖြစ်အောင် ကျင့်ဆောင်ခြင်းလို့ ပြောခဲ့တာပါ။ အလားတူ
သုံးဆယ့်တစ်ဘုံ ဖြစ်ဖြစ်- သုံးဆယ့်နှစ်ဘုံ ဖြစ်ဖြစ်၊ အဲ့ဒီကို မ၀င်ရောက်မှီက
အတိုင်း ပကတိနေ သူ့နေရာကို ရောက်သွားအောင် ပြန်ပို့ခြင်း လို့ ဆိုလိုခဲ့တာပါ။
- သံသရာအယူအဆကို
ဦးယုံကြည်ပါသလား။
သံသရာ ဆိုတဲ့ သဘောတရားကို အစ္စလာမ်၊
ဟိန္ဒူ၊ ဗုဒ္ဓ ဘာသာ၊ မဂျူစီ၊ ဒူရ်စီ ဘာသာတွေမှာ သွန်သင်ပါတယ်။ အသေး စိတ် ရှင်းချက်
သိပ်မတူလှပေမယ့်- သဘောတရားက အတူတူပါပဲ။
မမြဲတဲ့ လောကဆိုတာ
ဘဝကူးသွားတာကိုပဲ ပြောတာမဟုတ်ပါ။ ဥပမာ နာမ်ဆိုရင်- ဦးပြောတဲ့ ပေါ်လာတဲ့
ရှေ့စိတ်ကို နောက်က “သတိ” ဆိုတဲ့ စိတ်နဲ့ လိုက်သိတဲ့အခါ ရှေ့စိတ်က ပျက်သွားလိုက်၊
နောက်တစ်ခုဖြစ်လာလိုက် လိုက်သိလိုက်၊ ပျက်သွားလိုက်၊ နောက်တစ်ခုဖြစ်လာလိုက်
လိုက်သိလိုက်၊ ပျက်သွားလိုက် အဲဒီလိုအဆက်မပြတ် ဖြစ်လိုက်ပျက်လိုက်
ကိုမမြဲတဲ့လောကလို့ပြောတာပါ ဦး။ နာမ်တခုတည်း မဟုတ်ပါ ရုပ်လဲ ဖြစ်လိုက်ပျက်
လိုက်ပါပဲ။
မမြဲတဲ့ လောက ဆိုတာ ဘ၀ များပဲ
မဟုတ်ပါလား။ ဘ၀များ ဆိုတာ မမြဲဘူး ဆိုရင် မြဲသွားအောင် ဘ၀ ရှိနေလို့ မဖြစ်ဘူး
ဆိုတဲ့ အချက်ကို သမီး မဆင်ခြင်မိဘူး ထင်ပါတယ်။
(၂) သမီး ဒီလိုပဲ ပြောလာမယ် ဆိုတာလဲ သိနေပါတယ်။ ဗုဒ္ဓ၀ါဒီတို့ရဲ့ လက်သုံးစကားပါပဲ သမီး။- ထားလိုက်ပါ။- သမီးတို့ ပြောနေတဲ့ သောတာပန်၊ အနာဂန်၊ ရဟန္တာ ဆိုတာများက စိတ်အစဉ် အားဖြင့် ကူးဆိုက်တာလား၊ ဉာဏ်အစဉ်အားဖြင့် ကူး ဆိုက်တာလား၊ ရုပ်ခန္ဓာအားဖြင့် ကူးဆိုက်တာလား- ပြန်လည်စီစစ်ကြည့်ပါ။ ရုပ်အားဖြင့် ဘယ်သူမှ ရဟန္တာ မဖြစ်ပါ။ ဒီ တော့ သမီးတို့က သမထကျင့်စဉ်ပါလို့ စွပ်စွဲနေတဲ့ ကျင့်စဉ်များမှာလည်း ရုပ်သန္တာန်အားဖြင့် ဘယ်သူမှ ကိန်းဆိုက်ခြင်း မရှိ ပါ။ မိမိရဲ့ စိတ်သန္တာမှာ ကိန်းဆိုက်ခြင်းများ ဖြစ်ပါတယ်။ ဒီမှာ အများစုကြီးက နာမ်အောင်မြင်မှုလို့ ပြောပေမယ့်- နာမ် အောင်မြင်မှုလည်း မဟုတ်ပါ။ ဉာဏ်စဉ်ပေါက်မြောက်တဲ့ အဆင့်များကိုသာ ပညတ်သတ်မှတ်နေခြင်း ဖြစ်ပါတယ်။ ဒါတွေ အားလုံးက - တစ်သီးပုဂ္ဂလ စိတ်ကူးစိတ်သန်းများသာ ဖြစ်ပါတယ်။ သမီး ကိုယ်တိုင် ပေါက်မြောက်ခဲ့တဲ့ အဆင့်ထိ ပြန်ဆင် ခြင် ကြည့်ပါ။ သမီးရဲ့ ဉာဏ်အသိအားဖြင့် စိတ်ကူး စိတ်သန်း အောင်မြင်မှုသာ ဖြစ်ပါတယ်။ ဒီအတွက် တိကျခိုင်လုံတဲ့ သက်သေ ဘယ်သူမှ ထုတ်ပြလို့ မရပါ။ ငါ- ရဟန္တာ ဖြစ်ပြီလို့ ရင့်ကျူးသူဟာလည်း မျက်နှာမှာ အလင်းရောင်ဖြာပြီး ကွန့်မြူး ပြနိုင်ခြင်း မရှိပါ။ သူ့ဟာသူ ဉာဏ်စဉ် ဈာန်ကိန်ုးဆိုက်ခြင်းသာ ဖြစ်ပြီး ဘယ်သူကမှ မြင်ရတဲ့ ကိစ္စမျိုးမဟုတ်ပါ။ သူက လိမ် ရင်လည်း ဘယ်သူမှ မသိနိုင်သလို၊ သူက အတည်ပြောရင်လည်း ဘယ်သူကမှ အာမခံချက် မပေးနိုင်ပါ။- ဒါတွေက တစ် သီးပုဂ္ဂလ ဖြစ်တည်ခံစားမှုများသာ ဖြစ်ပါတယ်။
(၃)“ ဒီအချက်ကတော့-သမီး နားလည်သလို ခဏ ထားပေးပါ။” ဟုတ်ကဲ့ပါဦး။ ကျွန်မ နားလည်သလို ပရမတ်ကို “ဘုရား” မဟုတ်ပဲ “တရား” အနေနဲ့ ခဏထားပေးပါ့မယ်။ ကျွန်မအမြင်ကို ရိုးသားစွာပြော ပါရစေဦး။ ပရမတ်က ကျွန်မယူဆသလို နိဗ္ဗာန်ဆိုတဲ့ “တရား” ဖြစ်နေရင် ကျင့်ယူလို့ရမှာပါဦး။
တရား ဆိုတာကို ဘယ်လိုကျင့်ယူမှာလဲ။
တရားဆိုတာ ကျင့်ယူရမယ့် လမ်းညွှန်သာ ဖြစ်ပါတယ်။ ဥပမာ အရက်မသောက် ကြနဲ့ ဆိုတာက တရား
(သြ၀ါဒတရား)၊ အရက်သောက်ရင် ဖြစ်လာမယ့် ဆိုးကျိုးကောင်းကျိုးက ရလာဒ်အဖြေက ကြိုတင်
ရှိနေတဲ့ ပြဌာန်းပြီး- လောက-ဓမ္မ။ အရက်ကို သောက်ခြင်း၊ မသောက်ခြင်းက လေ့ကျင့်ယူရတဲ့
အကျင့်။- ဒါတွေအားလုံးက သက်မဲ့သဘော ရုပ်သဘောဆန်ပါတယ်။ ဉာဏ်ဆိုတာ ရှိနေတဲ့
လူသားအတွက် သက်မဲ့ ရုပ်သဘောတွေကိုချည်း သက် သက် ကျင့်ကြံရင် ဉာဏ်ဆိုတာကို
ဘယ်မှာထားလိုက်တော့မှာလဲ။
- ဦးယူဆသလို “ဘုရား” ဖြစ်နေရင် ဦးဘယ်လိုနည်းနဲ့ ပရမတ်ဘုရားဆီ
သွားမယ်ဆိုတာ သိပါရစေ။
သုံးဆယ့်တစ်ဘုံ ဆိုတာကို မရောက်မှီ
လူတွေ၊ သတ္တ၀ါတွေ ဘယ်မှတည်ခဲ့သလဲ- သမီးအရင် ဖြေပေးကြည့်ပါ။-
(၄) ဟုတ်ကဲ့ပါဦး။ ကျွန်မက “ဘာသာတရား” အကြောင်းမငြင်းလိုပါ။ အမှန်တရား အကြောင်းပဲပြောတာပါ ဦး။
ဒီစကားလေးကို ကြိုက်ပါတယ်။
သုံးဆယ့် တစ်ဘုံကို လက်ခံထားတဲ့
သမီးအနေနဲ့ အရာရာဟာ သုံးဆယ့်တစ်ဘုံထဲကပဲ စတင်ဖြစ် တည်ပြီး ကျင်လည်ရ တယ်၊ ဒါကို
ဖြတ်တောက်ရမယ်လို့ပဲ ယုံကြည်ထားတာကို “အမှန်တရား” လို့ သတ်မှတ်ထားပါသလား။
- ဥပဒေတွေနဲ့သွန်သင်မှု ရှိတာကမှ အမှန်တရားလို့ ဦးအတိအကျပြောနိုင်ပါသလား သိပါရစေ။
တိကျသေချာတဲ့
လက်တွေ့သက်သေပြချက်တွေမှာ လွဲချော်နေမယ်၊ ပြီးတော့ ဥပဒေလည်း မရှိ ပရမ်းပတာ
ဖြစ်နေတာ ထက် လက်တွေ့လောကမှာ လက်တွေ့ယုတ္တိဗေဒရှိပြီး လူတွေ လိုက်နာနိုင်တဲ့
တိကျတဲ့ ဥပဒေများ ရှိနေတာက ပိုမမှန်နိုင် ဘူးလား။
လေးစားစွာဖြင့်
ဌေးလွင်ဦး
ဌေးလွင်ဦး
မဇင်သူမင်း
ဟုတ်ကဲ့ပါဦး။ ပရမတ်ဆိုတာ အရမ်းကို သိမ်မွေ့နက်နဲမယ်လို့ဆိုရင်
ဦးလက်ခံနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကြိုးစား ရှင်းပြပါ့မယ် ဦး။
ပရမတ္တတရားမှာလောက (၂) ခု ရှိပါတယ်။
- သင်္ကတလောက (မမြဲတဲ့ လောက) မှာ သင်္ကတ “ပရမတ်” ဖြစ်တဲ့ (ရုပ်၊
နာမ်) ရှိပါတယ်။
- အသင်္ကတ လောက (မြဲတဲ့လောက) မှာ အသင်္ကတ “ပရမတ်” ဖြစ်တဲ့ (နိဗ္ဗာန်) ရှိပါတယ်။
အသင်္ကတ လောကရဲ့ ပရမတ် “နိဗ္ဗာန်” ကို သွားမယ်ဆိုရင် သင်္ကတလောကရဲ့
ပရမတ်ဖြစ်တဲ့ “ရုပ်၊ နာမ်” ကိုသိမှဖြစ် မယ် ဦး။။
(၁) ကောင်းပြီ၊ သုံးဆယ့်တစ်ဘုံ ဆိုတာမှာ
ဘ၀ မဖြစ်မှီ- ဘယ်မှာ ဘ၀ဖြစ်လာမယ့် အရာဟာ ဘယ်မှာ ရှိခဲ့ပါသလဲ။ (သုံး
ဆယ့်တစ်ဘုံထဲကို ဘယ်က ၀င်ခဲ့ပါသလဲ)။-ဟုတ်ကဲ့ပါဦး။
“ဘဝ” ဆိုတာတို့၊ “ဘုံ” ဆိုတာတို့က “ပညတ်” ပါဦး။ “ပညတ်” ဆိုတာက အမြဲမမှန်ပါဘူးဦး။
ပရမတ်မှာ “ဘဝ”၊ “ဘုံ” ဆိုတာတွေမရှိပါဘူး ဦး။ သင်္ကတ လောကဖြစ်တဲ့ (၃၁) ဘုံကို
ပရမတ်နဲ့ ပြောရင် ရုပ်၊ နာမ်ပဲရှိပါတယ် ဦး။ ဆို လိုတာက လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊
ဗြဟ္မာဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ြဖစ်၊ သောတာပန်ဖြစ်ဖြစ်၊ သကဒါဂါမ်
ဖြစ် ဖြစ်၊ အနာဂါမ်ဖြစ်ဖြစ်၊ ရဟန္တာဖြစ်ဖြစ် “ရုပ်၊ နာမ်” ဆိုတဲ့ ပရမတ် “ဘောင်” ထဲက
ပြေးမလွတ်ပါဘူး ဦး။ ဘယ်လိုစဖြစ်တယ် ဆိုတာက ရုပ်၊ နာမ်ကို ထပ်ပြီး
အနုစိပ်ခွဲကြည့်မှ သိမှာမို့လို့ ရုပ်၊ နာမ် ဆိုတဲ့ သဘောတရားကို အရင်နားလည်အောင်
လုပ်ဖို့ လိုပါတယ်။
အလားတူ သုံးဆယ့်တစ်ဘုံ ဖြစ်ဖြစ်-
သုံးဆယ့်နှစ်ဘုံ ဖြစ်ဖြစ်၊ အဲ့ဒီကို မ၀င်ရောက်မှီက အတိုင်း ပကတိနေ သူ့နေရာကို
ရောက်သွားအောင် ပြန်ပို့ခြင်း လို့ ဆိုလိုခဲ့တာပါ။
- ဦးပြောတဲ့
သဘောကဖန်ဆင်းထားတဲ့ ပရမတ်ဘုရားရှင်ထံ ပြန်သွားတာမဟုတ်လား ဦး၊ ကျွန်မပြောတာက တခါမှ
မရောက်ဖူးတဲ့ မြဲတဲ့လောကကို သွားမှာပါဦး။ အလွယ်ပြောရင် တခါမှမရောက်ဖူးတဲ့ လောကကို
သွားဖို့က အခုနေနေတဲ့ လောကကို သံယောဇဉ်ဖြတ်မှရမှာပါ ဦး။
သံသရာ ဆိုတဲ့ သဘောတရားကို အစ္စလာမ်၊
ဟိန္ဒူ၊ ဗုဒ္ဓ ဘာသာ၊ မဂျူစီ၊ ဒူရ်စီ ဘာသာတွေမှာ သွန်သင်ပါတယ်။ အသေး စိတ် ရှင်းချက်
သိပ်မတူလှပေမယ့်- သဘောတရားက အတူတူပါပဲ။
- သံသရာကို
ဦးကိုယ်တိုင် တကယ်မြင်ချင်ရင် သင်ပေးတဲ့နေရာကို ကျွန်မပြောပြပါ့မယ်ဦး။
မမြဲတဲ့ လောက ဆိုတာ ဘ၀ များပဲ
မဟုတ်ပါလား။ ဘ၀များ ဆိုတာ မမြဲဘူး ဆိုရင် မြဲသွားအောင် ဘ၀ ရှိနေလို့ မဖြစ်ဘူး
ဆိုတဲ့ အချက်ကို သမီး မဆင်ခြင်မိဘူး ထင်ပါတယ်။
- “ဘဝ” တွေ အလီလီ
ပြောင်းလို့ မမြဲတာမဟုတ်ပါ ဦး။ ယခုဘဝရဲ့ အချိန်ခဏလေးတောင် မမြဲတာ ပြောတာပါ။ ပရမတ်
ကို မြင်အောင် ကြည့်ပေးပါ ဦး။
ဥပမာ နာမ်ဆိုပါစို့-
ပျင်းတဲ့စိတ်ပေါ်တယ်၊ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားတဲ့ စိတ် ပေါ်လာတယ်
(ပျင်းတဲ့စိတ် မရှိ တော့ပါဘူး)၊ အင်း.. သီချင်း နားထောင်ရင် ကောင်းမယ်လို့
စဉ်းစားတဲ့စိတ် ပေါ်လာတယ် (ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားတဲ့
စိတ်မရှိတော့ပါဘူး)၊ သီချင်းနားထောင်ရင်း ပျော်တဲ့စိတ် ပေါ်လာတယ်
(သီချင်းနားထောင်ရင် ကောင်းမယ်လို့ စဉ်းစားတဲ့စိတ် မရှိတော့ပါဘူး)၊
ဆက်နားထောင်ချင်တဲ့စိတ် ပေါ်လာတယ် (ပျော်တဲ့စိတ် မရှိတော့ပါဘူး)၊ နားထောင်ရင်း
ငြီးငွေ့စိတ် ပေါ်လာတယ် (ဆက်နားထောင်ချင်တဲ့စိတ် မရှိတော့ပါဘူး)၊
သီချင်းရပ်ပစ်လိုက်တယ် (ငြီးငွေ့စိတ် မရှိတော့ပါ ဘူး)။ နာမ်တရားဟာ မမြဲဘဲနာမ်တစ်ခုပျက်တိုင်း
နောက်နာမ်တစ်ခုနှင့် အစားထိုးပါတယ်။ ရုပ်တရားကလည်း တစ်ခု ပျက်တိုင်း
နောက်တစ်ခုနှင့် အစားထိုးပါတယ်။ တဖြေးဖြေးလူတွေအိုလာတာဘာဖြစ်လို့လဲ။
သေဆုံးသွားတဲ့
ဆဲလ်တွေနေရာမှာ အပြည့်အဝ အစားမထိုးနိုင်တော့လို့ပါ။ ဒီဘဝမသေဆုံးခင်တောင် အဆက်မပြတ်
သေဆုံးနေတဲ့ ရုပ်၊နာမ်တွေကို မမြဲဘူးလို့ပြောတာပါ။ ပရမတ်ရဲ့ သိမ်မွေ့နက်နဲမှုကို
ဦး မြင်နိုင်ပြီဟုထင်ပါတယ်။
မမြဲတဲ့ လောကကို
ဥပမာတစ်ခုအနေနဲ့ ပြောပါ့မယ် ဦး။ (၃၁) ဘုံ ဖြစ်တဲ့ မမြဲတဲ့ လောက (သင်္ကတ) ဟာ
ရုပ်ရှင်ရုံ တစ်ရုံ ဆိုပါစို့ ဦး။ ရုပ်ရှင် တစ်ကားပြီးတစ်ကား ပြနေတာကို “ဘဝ” တွေလို့
ဆိုရင် ရုပ်၊ နာမ်က ပြနေတဲ့ ရုပ်ရှင်ကားရဲ့ ဖလင် တစ်ကွက်ပါဦး။ ဖလင်တစ်ကွက်ပြီး
တစ်ကွက်ကို အရှိန်နဲ့ပြသတဲ့အခါ တစပ်တည်းဖြစ်နေတယ် ထင်ရပေမယ့် တကယ် တော့
တစ်ကွက်နေရာကို နောက်တစ်ကွက်က အစားထိုးတာပါဦး။
(၂) ရုပ်၊နာမ်ကိုရှုလို့
ရတဲ့ဥာဏ်စဉ်က မဂ်ဥာဏ် အဖြစ်ကူးပြောင်းပြီးနိဗ္ဗာန်ကိုသွားတာပါ ဦး။ သောတာပန်၊
သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေဟာ ဒီဘဝမသေဆုံးခင် နိဗ္ဗာန်ကို စိတ်ညွှတ်ပြီး
သွားနိုင်ပါတယ်။ ဒီအပြင် ရဟန္တာကတော့ ဒီဘဝ သေဆုံးရင် နိဗ္ဗာန်ကို
အပြီးရောက်သွားပါပြီ။
ဒီအတွက် တိကျခိုင်လုံတဲ့ သက်သေ
ဘယ်သူမှ ထုတ်ပြလို့ မရပါ။ ငါ- ရဟန္တာ ဖြစ်ပြီလို့ ရင့်ကျူးသူဟာလည်း မျက်နှာမှာ
အလင်းရောင်ဖြာပြီး ကွန့်မြူးပြနိုင်ခြင်း မရှိပါ။ သူ့ဟာသူ
ဉာဏ်စဉ်ဈာန်ကိန်ုးဆိုက်ခြင်းသာ ဖြစ်ပြီး ဘယ်သူကမှ မြင်ရတဲ့ ကိစ္စမျိုး မဟုတ်ပါ။
- ဟုတ်ပါတယ်ဦး။
ပရမတ်တရားကို သစ္စာ (၄) ပါးနဲ့ ဝိပဿနာရှုပြီး ဖြစ်တဲ့ ရဟန္တာဟာ “မျက်နှာမှာ
အလင်းရောင်ဖြာပြီး ကွန့်မြူး ပြနိုင်ခြင်း မရှိပါ”။ သေဆုံးသွားရင် ကိုယ်ခန္ဒာကို
ဓါတ်တော်တွေအနေနဲ့ မမြဲတဲ့ လောက (သင်္ကတ) မှာ ထားခဲ့ ချင်ရင် ထားခဲ့လို့ရပါတယ်ဦး။
(၃) တရား ဆိုတာကို ဘယ်လိုကျင့်ယူမှာလဲ။
- ရုပ်၊နာမ်ကို
သစ္စာ(၄)ပါးနဲ့ ဝိပဿနာရှုမှာပါ ဦး။
သုံးဆယ့်တစ်ဘုံ ဆိုတာကို မရောက်မှီ လူတွေ၊ သတ္တ၀ါတွေ ဘယ်မှတည်ခဲ့သလဲ- သမီးအရင် ဖြေပေးကြည့်ပါ။
- လူတွေ၊ သတ္တ၀ါ ဆိုတာ
ပညတ်ပါ ၊ ပရမတ်မဟုတ်ပါ။ ရုပ်၊နာမ်တွေဟာ နဂိုရှိပြီးသား “ဓါတ်” တွေကဖြစ်လာတာပါ။
ဘယ်သူမှ မဖန်ဆင်းပါ။
- ဦးယူဆသလို “ဘုရား” ဖြစ်နေရင် ဦးဘယ်လိုနည်းနဲ့ ပရမတ်ဘုရားဆီ
သွားမယ်ဆိုတာ သိပါရစေ။
(၄) သုံးဆယ့် တစ်ဘုံကို လက်ခံထားတဲ့ သမီးအနေနဲ့ အရာရာဟာ သုံးဆယ့်တစ်ဘုံထဲကပဲ စတင်ဖြစ် တည်ပြီး ကျင်လည် ရတယ်၊ ဒါကို ဖြတ်တောက်ရမယ်လို့ပဲ ယုံကြည်ထားတာကို “အမှန်တရား” လို့ သတ်မှတ်ထားပါသလား။
- သံသရာလည်စေတဲ့
အကြောင်းတရားကို ဖြတ်တောက်ရမယ်ဆိုတဲ့ “အမှန်တရား” ကို လုံးဝယုံကြည်ပါတယ် ဦး။ သော
တာပန်တို့ ဖြတ်နိုင်တဲ့ အတိုင်းအတာကို အပြီးတိုင်ဖျက်၍ “နိဗ္ဗာန်” ကို
တစ်ကြိမ်မြင်စေတဲ့ “ပထမ မဂ်” ကို ရပြီးကြောင်းပါ။ ရွှင်လန်းချမ်းမြေ့ပါစေ ဦး။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
သမီးနဲ့ ဦး- အသင်္ကတ ဆိုတဲ့ အရာကို
လက်ခံတာတော့ ဘုံတူညီမှု တွေ့နေရပါတယ်။ ဒါပေမယ့် သမီးက အသင်္ကတ လော က ဆိုတာ
မြဲတဲ့လောကလို့ စကားလုံးသုံးတယ်၊ ဦးက- ပြောင်းလဲလည်ပတ် ဖြစ်တည်နေတဲ့ လောက
(အခုစကားလုံးနဲ့ ပြော နေတဲ့ ဘ၀များ) မရှိတဲ့အရာလို့ စကားလုံး သုံးတယ်။-
ခရစ်ယာန်များက မသေတော့သော နိုင်ငံလို့ စကားလုံးသုံးတယ်၊ ဘာ များ ကွာခြားပါသလဲ။
ဥပမာ စာအုပ်၊ book၊ ကီတာ့ဘ်၊ လို့ စကားလုံး မတူညီတာပဲ ရှိနေပါတယ်။
အသင်္ကတလောကကို သွားဘို့ သင်္ကတလောကကို
သိရဦးမယ်- စိတ် တစ်ခုယုတ် ၉၀ (၈၉ စိတ်) အကျယ် ၁၂၀ ကို သိရ မယ်၊ ဉာဏ်အဆင့်ဆင့်ကို
သိရမယ်၊ အဲ့ဒီ စိတ်တွေ၊ ဉာဏ်တွေ၊ ရုပ်တွေကို ပါဠိလို ကျက်ရဦး (မြန်မာလို
အကုန်မရှိတော့)- အဲ့ဒါတွေကို ကျက်မှတ်နေရင်း ကျင့်ကြံတဲ့ အချိန်က ကုန်သွားဦးမယ်။-
သမီးကိစ္စကြီးက လူတစ်ဦးဟာ ဘ၀သာ ကုန်သွား မယ်၊ နိဗ္ဗာန်ကို ရောက်နိုင်လိုက်ဘို့
မဖြစ်နိုင်ဘူး ဖြစ်နေတယ်။
လူတစ်ဦးချင်းက မိမိခန္ဓာကို
ကျမ္မာသန်စွမ်းဘို့အတွက် တစ်ဦးချင်းဟာ ခန္ဓာမှာ ရှိတဲ့ အရိုး၊ အကြော၊ အသွေးအသား၊
ရောဂါအားလုံးကို ကိုယ်တိုင်သိ- ရောဂါအားလုံးကို ကိုယ်တိုင်သိမှ ကိုယ်တိုင်ဆေးကု-
ဓါတ်စာစားပြီးနေနေမှ ကျမ္မာမယ့် သဘော ဖြစ်နေတော့-၊ သွေးသားနဲ့ တည်ဆောက်ထားတဲ့
လူတစ်ဦးချင်းဟာ မိမိကျမ္မာရေးအတွက် ဆေးပညာကိုပဲ လိုက် စားနေမှ ဖြစ်တော့မယ်၊
လယ်ထွန်နေလို့ မဖြစ်ဘူး၊ ဈေးရောင်းနေဘို့ အချိန်မရဘူး- ဖြစ်နေမယ့် ဥပမာမျိုး
ဖြစ်နေတယ်။ ရောဂါကို သိပါတယ်ဆိုတဲ့ ပါရဂူကြီးတွေလည်း ကျမ္မာရေးက ချို့တဲ့မှု
ရှိနေတာပဲ။ ဒါကြောင့် လူထုတစ်ရပ် ကျမ္မာဘို့ဆိုတာ တိကျသေချာတဲ့ ဆေးရုံဆေးခန်းကြီးတွေ၊
ကျမ္မာရေးစောင့်ရှောက်မှုတွေသာ အရေးကြီးပါတယ်။- လူတွေကို ဒီလိုနေ၊ ဒီလို စား၊
ဒီလိုရှောင်၊ ဒီလိုဆောင်- ဆိုတဲ့ တိကျတဲ့ သွန်သင်မှုနဲ့သာ သူတို့ကျမ္မာရေးကို
ဦးဆောင်လမ်းပြပြီး သယ်ဆောင်သွားရ မှာ ဖြစ်သလို-၊ လူသားထုရဲ့ အနာဂါတ် ဆိုတာကိုလည်း
အဲ့ဒီနည်းနဲ့သာ ဦးဆောင်လမ်းပြ ခေါ်သွားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာလောက၊
ခရစ်ယာန်လောက၊ မွတ်ဆလင်လောကများကို ယှဉ်ကြည့်ပါ။ ဗုဒ္ဓဘာသာ လောကမှာ လူ
တစ်ဦးချင်းစီက- ငါ နိဗ္ဗာန်ကို ရောက်ရမယ်လို့ ခံစားချက်၊ မျှော်လင့်ချက်
အလွန်အားနည်းပါတယ်။ ငါသေသွားရင်တော့ နတ်ပြည်လောက် ရောက်နိုင်တယ်လို့သာ ခံစားချက်က
များနေပါတယ်။ (လူထုထဲမှာ ပြောတာပါ။) ခရစ်ယာန်လောကမှာ ကောင်းကင်းနိုင်ငံတော် (ထာဝရ
မသေတော့သော နိုင်ငံတော်၊ အသင်္ကတလောက) ကို ရောက်ကို ရောက်ရမယ်လို့ ခံစား ချက်ရှိသူ
၉၀ ရာနှုန်းရှိတယ်။ မွတ်ဆလင်လောကမှာက ၁၀၀ ရာနှုန်းရှိနေတယ်။ ရောက်တာ မရောက်တာ၊
ကိန်းဆိုက်တာ မကိန်းဆိုက်တာက မမြင်ရတဲ့ ကိစ္စမို့ ထားပါ။ ဒါပေမယ့် လူတစ်ဦးရဲ့
နောက်ဆုံးစိတ်-က သူ့ကို အဲ့ဒီနေရာကို ပို့ဆောင် တယ်လို့- ပိဋကတ်တော်မှာ လည်း
စိတ္တေန နိယျေတေ လောကော လို့ ပြောထားပါတယ်။
လူတစ်ဦးရဲ့ တရားကျင့်စဉ် ခဏတာ
စိတ်ဘ၀င်မှာ ထင်ဟပ်တဲ့ နိဗ္ဗာန် ဖြစ်စေ၊ ဈန်အဆင့်များ ဖြစ်စေ- အဲ့ဒီ ခဏတာမှာပဲ
မဂ်ဖိုလ်ဝင်စားတဲ့ သဘောပါ။ မဂ်ဖိုလ်ဝင်စားနေခိုက် ခန္ဓာချသွားရင်တော့-
အဲ့ဒီနောက်ဆုံး စိတ်က သူ့ကို အနာဂါတ်ရဲ့ အမြဲလောက အသင်္ကတလောက ကို
ပို့ဆောင်နိုင်မှာပါ။- အမှန်ကိုသာ ချစ်ပါတယ် ဆိုတဲ့ သမီး အနေနဲ့-၊ အနုလုံပဋိလုံ
စောကြော ဆင်ခြင်ကြည့်ပါ။
(၁) ကောင်းပြီ၊ သုံးဆယ့်တစ်ဘုံ ဆိုတာမှာ ဘ၀ မဖြစ်မှီ- ဘယ်မှာ ဘ၀ဖြစ်လာမယ့် အရာဟာ ဘယ်မှာ ရှိခဲ့ပါသလဲ။ (သုံး ဆယ့်တစ်ဘုံထဲကို ဘယ်က ၀င်ခဲ့ပါသလဲ)။
-ဟုတ်ကဲ့ပါဦး။
“ဘဝ”ဆိုတာတို့၊ “ဘုံ” ဆိုတာတို့က “ပညတ်”ပါဦး။ “ပညတ်”ဆိုတာက အမြဲမမှန်ပါဘူးဦး။
ပရမတ်မှာ “ဘဝ”၊ “ဘုံ” ဆိုတာတွေမရှိပါဘူး ဦး။ သင်္ကတလောကဖြစ်တဲ့ (၃၁)ဘုံကို ပရမတ်နဲ့
ပြောရင် ရုပ်၊ နာမ်ပဲရှိပါတယ် ဦး။ ဆိုလိုတာက လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊
ဗြဟ္မာဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ြဖစ်၊ သောတာပန်ဖြစ်ဖြစ်၊
သကဒါဂါမ်ဖြစ်ဖြစ်၊ အနာဂါမ်ဖြစ်ဖြစ်၊ ရဟန္တာဖြစ်ဖြစ် “ရုပ်၊နာမ်” ဆိုတဲ့ ပရမတ်
“ဘောင်”ထဲကပြေးမလွတ်ပါဘူး ဦး။ ဘယ်လိုစဖြစ်တယ် ဆိုတာက ရုပ်၊ နာမ်ကိုထပ်ပြီး
အနုစိပ်ခွဲကြည့်မှ သိမှာမို့လို့ ရုပ်၊ နာမ် ဆိုတဲ့ သဘောတရားကို အရင်
နားလည်အောင်လုပ်ဖို့လိုပါတယ်။
သမီးကြိုက်သလို ခွဲကြည့်ပါ။
ရုပ်ဖြစ်လို့ သုံးဆယ့်တစ်ဘုံကို ၀င်ရောက်လာရတာလား၊ နာမ်ဖြစ်လို့ နာမ်က
ရုပ်ကိုမှီပြီး သုံး ဆယ့်တစ်ဘုံကို ၀င်ရောက်လာရတာလား။- ဗုဒ္ဓဘာသာအရ - ဦး
သိလိုပါတယ်။ (၀င်ခဲ့တဲ့ အပေါက်ကို မသိဘဲ ထွက်သွား မယ့် အပေါက်ကိုပဲ ရှာနေတော့-၊
ပတ်ရှာကာ လည်နေမှာ သေချာပါတယ်။)
အလားတူ သုံးဆယ့်တစ်ဘုံ ဖြစ်ဖြစ်-
သုံးဆယ့်နှစ်ဘုံ ဖြစ်ဖြစ်၊ အဲ့ဒီကို မ၀င်ရောက်မှီက အတိုင်း ပကတိနေ သူ့နေရာကို
ရောက်သွားအောင် ပြန်ပို့ခြင်း လို့ ဆိုလိုခဲ့တာပါ။
- ဦးပြောတဲ့
သဘောကဖန်ဆင်းထားတဲ့ ပရမတ်ဘုရားရှင်ထံ ပြန်သွားတာမဟုတ်လား ဦး၊ ကျွန်မပြောတာက တခါမှ
မရောက်ဖူးတဲ့ မြဲတဲ့လောကကို သွားမှာပါဦး။ အလွယ်ပြောရင် တခါမှမရောက်ဖူးတဲ့ လောကကို
သွားဖို့က အခုနေနေတဲ့ လောကကို သံယောဇဉ်ဖြတ်မှရမှာပါ ဦး။
တစ်ခါမှ မရောက်ဖူးတဲ့ လောကလို့ သမီး
သုံးသပ်တာကိုက လွဲနေပါတယ်။ အဲ့ဒီက လာခဲ့ခြင်း ဖြစ်တယ်။ အဲ့ဒီကို ပြန်သွား ရမှာပါ။
အဲ့ဒီက လာခဲ့ခြင်းကို အ၀ိဇ္ဇာဖုံးလိုက်လို့- တဏှာဖြစ်၊ ဘ၀ဖြစ်- လည်ပတ်နေခြင်း
ဖြစ်တယ်- သံယောဇဉ်ဖြတ်ရမှာက လောက ကိုမဟုတ်ဘူး၊ အ၀ိဇ္ဇာ ကိုသာ သံယောဇဉ် ဖြတ်ရမှာလို့
ဦး မြင်တယ်။ သံသရာ
ဆိုတဲ့ သဘောတရားကို အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ ဘာသာ၊ မဂျူစီ၊ ဒူရ်စီ ဘာသာတွေမှာ သွန်သင်ပါတယ်။
အသေးစိတ်ရှင်းချက် သိပ်မတူလှပေမယ့်- သဘောတရားက အတူတူပါပဲ။
- သံသရာကို
ဦးကိုယ်တိုင်တကယ်မြင်ချင်ရင် သင်ပေးတဲ့နေရာကို ကျွန်မပြောပြပါ့မယ်ဦး။
အဲ့ဒါတွေက စိတ်ကူးစိတ်သန်း သီအိုရီတွေ
ဖြစ်တယ်လို့ ဦးပြောခဲ့ပြီပဲ။ စိတ်ကူးထဲမှာ ထင်ဟပ်တဲ့ စိတ်ပါဝါ အဆင့်ရဲ့ ပုံရိပ်
များသာ ဖြစ်ပါတယ်။ တစ်ကယ်လို့ သမီးက ပြောနေတဲ့ ၀ိပဿနာ ဆိုတာကို မကျင့်ဘဲ- ဘိုးတော်
အကျင့်၊ နတ်ကတော် အကျင့်တွေကို ကျင့်ရင်လည်း သူ့သီအိုရီနဲ့သူ-
စိတ်ကူးစိတ်သန်းပုံရိပ်များကို တွေ့နိုင်ပါတယ်။ သာမန်လူတွေ မမြင်နိုင်
မကြားနိုင်တဲ့ အဆင့်တွေမှာ သူတို့သီအိုရီနဲ့ သူတို့ရှိနေတယ်။- ဒါကိုလည်း သူတို့က
သူတို့သတ်မှတ်တဲ့ အမည်နာမများနဲ့ ကင်းပွန်းတပ်ထားတာပဲ။ သမီးပြောနေတဲ့ သို့မဟုတ်
မြင်ဘူးပါတယ် ဆိုတဲ့ ဘ၀များ သံသရာများ ဆိုတာလဲ-၊ သက်ဆိုင်ရာ ဆရာတော်များက
ကင်ပွန်းတပ်ထားတဲ့ အမည်နာမများသာ ဖြစ်ပါတယ်။ သူတို့ပြောနေတဲ့ နောက်ဆုံး အဆင့်ကို
နိဗ္ဗာန် ရယ် လို့ ကင်ပွန်းပညတ် မပေးခဲ့ ဘဲ- ဗာန်နိတ် ရယ်လို့
ကင်ပွန်းတပ်ခဲ့ရင်လည်း သမီးက ဒီအတိုင်းပဲ မှတ်ယူမှာပဲ မဟုတ်လား--- ဒါကိုက
သမီးကိုယ်တိုင် ပညတ်- ပရမတ်ကို မကွဲသေးဘူး ဆိုတာ ထင်ရှားနေပါတယ်။ မမြဲတဲ့ လောက ဆိုတာ ဘ၀ များပဲ
မဟုတ်ပါလား။ ဘ၀များ ဆိုတာ မမြဲဘူး ဆိုရင် မြဲသွားအောင် ဘ၀ ရှိနေလို့ မဖြစ်ဘူး
ဆိုတဲ့ အချက်ကို သမီး မဆင်ခြင် မိဘူး ထင်ပါတယ်။
-
“ဘဝ” တွေ အလီလီ ပြောင်းလို့ မမြဲတာမဟုတ်ပါ ဦး။ ယခုဘဝရဲ့ အချိန်ခဏလေးတောင် မမြဲတာ
ပြောတာပါ။ ပရမတ် ကို မြင်အောင် ကြည့်ပေးပါ ဦး။
ဥပမာ နာမ်ဆိုပါစို့-
ပျင်းတဲ့စိတ်ပေါ်တယ်၊ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားတဲ့ စိတ် ပေါ်လာတယ်
(ပျင်းတဲ့စိတ် မရှိ တော့ပါဘူး)၊ အင်း.. သီချင်း နားထောင်ရင် ကောင်းမယ်လို့
စဉ်းစားတဲ့စိတ် ပေါ်လာတယ် (ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားတဲ့
စိတ်မရှိတော့ပါဘူး)၊ သီချင်းနားထောင်ရင်း ပျော်တဲ့စိတ် ပေါ်လာတယ် (သီချင်းနားထောင်ရင်
ကောင်းမယ်လို့ စဉ်းစားတဲ့စိတ် မရှိတော့ပါဘူး)၊ ဆက်နားထောင်ချင်တဲ့စိတ် ပေါ်လာတယ်
(ပျော်တဲ့စိတ် မရှိတော့ပါဘူး)၊ နားထောင်ရင်း ငြီးငွေ့စိတ် ပေါ်လာတယ်
(ဆက်နားထောင်ချင်တဲ့စိတ် မရှိတော့ပါဘူး)၊ သီချင်းရပ်ပစ်လိုက်တယ် (ငြီးငွေ့စိတ်
မရှိတော့ပါ ဘူး)။ နာမ်တရားဟာ မမြဲဘဲနာမ်တစ်ခုပျက်တိုင်း နောက်နာမ်တစ်ခုနှင့်
အစားထိုးပါတယ်။ ရုပ်တရားကလည်း တစ်ခု ပျက်တိုင်း နောက်တစ်ခုနှင့် အစားထိုးပါတယ်။
တဖြေးဖြေးလူတွေအိုလာတာဘာဖြစ်လို့လဲ။
ဒါကတော့ ပစ္စပ္ပာန်ကမ္မ၀ါဒက ဖွင့်ဆိုတဲ့
ပုံစံနဲ့ ဆင်တူနေပြန်တယ်။ စိတ်ကူးရှိတိုင်း စိတ်ကူးယဉ် သီအိုရီများကို ဖွင့်ဆိုမယ်
ဆို ရင် ဘယ်လို ဆုံးမလဲ- သမီး။ သုံးဆယ့် တစ်ဘုံကို မရောက်မှီ ဘယ်မှာ ရှိခဲ့သလဲ
ဆိုတာကိုပဲ သမီး အရင် ဖြေပေးပါ။ သို့မ ဟုတ် ဆင်ခြင်ပေးပါ။
သေဆုံးသွားတဲ့
ဆဲလ်တွေနေရာမှာ အပြည့်အဝ အစားမထိုးနိုင်တော့လို့ပါ။ ဒီဘဝမသေဆုံးခင်တောင် အဆက်မပြတ်
သေဆုံးနေတဲ့ ရုပ်၊နာမ်တွေကို မမြဲဘူးလို့ပြောတာပါ။ ပရမတ်ရဲ့ သိမ်မွေ့နက်နဲမှုကို
ဦး မြင်နိုင်ပြီဟုထင်ပါတယ်။
မမြဲတဲ့ လောကကို
ဥပမာတစ်ခုအနေနဲ့ ပြောပါ့မယ် ဦး။ (၃၁) ဘုံ ဖြစ်တဲ့ မမြဲတဲ့ လောက (သင်္ကတ) ဟာ
ရုပ်ရှင်ရုံ တစ်ရုံ ဆိုပါစို့ ဦး။ ရုပ်ရှင် တစ်ကားပြီးတစ်ကား ပြနေတာကို “ဘဝ”
တွေလို့ ဆိုရင် ရုပ်၊ နာမ်က ပြနေတဲ့ ရုပ်ရှင်ကားရဲ့ ဖလင် တစ်ကွက်ပါဦး။
ဖလင်တစ်ကွက်ပြီး တစ်ကွက်ကို အရှိန်နဲ့ပြသတဲ့အခါ တစပ်တည်းဖြစ်နေတယ် ထင်ရပေမယ့် တကယ်
တော့ တစ်ကွက်နေရာကို နောက်တစ်ကွက်က အစားထိုးတာပါဦး။
ဒါတွေကတော့ ဆွေးနွေးဘို့ မလိုလောက်ဘူး
ထင်ပါတယ်။ သမီးနဲ့ ဦး ကြားမှာ တူညီမှု ရှိနေတဲ့ သဘောပါ။ သမီးနဲ့ ဦးကြား မှာ
မမြဲတဲ့ သဘောတရားကို ဘုံလက်ခံပြီးသားပါ။ ဦးမေးတာက သုံးဆယ့်တစ်ဘုံကို မရောက်မှီ
ဘယ်ဖြစ်တည်ခဲ့သလဲ- သုံး ဆယ့်တစ်ဘုံကို ဘယ်က ၀င်လာခဲ့သလဲ။ ဆိုတာပါ။ ဒါကို ရှင်းမှ
အသင်္ကတ ဆိုတာမှာ ပရမတ်ဘုရား ဆိုတာကိုပါ ရှင်းနိုင် မှာပါ သမီး-။
(၂) ရုပ်၊နာမ်ကိုရှုလို့
ရတဲ့ဥာဏ်စဉ်က မဂ်ဥာဏ် အဖြစ်ကူးပြောင်းပြီးနိဗ္ဗာန်ကိုသွားတာပါ ဦး။ သောတာပန်၊
သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေဟာ ဒီဘဝမသေဆုံးခင် နိဗ္ဗာန်ကို စိတ်ညွှတ်ပြီး
သွားနိုင်ပါတယ်။ ဒီအပြင် ရဟန္တာကတော့ ဒီဘဝ သေဆုံးရင် နိဗ္ဗာန်ကို အပြီးရောက်သွားပါပြီ။
ဒီအတွက် တိကျခိုင်လုံတဲ့ သက်သေ
ဘယ်သူမှ ထုတ်ပြလို့ မရပါ။ ငါ- ရဟန္တာ ဖြစ်ပြီလို့ ရင့်ကျူးသူဟာလည်း မျက်နှာမှာ
အလင်းရောင်ဖြာပြီး ကွန့်မြူးပြနိုင်ခြင်း မရှိပါ။ သူ့ဟာသူ
ဉာဏ်စဉ်ဈာန်ကိန်ုးဆိုက်ခြင်းသာ ဖြစ်ပြီး ဘယ်သူကမှ မြင်ရတဲ့ ကိစ္စမျိုးမဟုတ်ပါ။
- ဟုတ်ပါတယ်ဦး။ ပရမတ်တရားကို သစ္စာ(၄)ပါးနဲ့ ဝိပဿနာရှုပြီး ဖြစ်တဲ့ရဟန္တာဟာ “မျက်နှာမှာ အလင်းရောင်ဖြာပြီး ကွန့်မြူးပြနိုင်ခြင်း မရှိပါ” ။ သေဆုံးသွားရင် ကိုယ်ခန္ဒာကို ဓါတ်တော်တွေအနေနဲ့ မမြဲတဲ့ လောက (သင်္ကတ) မှာ ထားခဲ့ ချင်ရင် ထားခဲ့လို့ရပါတယ်ဦး။
(၃) တရား ဆိုတာကို ဘယ်လိုကျင့်ယူမှာလဲ။
- ရုပ်၊နာမ်ကို
သစ္စာ(၄)ပါးနဲ့ ဝိပဿနာရှုမှာပါ ဦး။
သုံးဆယ့်တစ်ဘုံ ဆိုတာကို မရောက်မှီ
လူတွေ၊ သတ္တ၀ါတွေ ဘယ်မှတည်ခဲ့သလဲ- သမီးအရင် ဖြေပေးကြည့်ပါ။
- လူတွေ၊ သတ္တ၀ါ ဆိုတာ ပညတ်ပါ ၊ ပရမတ်မဟုတ်ပါ။ ရုပ်၊နာမ်တွေဟာ နဂိုရှိပြီးသား “ဓါတ်” တွေကဖြစ်လာတာပါ။ ဘယ်သူမှမဖန်ဆင်းပါ။
- ဦးယူဆသလို “ဘုရား” ဖြစ်နေရင် ဦးဘယ်လိုနည်းနဲ့ ပရမတ်ဘုရားဆီ သွားမယ်ဆိုတာ သိပါရစေ။
သိလာရမှာပါ။ ပထမဆုံး အနေနဲ့ အသင်္ကတ
သဘောကို သိပြီး ဖြစ်တဲ့ သမီးကို ရှင်းရမှာ တစ်ဆင့်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့်- သမီးကိုယ်တိုင်လည်း
ဓမ္မ ဆိုတဲ့ သဘောတရားကို အရင်သိဘို့ လိုပါဦးမယ်။ နောက်တစ်ခုက သုံးဆယ့်တစ်ဘုံ ကို
ဘယ်လို ရောက်လာသလဲ ဆင်ခြင်တဲ့စိတ် ရှိဘို့ လိုပါဦးမယ်။ အနည်းဆုံး အဆင့်
သုံးဆယ့်တစ်ဘုံထဲကို အလိုလို ရောက် လာတာ မဟုတ်ဘူး (သုံးဆယ့်တစ်ဘုံက လွတ်သွားတဲ့
နိဗ္ဗာန်ကို အလိုလို မရောက်နိုင်သလို) ဆိုတာလောက်ကို သမီး ဆင် ခြင်မိဘို့
လိုပါဦးမယ်။
(၄) သုံးဆယ့် တစ်ဘုံကို လက်ခံထားတဲ့
သမီးအနေနဲ့ အရာရာဟာ သုံးဆယ့်တစ်ဘုံထဲကပဲ စတင်ဖြစ် တည်ပြီး ကျင် လည်ရတယ်၊ ဒါကို
ဖြတ်တောက်ရမယ်လို့ပဲ ယုံကြည်ထားတာကို “အမှန်တရား” လို့ သတ်မှတ်ထားပါသလား။
-
သံသရာလည်စေတဲ့အကြောင်းတရားကို ဖြတ်တောက်ရမယ်ဆိုတဲ့ “အမှန်တရား”ကို
လုံးဝယုံကြည်ပါတယ် ဦး။ သော တာပန်တို့ ဖြတ်နိုင်တဲ့ အတိုင်းအတာကို အပြီးတိုင်ဖျက်၍
“နိဗ္ဗာန်”ကိုတစ်ကြိမ်မြင်စေတဲ့ “ပထမ မဂ်” ကို ရပြီးကြောင်းပါ။
ရွှင်လန်းချမ်းမြေ့ပါစေ ဦး။
သမီးလည်း ရွင်လန်းချမ်းမြေ့ပါစေ--၊
သမီး ကိန်းဆိုက်တဲ့ မဂ် ဆိုတာကို ဦး မဝေဖန်သေးပါ။ တစ်ဖြေးဖြေးတော့ ဝေဖန် ဆန်း စစ်
ပြမှာပါ။ သမီးနဲ့ အတွေ့အကြုံမတူရင်တောင် ဦး-လည်း ဦးအတွေ့အကြုံနဲ့
ဘ၀ဖြတ်သန်းမှုတွေ ရှိခဲ့ပါတယ်။ ဝေဖန် ဆန်းစစ်တဲ့အခါ ဖလှယ်တဲ့သဘောပေါ့။-
မိမိရဲ့ စိတ်ကူးဟာ မိမိရဲ့ ထင်မြင်ချက်သာ
ဖြစ်ပါသေးတယ်၊ တစ်ကယ့်လက်တွေ့မှာ- အမှန်တရားက အမှန်တရားပါ။ အမှန် တရား ဆိုတာ
မှတ်ကျောက်တင်ခံနိုင်တဲ့ သတ္တိရှိရပါမယ်။
သမီးဆင်ခြင်ရမယ့် အပိုင်းများက----၊
လူတစ်ဦးရဲ့ နောက်ဆုံး အဆင့် သဗ္ဗညုဉာဏ်ကို ကိန်းဆိုက်ပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်
တစ်ဦးဦးက ဘာဖြစ်လို့ ရှေ့နောက်မညီတဲ့ စကားများကို ပြောရပါသလဲ။ စကားလုံးများကို
အခုတစ်မျိုး တော်ကြာတစ်မျိုး (ဗလောင်း ဗလဲ) ပြောရပါလဲ။ သို့မဟုတ် သူ့ရဲ့
တပည့်သားမြေးများက ရဟန္တာအဆင့်ကို ရောက်တဲ့သူတွေ အများကြီးပါ ဆို ပြီး- ဘာဖြစ်လို့
လက်တွေ့ မှားယွင်းနေတဲ့ သွန်သင်မှုကြီးများကို ဆက်တိုက် သယ်ပိုး-
ပြဌာန်းထားရပါသလဲ-။ ဒီလို ပြန် ဆင်ခြင်ရင်- သူတို့ ပြောနေတဲ့ ဉာဏ်အဆင့်ဆင့်
ဆိုတာ ဘာကို ခေါ်ပါသလဲ--၊ ဆိုတဲ့ မေးခွန်းတွေက အများကြီး လာဦး မှာပါ။
အမှန်ကိုသာ တစ်ကယ်ချစ်တဲ့ သမီး-
ဆက်လက် ဆင်ခြင်နိုင်ပါစေ။
ချစ်ခင်စွာဖြင့်
မဇင်သူမင်း
ကျွန်မရဲ့အမြင်ကို
ရိုးသားစွာတင်ပြပါရစေ ဦး။ စကားထဲ အမှားပါရင် ခွင့်လွှတ်ပေးပါ ဦး။
အသင်္ကတ ဆိုတဲ့ အရာကို လက်ခံတာတော့
ဘုံတူညီမှု တွေ့နေရပါတယ်
-ဟုတ်ကဲ့တူပါတယ် ဦး။
ဒီတစ်မျိုးထဲမဟုတ်ပဲ စကားလုံးတွေတူပြီး အယူအဆတွေ မတူတာအများကြီးတွေ့ရလို့ ဦးရဲ့
အယူအဆကို မေးမြန်း ရခြင်း ဖြစ်ပါတယ်။
အဲ့ဒီ စိတ်တွေ၊ ဉာဏ်တွေ၊ ရုပ်တွေကို
ပါဠိလို ကျက်ရဦး (မြန်မာလို အကုန်မရှိတော့)- အဲ့ဒါတွေကို ကျက်မှတ်နေရင်း ကျင့်
ကြံတဲ့ အချိန်က ကုန်သွားဦးမယ်။- သမီးကိစ္စကြီးက လူတစ်ဦးဟာ ဘ၀သာ ကုန်သွားမယ်၊
နိဗ္ဗာန်ကို ရောက်နိုင်လိုက်ဘို့ မဖြစ်နိုင်ဘူး ဖြစ်နေတယ်။
- စာကိုကြက်တူရွေး
ကျက်သလို ကျက်နေတာနဲ့ နားလည်သဘောပေါက်အောင် လုပ်တာ ဘယ်အရာက မှန်ပါသလဲဦး။
ရှင်ဂေါတမက ရုပ်နာမ် ဆိုတဲ့သဘောတရားကို မိမိခန္ဓာမှာ ကြည့်ခိုင်းတာပါဦး။
ကြည့်ပြီးနားလည်ပြီဆိုတာနဲ့ ဥာဏ်စဉ် (၁) ကိုရပါပြီ။ ခန္ဓာမှာမကြည့်ပဲ
စာကျက်နေရင်တော့ ဦးပြောသလို ဘ၀သာ ကုန်သွားမယ်၊ နိဗ္ဗာန်ကို ရောက်ဘို့
မဖြစ်နိုင်ပါဘူး။
လူတွေကို ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုရှောင်၊ ဒီလိုဆောင်- ဆိုတဲ့ တိကျတဲ့ သွန်သင်မှုနဲ့သာ သူတို့ကျမ္မာရေးကို ဦးဆောင် လမ်းပြ ပြီး သယ်ဆောင်သွားရမှာ ဖြစ်သလို-၊ လူသားထုရဲ့ အနာဂါတ် ဆိုတာကိုလည်း အဲ့ဒီနည်းနဲ့သာဦးဆောင်လမ်းပြခေါ်သွားရမှာ ဖြစ်ပါတယ်။
- ဟုတ်ကဲ့ လက်ရှိဘဝမှာ ဘယ်လိုနေထိုင် နှလုံးသွင်းရမယ်ဆိုတဲ့ အဆုံးအမတွေရှိတဲ့အပြင် အိုခြင်း၊ နာခြင်း၊ သေခြင်းတွေ ကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတဲ့ အဆုံးအမတွေရှိပါတယ်။ ဒါ့အပြင် နောက်ဘဝကောင်းဖို့ ဒီဘဝမှာ ဘယ်လိုပြင်ဆင်ရမယ် ဆိုတာအပြင် အိုခြင်း၊ နာခြင်း၊ သေခြင်းတွေက အပြီးတိုင် လွတ်မြောက်ချင်ရင်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပြ ထားပါတယ်။
လူတစ်ဦးရဲ့ တရားကျင့်စဉ် ခဏတာ စိတ်ဘ၀င်မှာ ထင်ဟပ်တဲ့ နိဗ္ဗာန် ဖြစ်စေ၊ ဈန်အဆင့်များ ဖြစ်စေ- အဲ့ဒီ ခဏတာမှာပဲ မဂ် ဖိုလ်ဝင်စားတဲ့ သဘောပါ။
- မှန်ပါတယ် ဦး။ မသေခင်မှာကတော့
ဖိုလ်ဝင်စားပြီး နိဗ္ဗာန်ကို စိတ်ညွှတ်နိုင်ပါတယ်။ နိဗ္ဗာန် ကိုအပြီးအပိုင်သွားဖို့က
မဂ်က (၄) ဆင့် အထိတက်ရမှာပါ ဦး။ ဥပမာ သောတာပန်ဆိုရင် ပထမအဆင့်ပဲရသေးတာ ဆိုတော့
သေရင် အပါယ်ဘုံ တွေ လုံးဝမရောက်တော့ဘဲ အထက်ဘုံတွေမှာ အနည်းဆုံး တစ်ဘဝနဲ့ အများဆုံး
ခုနစ်ဘဝစံပြီး နိဗ္ဗာန် ဝင်ပါပြီ။
မဂ်ဖိုလ်ဝင်စားနေခိုက်
ခန္ဓာချသွားရင်တော့- အဲ့ဒီနောက်ဆုံး စိတ်က သူ့ကို အနာဂါတ်ရဲ့ အမြဲလောက အသင်္ကတလောက
ကို ပို့ဆောင်နိုင်မှာပါ။- အမှန်ကိုသာ ချစ်ပါတယ် ဆိုတဲ့ သမီး အနေနဲ့-၊
အနုလုံပဋိလုံ စောကြောဆင်ခြင်ကြည့်ပါ။
- ဒီနေရာမှာ ဦးအမြင်ရှင်းဖို့လိုပါတယ်။ သာမန်လူ (ပုထုဇဉ်) တွေအတွက်တော့ မှန်ပါတယ်။ မဂ်ရရှိထားပြီးသားသူကတော့ ဖိုလ်ဝင်စားပြီး ခန္ဓာချ သည်ဖြစ်ဖြစ်၊ ဖိုလ်မဝင်စားဘဲ ခန္ဓာချ သည်ဖြစ်ဖြစ် မိမိတို့ရရှိထားတဲ့ မဂ်အဆင့်နဲ့ညီတဲ့ ဘုံကို သွား မှာပါ။ ဒီအချက်က မဂ်ဥာဏ်ကိုရဖို့ အားထုတ်ရတဲ့ အဓိက အချက်ပါ။ သောတာပန်ဟာ သူရထားတဲ့ ပထမမဂ်ကိုပဲ ဖိုလ် ဝင်စားလို့ ရပါတယ်။ သေသွားတယ်ဆိုရင် ပထမမဂ်နဲ့ ကိုက်ညီတဲ့ဘုံ (လူ့ဘုံ၊ နတ်ဘုံ) ကိုပဲရောက်မှာပါ၊ အသင်္ကတ လော ကကို မရောက်သေးပါ။ သကဒါဂါမ်က သူရထားတဲ့ ဒုတိယမဂ်နဲ့ ညီတဲ့ ဘုံ (နတ်ဘုံ) ကိုပဲ ရောက်ပြီး အနာဂါမ်က သူ ရ ထားတဲ့ တတိယမဂ်နဲ့ ညီတဲ့ဘုံ (ဗြဟ္မာဘုံ) ကို ရောက်ပါတယ်။ ဒါပင်မယ့် အောက်ဘုံတွေ ပြန်လာစရာမလိုဘဲ အထက်ဘုံ ကနေ “နိဗ္ဗာန်” ကို ဝင်ပါတယ်။ ရဟန္တာက ခန္ဓာချသွားရင်တော့ စတုတ္ထမဂ်နဲ့ညီတဲ့ အသင်္ကတလောက “နိဗ္ဗာန်” ကို ဝင်ပါပြီ။
တစ်ခါမှ မရောက်ဖူးတဲ့ လောကလို့ သမီး သုံးသပ်တာကိုက လွဲနေပါတယ်။ အဲ့ဒီက လာခဲ့ခြင်း ဖြစ်တယ်။ အဲ့ဒီကို ပြန်သွား ရ မှာပါ။ အဲ့ဒီက လာခဲ့ခြင်းကို အ၀ိဇ္ဇာဖုံးလိုက်လို့- တဏှာဖြစ်၊ ဘ၀ဖြစ်- လည်ပတ်နေခြင်း ဖြစ်တယ်- သံယောဇဉ်ဖြတ်ရမှာက လောကကို မဟုတ်ဘူး၊ အ၀ိဇ္ဇာ ကို သာ သံယောဇဉ် ဖြတ်ရမှာလို့ ဦး မြင်တယ်။
- ဒီနေရာမှာ ဦးအမြင်ရှင်းဖို့လိုပါတယ်။ သာမန်လူ (ပုထုဇဉ်) တွေအတွက်တော့ မှန်ပါတယ်။ မဂ်ရရှိထားပြီးသားသူကတော့ ဖိုလ်ဝင်စားပြီး ခန္ဓာချ သည်ဖြစ်ဖြစ်၊ ဖိုလ်မဝင်စားဘဲ ခန္ဓာချ သည်ဖြစ်ဖြစ် မိမိတို့ရရှိထားတဲ့ မဂ်အဆင့်နဲ့ညီတဲ့ ဘုံကို သွား မှာပါ။ ဒီအချက်က မဂ်ဥာဏ်ကိုရဖို့ အားထုတ်ရတဲ့ အဓိက အချက်ပါ။ သောတာပန်ဟာ သူရထားတဲ့ ပထမမဂ်ကိုပဲ ဖိုလ် ဝင်စားလို့ ရပါတယ်။ သေသွားတယ်ဆိုရင် ပထမမဂ်နဲ့ ကိုက်ညီတဲ့ဘုံ (လူ့ဘုံ၊ နတ်ဘုံ) ကိုပဲရောက်မှာပါ၊ အသင်္ကတ လော ကကို မရောက်သေးပါ။ သကဒါဂါမ်က သူရထားတဲ့ ဒုတိယမဂ်နဲ့ ညီတဲ့ ဘုံ (နတ်ဘုံ) ကိုပဲ ရောက်ပြီး အနာဂါမ်က သူ ရ ထားတဲ့ တတိယမဂ်နဲ့ ညီတဲ့ဘုံ (ဗြဟ္မာဘုံ) ကို ရောက်ပါတယ်။ ဒါပင်မယ့် အောက်ဘုံတွေ ပြန်လာစရာမလိုဘဲ အထက်ဘုံ ကနေ “နိဗ္ဗာန်” ကို ဝင်ပါတယ်။ ရဟန္တာက ခန္ဓာချသွားရင်တော့ စတုတ္ထမဂ်နဲ့ညီတဲ့ အသင်္ကတလောက “နိဗ္ဗာန်” ကို ဝင်ပါပြီ။
တစ်ခါမှ မရောက်ဖူးတဲ့ လောကလို့ သမီး သုံးသပ်တာကိုက လွဲနေပါတယ်။ အဲ့ဒီက လာခဲ့ခြင်း ဖြစ်တယ်။ အဲ့ဒီကို ပြန်သွား ရ မှာပါ။ အဲ့ဒီက လာခဲ့ခြင်းကို အ၀ိဇ္ဇာဖုံးလိုက်လို့- တဏှာဖြစ်၊ ဘ၀ဖြစ်- လည်ပတ်နေခြင်း ဖြစ်တယ်- သံယောဇဉ်ဖြတ်ရမှာက လောကကို မဟုတ်ဘူး၊ အ၀ိဇ္ဇာ ကို သာ သံယောဇဉ် ဖြတ်ရမှာလို့ ဦး မြင်တယ်။
- ဟုတ်ကဲ့
စကားလုံးတူပြီး အယူအဆမတူဘူးလို့ ကျွန်မပြောခဲ့သလိုပါပဲ ဦး။ အဲဒီလိုအယူအဆကွာလို့
ကျွန်မနဲ့ ဦး ဘာ သာမတူတာပါ ဦး။ ဒီနေရာမှာ ကျွန်မရဲ့ အယူအဆက ဒီလောကဟာ အိုခြင်း၊
နာခြင်း၊ သေခြင်းတွေ နဲ့ မမြဲတဲ့အတွက် ဒီလောက ကနေ လွတ်မြောက်ဖို့က အဓိကပါ။
ကျွန်မရဲ့အယူအဆအရ
အ၀ိဇ္ဇာ (အမှောင်ဖုံးတယ်) ဆိုတာ လူတွေကို မိမိ ကိုယ်ကို
ရုပ်၊ နာမ် (ပရမတ်) တွေလို့ မသိအောင် ဖုံးကွယ်တာကို ခေါ်တာပါဦး။ တဏှာ
(လိုချင်တပ်မက်မှု) ဆိုတာ ရုပ်၊ နာမ်
တွေလို့မသိတော့ မိမိကိုယ်ကို တပ်မက်နေလို့ ဘဝတွေဖြစ်နေတာပါ ဦး။ ဒါကြောင့်
ရုပ်၊နာမ် ဆိုတဲ့ အမှန်ကိုမြင်ရင် အ၀ိဇ္ဇာ အမှောင်ကို ၀ိဇ္ဇာ
ဆိုတဲ့အလင်းဆောင်နိုင်ပြီး ဒီလောကကို သံယောဇဉ်ဖြတ်နိုင်ပါပြီ ဦး။
အဲ့ဒါတွေက စိတ်ကူးစိတ်သန်း သီအိုရီတွေ
ဖြစ်တယ်လို့ ဦးပြောခဲ့ပြီပဲ။ စိတ်ကူးထဲမှာ ထင်ဟပ်တဲ့ စိတ်ပါဝါ အဆင့်ရဲ့ ပုံရိပ်
များသာ ဖြစ်ပါတယ်။ တစ်ကယ်လို့ သမီးက ပြောနေတဲ့ ၀ိပဿနာ ဆိုတာကို မကျင့်ဘဲ- ဘိုးတော်
အကျင့်၊ နတ်ကတော် အကျင့်တွေကို ကျင့်ရင်လည်း သူ့သီအိုရီနဲ့သူ-
စိတ်ကူးစိတ်သန်းပုံရိပ်များကို တွေ့နိုင်ပါတယ်။ သာမန်လူတွေ မမြင်နိုင်
မကြားနိုင်တဲ့ အဆင့်တွေမှာ သူတို့သီအိုရီနဲ့ သူတို့ရှိနေတယ်။
- စိတ်ကူးစိတ်သန်းတွေဟာ
တကယ်ဖြစ်မလာဘူးလို့ ဦးအသေအချာပြောနိုင်ပါသလား
ဒီလောကမှာ
ကြိုးစားတဲ့သူအတွက် ကြိုးစားမှုအဆင့်လိုက် ရလဒ်တွေရှိပါတယ် ဦး။ ဥပမာ
တောင်ပေါ်ကိုတက်သွားတဲ့ လူ တွေက တောင်ပေါ် ကမြင်ရတဲ့ ရှုခင်းတွေအကြောင်း ပြောတာကို
မယုံရင် သူတို့လို လိုက်တက်ကြည့်ပြီးမှ ဟုတ်မဟုတ် ဝေဖန်သင့်ပါတယ်။ ဒါတောင်
သူတို့သွားတဲ့ လမ်းအတိုင်းသွားမှ သူတို့လိုမြင်မှာပါ။
သူတို့ပြောနေတဲ့ နောက်ဆုံး အဆင့်ကို
နိဗ္ဗာန် ရယ်လို့ ကင်ပွန်းပညတ် မပေးခဲ့ဘဲ- ဗာန်နိတ် ရယ်လို့ ကင်ပွန်းတပ်ခဲ့ရင်လည်း
သမီးက ဒီအတိုင်းပဲ မှတ်ယူမှာပဲ မဟုတ်လား--- ဒါကိုက သမီးကိုယ်တိုင် ပညတ်- ပရမတ်ကို
မကွဲသေးဘူး ဆိုတာ ထင်ရှား နေပါတယ်။
- ဒါကတော့ ကျွန်မနဲ့ဦး စကားလုံးတွေတူပြီး အယူအဆတွေမတူဘူးလို့ ပြောခဲ့သလိုပါပဲ။ ကျွန်မ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ဆရာတော် သင်ကြားတဲ့အတိုင်း ပညတ်နဲ့ ပရမတ်ကို သင်ယူထားပါတယ်။ ကိုယ်တခါမှ မသွားဘူးတဲ့ ပန်းတိုင်ကို သွားတဲ့ နေရာမှာ ဆရာပြောတဲ့အတိုင်း တသွေမတိမ်းလုပ်ကြည့်ပြီး မမှန်ကန်ရင် ဒါမှမဟုတ် မယုံကြည်တော့ရင် ဆက်ပြီး မသင်ယူ ပဲ ရပ်ပစ်လိုက်ရုံပါပဲ။ ဆရာပြောတဲ့အတိုင်း မလုပ်ဘဲ ကိုယ်ယူဆချင်သလို ယူဆနေရင် အချိန်တွေကြာပြီး ပန်းတိုင် မရောက်ပဲ ရောက်ချင်တဲ့နေရာ ရောက်နေမှာပေါ့ ဦး။
- ဒါကတော့ ကျွန်မနဲ့ဦး စကားလုံးတွေတူပြီး အယူအဆတွေမတူဘူးလို့ ပြောခဲ့သလိုပါပဲ။ ကျွန်မ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ဆရာတော် သင်ကြားတဲ့အတိုင်း ပညတ်နဲ့ ပရမတ်ကို သင်ယူထားပါတယ်။ ကိုယ်တခါမှ မသွားဘူးတဲ့ ပန်းတိုင်ကို သွားတဲ့ နေရာမှာ ဆရာပြောတဲ့အတိုင်း တသွေမတိမ်းလုပ်ကြည့်ပြီး မမှန်ကန်ရင် ဒါမှမဟုတ် မယုံကြည်တော့ရင် ဆက်ပြီး မသင်ယူ ပဲ ရပ်ပစ်လိုက်ရုံပါပဲ။ ဆရာပြောတဲ့အတိုင်း မလုပ်ဘဲ ကိုယ်ယူဆချင်သလို ယူဆနေရင် အချိန်တွေကြာပြီး ပန်းတိုင် မရောက်ပဲ ရောက်ချင်တဲ့နေရာ ရောက်နေမှာပေါ့ ဦး။
ဒါကတော့ ပစ္စပ္ပာန်ကမ္မ၀ါဒက ဖွင့်ဆိုတဲ့
ပုံစံနဲ့ ဆင်တူနေပြန်တယ်။ စိတ်ကူးရှိတိုင်း စိတ်ကူးယဉ် သီအိုရီများကို ဖွင့်ဆိုမယ်
ဆို ရင် ဘယ်လို ဆုံးမလဲ- သမီး။
- ရုပ်၊ နာမ်ဆိုတာဟာ
ရှင်ဂေါတမလက်ထက်ထဲကနေ ယနေ့ထိရှိနေတဲ့အရာပါ။ ဦးနဲ့ကျွန်မမှာလဲ ဘုံတူညီတဲ့အရာပါ။
ဒါကို ဦး မြင်နိုင်အောင် ပစ္စပ္ပာန်ကမ္မ၀ါဒနဲ့ ဖွင့်ဆို ပြတာပါ။
သိလာရမှာပါ။ ပထမဆုံး အနေနဲ့ အသင်္ကတ သဘောကို သိပြီး ဖြစ်တဲ့ သမီးကို ရှင်းရမှာ တစ်ဆင့်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့်- သမီးကိုယ်တိုင်လည်း ဓမ္မ ဆိုတဲ့ သဘောတရားကို အရင်သိဘို့ လိုပါဦးမယ်။ နောက်တစ်ခုက သုံးဆယ့်တစ်ဘုံ ကို ဘယ်လို ရောက်လာသလဲ ဆင်ခြင်တဲ့စိတ် ရှိဘို့ လိုပါဦးမယ်။ အနည်း ဆုံး အဆင့် သုံးဆယ့်တစ်ဘုံထဲကို အလိုလို ရောက်လာတာ မဟုတ်ဘူး (သုံးဆယ့်တစ်ဘုံက လွတ်သွားတဲ့ နိဗ္ဗာန်ကို အလိုလို မရောက်နိုင်သလို) ဆိုတာလောက်ကို သမီး ဆင်ခြင်မိဘို့ လိုပါဦးမယ်။
- ကိစ္စမရှိပါဘူး ဦး။
ပရမတ် ဘုရားဆီကိုဘယ်လိုသွားမယ်ဆိုတာကို ဦးနားလည်ယုံကြည်ထားသလိုပဲရှင်းပြပေးပါ။
သမီးဆင်ခြင်ရမယ့် အပိုင်းများက----၊
လူတစ်ဦးရဲ့ နောက်ဆုံး အဆင့် သဗ္ဗညုဉာဏ်ကို ကိန်းဆိုက်ပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်
တစ်ဦးဦးက ဘာဖြစ်လို့ ရှေ့နောက်မညီတဲ့ စကားများကို ပြောရပါသလဲ။ စကားလုံးများကို
အခုတစ်မျိုး တော်ကြာတစ်မျိုး (ဗလောင်းဗလဲ) ပြောရပါလဲ။ သို့မဟုတ် သူ့ရဲ့
တပည့်သားမြေးများက ရဟန္တာအဆင့်ကို ရောက်တဲ့သူတွေ အများကြီးပါ ဆို ပြီး- ဘာဖြစ်လို့
လက်တွေ့ မှားယွင်းနေတဲ့ သွန်သင်မှုကြီးများကို ဆက်တိုက် သယ်ပိုး-
ပြဌာန်းထားရပါသလဲ-။ ဒီလို ပြန် ဆင်ခြင်ရင်- သူတို့ ပြောနေတဲ့ ဉာဏ်အဆင့်ဆင့်
ဆိုတာ ဘာကို ခေါ်ပါသလဲ--၊ ဆိုတဲ့ မေးခွန်းတွေက အများကြီး လာဦး မှာပါ။
- လူတစ်ယောက်နဲ့တစ်ယောက်မှာ နားလည်နိုင်စွမ်းတွေ၊ ဘယ်နည်းနဲ့ ဟောမှ နားလည်နိုင်မယ်ဆိုတာတွေ မတူပါဘူး ဦး။ ဒါကြောင့် သဗ္ဗညုဉာဏ်ကို ရထားတဲ့ ရှင်ဂေါတမက သူဟောမယ့် သူအပေါ်မူတည်ပြီး တမျိုးစီဟောတာပါ ဦး။ အခြေခံ သဘောကတော့ အတူတူပါပဲ။
- လူတစ်ယောက်နဲ့တစ်ယောက်မှာ နားလည်နိုင်စွမ်းတွေ၊ ဘယ်နည်းနဲ့ ဟောမှ နားလည်နိုင်မယ်ဆိုတာတွေ မတူပါဘူး ဦး။ ဒါကြောင့် သဗ္ဗညုဉာဏ်ကို ရထားတဲ့ ရှင်ဂေါတမက သူဟောမယ့် သူအပေါ်မူတည်ပြီး တမျိုးစီဟောတာပါ ဦး။ အခြေခံ သဘောကတော့ အတူတူပါပဲ။
- ကျွန်မတစ်ခုစဉ်းစားမိတာက ဦးယူဆသလို အခုတမျိုးတော်ကြာတမျိုးပြောတဲ့ ရှင်ဂေါတမရဲ့ စကားလုံး တော်တော် များ များကို ဘာကြောင့်အစ္စလာမ်မှာတွေ့ရ ပါသလဲ။ နောက်တစ်ခုက ဘယ်အကြောင်းကြောင့် အယ်ကိုင်းဒါးဆိုတဲ့ အစွန်းရောက်တွေပေါ်ထွန်း လာပါသလဲ။ ဦးအမြင်ကိုသိပါရစေ။
လေးစားစွာဖြင့်
မဇင်သူမင်း
မဇင်သူမင်း
ဦးဌေးလွင်ဦး
မင်္ဂလာပါ။
သမီးဆွေးနွေးတဲ့ အပိုဒ်များကို
တစ်ပိုဒ်ချင်း ပြန်ဆွေးနွေးပါမယ်။- ဦးမေးထားတာမှာ သမီး မရှင်းဘဲ ကျန်နေတဲ့
“သုံးဆယ့် တစ်ဘုံကို ဘယ်က လာခဲ့သလဲ” ဆိုတာလေးကို သမီးဆင်ခြင်မိသလောက် အရင် ရှင်းစေလိုပါတယ်။
ချစ်ခင်စွာဖြင့်
မဇင်သူမင်း
ဟုတ်ကဲ့
နဂိုရှိပြီးသား“ဓါတ်” တွေက စဖြစ်လာတာပါ။
လေးစားစွာဖြင့်
မဇင်သူမင်း
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
နဂို ရှိပြီးသား ဓါတ်တွေက ဘယ်ဘုံမှာ
စတင်ဖြစ်ပေါ်ပါသလဲ။ ဘာကြောင့် (သူတို့မှာ ရှေ့ဘ၀ကံ ဆိုတာ မရှိခဲ့သေးဘဲ) အဲ့ဒီ ဘုံ
မှာ စတင် ဖြစ်ပေါ်ရပါသလဲ။ သမီးရှင်းပါဦး။
ချစ်ခင်စွာဖြင့်
မဇင်သူမင်း
ဟုတ်ကဲ့ပါဦး။
နဂို ရှိပြီးသား ဓါတ်တွေက ဘယ်ဘုံမှာ စတင်ဖြစ်ပေါ်ပါသလဲ။ ဘာကြောင့် (သူတို့မှာ ရှေ့ဘ၀ကံ ဆိုတာ မရှိခဲ့သေးဘဲ) အဲ့ဒီ ဘုံမှာ စတင် ဖြစ်ပေါ်ရပါသလဲ။ သမီးရှင်းပါဦး။
နဂို ရှိပြီးသား ဓါတ်တွေက ဘယ်ဘုံမှာ စတင်ဖြစ်ပေါ်ပါသလဲ။ ဘာကြောင့် (သူတို့မှာ ရှေ့ဘ၀ကံ ဆိုတာ မရှိခဲ့သေးဘဲ) အဲ့ဒီ ဘုံမှာ စတင် ဖြစ်ပေါ်ရပါသလဲ။ သမီးရှင်းပါဦး။
- ဒီနေရာမှာ ဦးရဲ့မေးခွန်းနဲ့ တူတဲ့ ဥပမာတစ်ခုကို ပြောပြပါ့မယ်။ အိမ်က“ဘုံ” ဆိုရင် အိမ်တစ်လုံး ဖြစ်လာဖို့အတွက် သုံးတဲ့ အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ၊ ရေ၊ သစ်သား တွေက “ဓါတ်” တွေဆိုရင် အဲဒီ အုတ်၊ သဲ၊ ကျောက် စတဲ့ ပစ္စည်း တွေဟာ ဘယ်အိမ်က လာပါသလဲ ဆိုသလို ဖြစ်နေပါတယ်။
- နောက်တစ်ခုက ဦး ကျွန်မရဲ့ အယူအဆကို အပြည့်အဝ လက်မခံနိုင်ဘူးဆိုတာ ကျွန်မယုံကြည်ပါတယ်။ ဥပမာ- နိဗ္ဗာန် ဆိုတာ ဘွဲ့ဒီဂရီတစ်ခု ဆိုပါစို့။ အဲဒီ ဘွဲ့ဒီဂရီကိုရဖို့ (၄) နှစ် တက်ရပြီး တစ်နှစ်ချင်းဆီမှာ သင်ရိုးညွှန်းတမ်းတွေ ရှိတယ် ဆိုပါစို့။ အဲဒီ မေးခွန်းရဲ့ အဆင့်ဟာ တတိယနှစ်ရဲ့ သင်ရိုးထဲ မှာပါတယ်ဆိုရင် အဲဒီမေးခွန်းရဲ့ အဖြေကို ပြောပြတောင်မှ ဆယ်တန်း ကျောင်းသားဟာ နားမလည်နိုင်တဲ့ သဘောပါပဲ ဦး။ မြင်သာအောင်ပြောရလို့ စကားထဲ အမှားပါရင် ခွင့်လွှတ် ပေးပါ ဦး။
- “ပရမတ်” ဘုရားဆီဘယ်နည်းနဲ့ သွားမယ်ဆိုတာကို ဦးအယူအဆတိုင်းပြောပြပါ။ ကျွန်မဦးအယူအဆတိုင်း လိုက်ပြီး နား လည်အောင် လုပ်ကြည့်ပါ့မယ်။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
သမီးပေးတဲ့ ဥပမာက ဦးမေးခွန်းနဲ့
အတော့ကို လွဲနေပါတယ်။
(၁) ဘ၀ တစ်ခု (ဥပမာ လူတစ်ယောက်) ဟာ
သုံးဆယ့်တစ်ဘုံမှာ မဖြစ်မှီ ဘယ်မှ ဖြစ်ခဲ့ပါသလဲ၊ သို့မဟုတ် သုံးဆယ့် တစ် ဘုံကို
ဘယ်လို ၀င်ရောက်ခဲ့ပါသလဲ။--
ဒီတော့ သမီးက နဂို ရှိပြီးသား
ဓါတ်တွေက ဖြစ်လာတာလို့ ဖြေပါတယ်။ (အမေးအတွက် အဖြေရှိတဲ့ သဘောမို့ လက်ခံပါ တယ်)
ဆက်လက်မေးတာက-
(၂) အဲ့ဒီ နဂိုရှိပြီး ဓါတ်တွေက
(သူ့မှာ ရှေ့ဘ၀ကံ မရှိခဲ့သေးဘဲ) သုံးဆယ့် တစ်ဘုံရဲ့ ဘယ်ဘုံမှ စတင်ဖြစ်ခဲ့တာလဲ-
လို့ မေး တာပါ။
သမီး ပေးတဲ့ ဥပမာက ဘုံကို အိမ်နဲ့
တင်ပြပြီး ဘုံဖြစ်ပေါ်ဘို့ တည်ဆောက်တဲ့ ဓါတ်တွေကို သစ်၊ ၀ါး၊ ကျောက်နဲ့ တင်ပြပါ
တယ်။- ဦးမေးတာက သုံးဆယ့်တစ်ဘုံရဲ့ တစ်ဘုံချင်း ဖြစ်တည်မှု (တစ်ဘုံချင်းကို
တည်ဆောက်မှု- ) မဟုတ်သေးဘူး။ အဲ့ဒီ သုံးဆယ့် တစ်ဘုံဆိုတဲ့ (နေရာ သုံးဆယ့် တစ်ခု)
ထဲက တစ်ခုခုကို ဘ၀ တစ်ခုခုက ဘယ်နေရာကို စတင်ရောက်ရှိ အခြေ ချသလဲလို့ မေးတာပါ။
(ဘုံတစ်ခုချင်းကို ရောက်လာဘို့တော့ ဗုဒ္ဓသီအိုရီအရ ရှေ့ဘ၀ ကံဆိုတာက လိုသေးတယ်လေ။)
သမီးအဖြေက အိမ်တစ်လုံးကို
ဆောက်လိုက်ရင်- အဲ့ဒီ အိမ်ထဲမှာ အိမ်ရှင်တွေပါ ရောပြီးပါလာတဲ့ သဘော ဖြစ်နေတယ်။ ခွဲ
ခြမ်း စိတ်ဖြာ- သုံးသပ်ပြီး ဖြေပေးပါ။
နောက်တစ်ခုက သမီးပြောနေတဲ့ နိဗ္ဗာန်ကို
ဦးနားမလည်ဘူး၊ လက်မခံနိုင်ဘူးလို့ သမီးထင်နေပြန်တယ်။ (သမီးသဘောပါ၊-) သမီးက
အမှန်ကို ဆွေးနွေးတာပါလို့ ပြောခဲ့တယ်နော်။ အမှန်ဆိုတာ မှတ်ကျောက်တင်
ခံနိုင်ရမှာပဲလေ။ စိတ်ကူးယဉ် သီအိုရီတွေကို လျှောက်ပြောနေလို့ ဘယ်ဖြစ်မလဲ။
“ကျွန်မ မနေ့ညက အိပ်မက်ထက်မှာ နတ်ပြည်ကိုရောက်ခဲ့တယ်။ ဦး လည်း မယုံရင် ကျမ အိပ်သလို၊
သင်ဖြူးဖျာကိုခင်း၊ မြောက်ဘက်ကို ခေါင်းရင်းထားပြီး၊ ခေါင်းအုံးပါးပါးနဲ့
စောင်အညို ရောင်ကို ခြုံလျှက်၊ ဘေးစောင်းလေး အိပ်ကြည့်လိုက်ပါ-” ဆိုတဲ့
စကားမျိုးက လက်ခံနိုင်မယ့်သူအတွက် အင်မတန်မှ စဉ်း စားရမယ့် အချက်ပါ
သမီး။
ဦးက လက်ခံပြီး လိုက်အိပ်ကြည့်တယ်
ထားပါတော့- အဲ့ဒီအိပ်မက်မျိုး မမက်ပြန်ရင်လည်း လိုက်လုပ်မိတာကို ရှက်ကိုး
ရှက်ကန်းနဲ့ ဟုတ်ပါတယ်- ငါလည်း မက်ပါတယ်လို့ လျှောက်ပြောရဦးမယ်။- တစ်ဖန်
နောက်တစ်ယောက်က လိုက်အိပ် မယ်- သူလည်း ရှက်ကိုးရှက်ကန်းနဲ့ လိုက်ပြောရဦးမယ်။
တစ်ယောက်ယောက်က အမှန်ကို ချစ်လို့ မဟုတ်ဘူး၊ ငါမမက်ဘူး ပြောတဲ့အခါ- အဲ့ဒီ လူကို
“မင်းက အိပ်တာမှာ စနစ်မကျသေးလို့၊ မိန်မိန်ယှက်ယှက် အိပ်မပျော်သေးလို့၊ အိပ်နေစဉ်
စောင်အစလေး လန်သွားလို့” စတဲ့ မဟုတ်တဲ့ ဆင်ခြေနေတွေနဲ့ အဲ့ဒီလူကို
ပုတ်ခတ်လိုက်ဦးမယ်။--- ဒါမျိုးတွေက အမှန် တရားမှ မဟုတ်ဘဲ။
ပထမအဆင့်မဂ် ကို သမီး တစ်ကယ် လက်တွေ့
ကိန်းဆိုက်ဘူးရင်- သမီးအနေနဲ့ အစွဲထက် အမှန်ကို ချစ်ပါ။ အစွဲ ဆိုတာ
မှတ်ကျောက်အတင်မခံနိုင်ဘူး သမီး။ အမှန်မှသာ မှတ်ကျောက်တင်ခံနိုင်ပါတယ်။ ဒါမှ
မဟုတ်ရင် သမီးပြောနေ ၀န်ခံ နေ တာ တွေက တစ်ခြားလူတစ်ဦးကို လှည့်ပတ်သာသနာပြုလိုလို့-
မတန်မရာတွေ ကြွားလုံးထုတ်ပြီး လေပြေအေးလေးနဲ့ လျှောက်ပြော နေတာလို့
အပြစ်မြင်ခံနေရဦးမယ်။--။ အဲ့လိုဆို မသင့်တော်ဘူးပေါ့- သမီး။
သမီးက ဘာသာရေးမှာ အတော်လေး
လေ့လာထားတာတော့ သေချာပါတယ်။ ဒီအတွက် ဦးဂုဏ်ယူပါတယ်။ ပိုပြီး တည့် မတ်သွားအောင်
သမ္မာဒိဌိ၊ (မှန်ကန်စွာ မြင်နိုင်တဲ့ အမြင်) သမ္မာသင်္ကပ (မှန်ကန်စွာ
ခြင်ဆင်နိုင်မှု)များ ရှိပါစေလို့ ဦး မေတ္တာပို့ပါတယ်။
ချစ်ခင်စွာဖြင့်
မဇင်သူမင်း
ဟုတ်ကဲ့ပါ ဦး။
ကျွန်မရဲ့ မေးခွန်းကို ဦးအခုထိ မဖြေသေးပါ။
ကျွန်မနဲ့ဦး ဘာသာချင်းဖလှယ် နေတာပါ။ ဘာသာမတူတဲ့ အတွက် ကျွန်မရဲ့အယူအဆကို ပြောပြတဲ့အခါ အဲဒီအယူအဆ အတိုင်း ကျေးဇူးပြု၍ လိုက်ပြီးတွေးကြည့်ပေးပါ။ (၃၁) ဘုံမှာအမှန်ရှိတာ ရုပ်၊ နာမ်ပါ ဦး။ ဦးရဲ့မေးခွန်းက “ဘုံ” ဖြစ်နေတယ် ဦး (“ဘုံ”ဟာ ပညတ်ပါ၊ ပညတ်ဟာ အမြဲမမှန်ပါ) ဒီ ရုပ်၊နာမ်တွေဟာ နဂိုရှိပြီးသား “ဓါတ်”တွေပေါင်းစည်း ပြီးဖြစ်လာတာပါ ဦး။ ကနဦးဖြစ်လာတဲ့ ရုပ်၊နာမ် မှာတော့ ရှေးဘဝကံ ဘယ်ရှိမလဲဦး ဒါပင်မယ့် စပြီးဖြစ်တည်ကတည်းက လုပ်ဆောင်တဲ့ ပစ္စုပ္ပာန်ကံတွေက “အကျိုး” စပေးပါပြီ။
စိတ်ကူးယဉ်သီအိုရီတွေကို လျှောက်ပြောနေလို့ ဘယ်ဖြစ်မလဲ။
-
စိတ်ကိုအရမ်းလျော့မတွက်ပါနဲ့ ဦး။ “စိတ်”ဟာ “ရုပ်”ရဲ့ ရှေ့ဆောင်ပါ ဦး။
မော်ကော်ကား၊ လေယာဉ်ပျံ တွေဟာ စိတ်ကူး ယဉ် သီအိုရီတွေကစတာပါ ဦး။
မှန်ကန်တဲ့နှလုံးသွင်းစိတ်ဟာ “နိဗ္ဗာန်”ထိရောက်အောင် ပို့ဆောင်နိုင်ပါတယ် ဦး။
ပိုပြီး တည့်မတ်သွား အောင် သမ္မာဒိဌိ၊ (မှန်ကန်စွာ မြင်နိုင်တဲ့ အမြင်) သမ္မာသင်္ကပ (မှန်ကန်စွာ ခြင်ဆင်နိုင်မှု)များ ရှိပါစေလို့ ဦး မေတ္တာပို့ပါတယ်။
- သမ္မာဒိဌိ၊ (မှန်ကန်စွာ မြင်နိုင်တဲ့ အမြင်) ဆိုတာ ရုပ်၊နာမ်တွေဟာ ဒုက္ခအစစ်ဖြစ်ကြောင်းသိတဲ့ အမြင်မှန်ကိုခေါ်တာပါ။ သမ္မာသင်္ကပ (မှန်ကန်စွာ ခြင်ဆင်နိုင်မှု) ဆိုတာ ဒုက္ခအစစ်ဖြစ်ကြောင်း အမြင်မှန်ကို ဆင်ခြင်တာကိုခေါ်တာပါ။ တစ်ခု ပြော ပါရစေ ဦး ဒီစကားလုံးတွေဟာ နေရာတကာသုံးလို့ မသင့်တော်ပါ။ ဦးရဲ့ Web Site မှာလည်း အစ္စလာမ်ကျမ်းမှာပါတဲ့ စကားလုံးတွေကိုပဲ ထည့်ပေးစေ ချင်ပါတယ်။
- “ပရမတ်” ဘုရားဆီဘယ်နည်းနဲ့ သွားမယ်ဆိုတာကို ဦးအယူအဆတိုင်းပြောပြပါ။ ကျွန်မဦးအယူအဆတိုင်း လိုက်ပြီး နားလည်အောင် လုပ်ကြည့်ပါ့မယ်။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
ဟုတ်ကဲ့ပါ ဦး။
ကျွန်မရဲ့ မေးခွန်းကို ဦးအခုထိ မဖြေသေးပါ။
ကျွန်မနဲ့ဦး ဘာသာချင်းဖလှယ် နေတာပါ။ ဘာသာမတူတဲ့ အတွက် ကျွန်မရဲ့အယူအဆကို ပြောပြတဲ့အခါ အဲဒီအယူအဆ အတိုင်း ကျေးဇူးပြု၍ လိုက်ပြီးတွေးကြည့်ပေးပါ။ (၃၁) ဘုံမှာအမှန်ရှိတာ ရုပ်၊ နာမ်ပါ ဦး။ ဦးရဲ့မေးခွန်းက “ဘုံ” ဖြစ်နေတယ် ဦး (“ဘုံ”ဟာ ပညတ်ပါ၊ ပညတ်ဟာ အမြဲမမှန်ပါ) ဒီ ရုပ်၊နာမ်တွေဟာ နဂိုရှိပြီးသား “ဓါတ်”တွေပေါင်းစည်း ပြီးဖြစ်လာတာပါ ဦး။ ကနဦးဖြစ်လာတဲ့ ရုပ်၊နာမ် မှာတော့ ရှေးဘဝကံ ဘယ်ရှိမလဲဦး ဒါပင်မယ့် စပြီးဖြစ်တည်ကတည်းက လုပ်ဆောင်တဲ့ ပစ္စုပ္ပာန်ကံတွေက “အကျိုး” စပေးပါပြီ။
သမီးပြောနေတာတွေကို ဦး
သဘောပေါက်ပါတယ်။ ဦး အထင်တော့ တစ်ကယ် နားမလည်ဘဲ နားလည်သလိုလို ခံစားမှု ဖြစ် နေတာက
သမီးပါ။ ခေါင်းအေးအေးနဲ့ တွေ့ကြည့်ပါ။ ဦးက ဘုံ ဘယ်လို ဖြစ်လာသလဲ မမေးသေူးဘူး
သမီး- သုံးဆယ့် တစ်ဘုံ သီအိုရီ ရှိလို့- အဲ့ဒီ ဘုံထဲက ချုပ်ငြိမ်းဘို့ နည်းလမ်း
ဆိုတာကို ပြောလာရတာပါ။ ဒီတော့ လူတစ်ဦးဟာ ဟိုး- မူလ အစမှာ သုံး ဆယ့်တစ်ဘုံထဲက
ဘယ်ဘုံမှာ စတင်ဖြစ်လာပါသလဲ။ ရှေ့ဘ၀ကံ မရှိဘဲ အဲ့ဒီ ဘုံမှာ ဘာဖြစ်လို့
စတင်ဖြစ်လာရသလဲ။ ဆိုတာကို သမီး အရင်ဆင်ခြင်ကြည့်စေချင်တယ်။ မူလ အစက ဓါတ်တွေသာ
ဖြစ်ခဲ့ရင်- အဲ့ဒီ ဓါတ်တွေဟာ သုံးဆယ့်တစ်ဘုံ (ဘုံ ဆိုတဲ့ နေရာကို မမေးသေးပါ)
ဆိုတဲ့ နေရာတစ် ခုခုမှာ- ရုပ်နာမ်နဲ့ သတ္တ၀ါတစ်ခုခု ဘယ်လို စဖြစ်ခဲ့သလဲ--။ ဆိုတာပါ။
သူ့ဟာသူ အလိုလို ဖြစ်လာသလားပေါ့--၊
ဒါလေးကို ဖြေပေးပြီးရင် (သမီးနားလည်သလိုသာ ဖြေပါ။ သို့မဟုတ် စဉ်းစား ပေး ပါ)
အဲ့ဒီအဆင့်ကို ကျေညက်သွားရင် သမီးနားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ ပရမတ်
ဘုရားဆိုတာကို ဦး စတင် ရှင်းပြတော့မှာပါ။
စိတ်ကူးယဉ်သီအိုရီတွေကို လျှောက်ပြောနေလို့ ဘယ်ဖြစ်မလဲ။
-
စိတ်ကိုအရမ်းလျော့မတွက်ပါနဲ့ ဦး။ “စိတ်”ဟာ “ရုပ်”ရဲ့ ရှေ့ဆောင်ပါ ဦး။
မော်ကော်ကား၊ လေယာဉ်ပျံ တွေဟာ စိတ်ကူး ယဉ် သီအိုရီတွေကစတာပါ ဦး။
မှန်ကန်တဲ့နှလုံးသွင်းစိတ်ဟာ “နိဗ္ဗာန်”ထိရောက်အောင် ပို့ဆောင်နိုင်ပါတယ် ဦး။
ဒီလိုဆိုရင် ဟိုမူလ အစက ဓါတ်တွေဟာလည်း
အဲ့ဒီ ဓါတ်ထဲမှာ ပါတဲ့ မူလစိတ်တစ်ခုခုရဲ့ ဦးဆောင်မှုနဲ့ သုံးဆယ့် တစ်ဘုံ ထဲ က
တစ်ခုခုသော ဘုံမှာ စတည် ဖြစ်လာရတယ် ဆိုတာကော သမီး လက်ခံနိုင်မလား။
ပိုပြီး တည့်မတ်သွား အောင် သမ္မာဒိဌိ၊ (မှန်ကန်စွာ မြင်နိုင်တဲ့ အမြင်) သမ္မာသင်္ကပ (မှန်ကန်စွာ ခြင်ဆင်နိုင်မှု)များ ရှိပါစေလို့ ဦး မေတ္တာပို့ပါတယ်။
- သမ္မာဒိဌိ၊ (မှန်ကန်စွာ
မြင်နိုင်တဲ့ အမြင်) ဆိုတာ ရုပ်၊နာမ်တွေဟာ ဒုက္ခအစစ်ဖြစ်ကြောင်းသိတဲ့
အမြင်မှန်ကိုခေါ်တာပါ။ သမ္မာသင်္ကပ (မှန်ကန်စွာ ခြင်ဆင်နိုင်မှု) ဆိုတာ
ဒုက္ခအစစ်ဖြစ်ကြောင်း အမြင်မှန်ကို ဆင်ခြင်တာကိုခေါ်တာပါ။ တစ်ခု ပြော ပါရစေ ဦး
ဒီစကားလုံးတွေဟာ နေရာတကာသုံးလို့ မသင့်တော်ပါ။ ဦးရဲ့ Web Site မှာလည်း
အစ္စလာမ်ကျမ်းမှာပါတဲ့ စကားလုံးတွေကိုပဲ ထည့်ပေးစေ ချင်ပါတယ်။
စကားလုံးတွေ အတွက်တောင် သမီးက
တွန့်တိုနေပါသလား-။ စကားလုံးဝေါဟာရ ဆိုတာ ငါသာ ပိုင်တယ်၊ ငါ့ဘာသာရဲ့
မူပိုင်ဖြစ်တယ် ဆိုတဲ့ စိတ်က အရာတစ်ခုကို မောင်ပိုင်စီးချင်တဲ့ စိတ်ဓါတ်ပါ။ ဒါဟာ
ဘာသာရေးသမား တို့ ကျင့်သုံး ရယူအပ် တဲ့ စိတ်ဓါတ်မျိုး မဟုတ်သေးပါ။ သမီးအနေနဲ့
ပထမမဂ်ကို ရထားပြီလို့ ရင့်ကျူးထားပြီး- ဒီလိုမျိုး စိတ်ဓါတ်မျိုး မထားသင့်ဘူး
လို့ ဦး- သုံးသပ်မိတယ်၊ သမီး။ ဦးက စကားလုံးတိုင်းကို စီစစ်ပြီးမှ သုံးတာပါ။
ဒါတွေနဲ့ ပတ်သက်ပြီးလည်း နောက်တော့မှ ဆွေးနွေးတာပေါ့။
- “ပရမတ်” ဘုရားဆီဘယ်နည်းနဲ့ သွားမယ်ဆိုတာကို ဦးအယူအဆတိုင်းပြောပြပါ။ ကျွန်မဦးအယူအဆတိုင်း လိုက်ပြီး နားလည်အောင် လုပ်ကြည့်ပါ့မယ်။
- “ပရမတ်” ဘုရားဆီဘယ်နည်းနဲ့ သွားမယ်ဆိုတာကို ဦးအယူအဆတိုင်းပြောပြပါ။ ကျွန်မဦးအယူအဆတိုင်း လိုက်ပြီး နားလည်အောင် လုပ်ကြည့်ပါ့မယ်။
သမီး နားလည်လာမှာပါ။ သိပ်လည်း
ဆန္ဒမစောပါနဲ့ သမီး-၊ ဦးနဲ့ သမီးနဲ့ ကွဲလွဲချက်က မူလအစ ဓါတ်မှာ အသိဉာဏ်ဓါတ်
ရှိမရှိ၊ ပရမတ်စိတ်ဓါတ်ခံ ဆိုတာ ရှိမရှိ ဆိုတဲ့ ကိစ္စလေးသာ ဖြစ်နေပါတယ်။-
သမီးအနေနဲ့ မူလအစ ဓါတ်ထိ လက်ခံနိုင်အား ရှိနေပြီ ဆိုတာကို သိရတော့ ဦး
ဝမ်းသာမိပါတယ်။
ချစ်ခင်စွာဖြင့်
ဌေးလွင်ဦး
မဇင်သူမင်း
သမီးပြောနေတာတွေကို ဦး
သဘောပေါက်ပါတယ်။ ဦး အထင်တော့ တစ်ကယ် နားမလည်ဘဲ နားလည်သလိုလို ခံစားမှု ဖြစ် နေတာက
သမီးပါ။ ခေါင်းအေးအေးနဲ့ တွေ့ကြည့်ပါ။ ဦးက ဘုံ ဘယ်လို ဖြစ်လာသလဲ မမေးသေူးဘူး
သမီး- သုံးဆယ့် တစ်ဘုံ သီအိုရီ ရှိလို့- အဲ့ဒီ ဘုံထဲက ချုပ်ငြိမ်းဘို့ နည်းလမ်း
ဆိုတာကို ပြောလာရတာပါ။ ဒီတော့ လူတစ်ဦးဟာ ဟိုး- မူလ အစမှာ သုံး ဆယ့်တစ်ဘုံထဲက
ဘယ်ဘုံမှာ စတင်ဖြစ်လာပါသလဲ။ ရှေ့ဘ၀ကံ မရှိဘဲ အဲ့ဒီ ဘုံမှာ ဘာဖြစ်လို့
စတင်ဖြစ်လာရသလဲ။ ဆိုတာကို သမီး အရင်ဆင်ခြင်ကြည့်စေချင်တယ်။ မူလ အစက ဓါတ်တွေသာ
ဖြစ်ခဲ့ရင်- အဲ့ဒီ ဓါတ်တွေဟာ သုံးဆယ့်တစ်ဘုံ (ဘုံ ဆိုတဲ့ နေရာကို မမေးသေးပါ)
ဆိုတဲ့ နေရာတစ် ခုခုမှာ- ရုပ်နာမ်နဲ့ သတ္တ၀ါတစ်ခုခု ဘယ်လို စဖြစ်ခဲ့သလဲ--။ ဆိုတာပါ။
သူ့ဟာသူ အလိုလို ဖြစ်လာသလားပေါ့--၊
ဒါလေးကို ဖြေပေးပြီးရင် (သမီးနားလည်သလိုသာ ဖြေပါ။ သို့မဟုတ် စဉ်းစား ပေး ပါ)
အဲ့ဒီအဆင့်ကို ကျေညက်သွားရင် သမီးနားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ ပရမတ်
ဘုရားဆိုတာကို ဦး စတင် ရှင်းပြတော့မှာပါ။
- ဟုတ်ကဲ့ ဦးက “ဓါတ်” တွေကနေ ရုပ်၊နာမ် ဖြစ်လာတာကို လက်မခံနိုင်တာပါ။ ဦးအမြင်ကိုဆက်ပြောပါ။ ဦးပြောပြီးရင် ကျွန်မအမြင်နဲ့ ရှင်းပြပေးပါ့မယ်။
စကားလုံးတွေ အတွက်တောင် သမီးက တွန့်တိုနေပါသလား-။ စကားလုံးဝေါဟာရ ဆိုတာ ငါသာ ပိုင်တယ်၊ ငါ့ဘာသာရဲ့ မူပိုင်ဖြစ်တယ် ဆိုတဲ့ စိတ်က အရာတစ်ခုကို မောင်ပိုင်စီးချင်တဲ့ စိတ်ဓါတ်ပါ။ ဒါဟာ ဘာသာရေးသမား တို့ ကျင့်သုံး ရယူအပ် တဲ့ စိတ်ဓါတ်မျိုး မဟုတ်သေးပါ။ သမီးအနေနဲ့ ပထမမဂ်ကို ရထားပြီလို့ ရင့်ကျူးထားပြီး- ဒီလိုမျိုး စိတ်ဓါတ်မျိုး မထားသင့်ဘူး လို့ ဦး- သုံးသပ်မိတယ်၊ သမီး။ ဦးက စကားလုံးတိုင်းကို စီစစ်ပြီးမှ သုံးတာပါ။ ဒါတွေနဲ့ ပတ်သက်ပြီးလည်း နောက်တော့မှ ဆွေးနွေးတာပေါ့။
- စကားလုံးတွေဟာ မူလအဓိပ္ပါယ်အတိုင်း သုံးစွဲရင်မှန်ကန်တဲ့ သုံးစွဲမှုဖြစ်ပါတယ် ဦး။ ဥပမာ - “အလာ” ဆိုတဲ့စကားလုံးကို မှားယွင်းတဲ့နေရာမှာ ကျွန်မတို့ဘာသာက သုံးစွဲထားရင် ဦးရက်ရောနိုင်ပါသလား။ ဘာသာတစ်ခုကို မယုံကြည်လို့ စွန့်ပစ် ခဲ့ရင် အဲဒီဘာသာရဲ့ စကားလုံးတွေကိုလည်း စွန့်လွှတ်ပြီး မိမိယုံကြည်တဲ့ဘာသာရဲ့ စကားလုံးတွေကိုပဲ ပြတ်ပြတ်သားသား သုံးသင့်ပါတယ်။ တခြားဘာသာရဲ့ စကားလုံးတွေကို ကိုယ်ယုံကြည်တဲ့ ဘာသာရဲ့အယူအဆနဲ့ ရောထွေးပြီးမဖေါ်ပြသင့်ပါ ဦး။
ဒီလိုဆိုရင် ဟိုမူလ အစက ဓါတ်တွေဟာလည်း အဲ့ဒီ ဓါတ်ထဲမှာ ပါတဲ့ မူလစိတ်တစ်ခုခုရဲ့ ဦးဆောင်မှုနဲ့ သုံးဆယ့် တစ်ဘုံထဲ က တစ်ခုခုသော ဘုံမှာ စတည် ဖြစ်လာရတယ် ဆိုတာကော သမီး လက်ခံနိုင်မလား။
- ကျွန်မနဲ့ ဦး
ဘာသာချင်း ဖလှယ်နေတဲ့အတွက် ဦးရဲ့အယူအဆကိုသာ ဆက်ပြောပါ။
သမီး နားလည်လာမှာပါ။ သိပ်လည်း ဆန္ဒမစောပါနဲ့ သမီး-၊ ဦးနဲ့ သမီးနဲ့ ကွဲလွဲချက်က မူလအစ ဓါတ်မှာ အသိဉာဏ်ဓါတ် ရှိ မရှိ၊ ပရမတ်စိတ်ဓါတ်ခံ ဆိုတာ ရှိမရှိ ဆိုတဲ့ ကိစ္စလေးသာ ဖြစ်နေပါတယ်။- သမီးအနေနဲ့ မူလအစ ဓါတ်ထိ လက်ခံနိုင်အား ရှိနေပြီ ဆိုတာကို သိရတော့ ဦး ၀မ်းသာမိပါတယ်။
- ဦးအခုလူ့ဘဝကနေ မူလအစ “ဓါတ်” ကို ဘယ်လိုသွားမလဲဆိုတာ သိပါရစေ။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
သမီးရဲ့ တောင်းဆိုမှုကို ဦးစားပေးတဲ့
အနေနဲ့ ဦး က စတင်ရှင်းပြပါမယ်။ အဲ့လို ရှင်းပြတဲ့အခါမှာ ပိဋကတ် က အထောက် အထားများ
ပေးပြီး ရှင်းရင် သမီး လက်ခံနိုင်မလား။
မဇင်သူမင်း
ဟုတ်ကဲ့
ဦးရှင်းတတ်သလိုရှင်းပါ။ ဒါပင်မယ့် ဦးရှင်းတဲ့ထဲမှာဘယ်အရာက အစ္စလာမ်ရဲ့ ကျမ်းက
ကောက်နှုတ်ချက်လဲ၊ ဘယ်အရာက ပိဋကတ် ကကောက်နှုတ်ချက်လဲဆိုတာ
ခွဲခြားပြီးဖေါ်ပြပေးစေချင်ပါတယ်။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
- ဟုတ်ကဲ့ ဦးက
“ဓါတ်”တွေကနေ ရုပ်၊နာမ် ဖြစ်လာတာကို လက်မခံနိုင်တာပါ။ ဦးအမြင်ကိုဆက်ပြောပါ။
ဦးပြောပြီးရင် ကျွန်မအမြင်နဲ့ ရှင်းပြပေးပါ့မယ်။
ဦးက ဓါတ်တွေက ရုပ်နာမ် ဖြစ်လာတာကို
လက်မခံတာ မဟုတ်ဘူး။ သုံးဆယ့် တစ်ဘုံ ဖြစ်ဖြစ်- သုံးဆယ့် နှစ်ဘုံ ဖြစ်ဖြစ်၊
ဘုံသုံးဆယ် ဖြစ်ဖြစ်- အဲ့ဒီ ဘုံတွေမှာ စတည်ဖြစ်လာမယ့် သတ္တ၀ါ တစ်ခုဟာ
သူဖြစ်လာစေဘို့ မူလအစအကတည်းက ပြဌာန်းထားတဲ့ ဓမ္မ ဆိုတဲ့ စည်းမျဉ်းစနစ်ဇယား အလျှောက်
ဖြစ်လာတယ်လို့ ဆိုလိုတာပါ။ နဂိုရှိပြီးသား ဓါတ်တွေဟာ သူ့ ဟာသူ အလိုအလျှောက်
ဖြစ်လာတယ် ဆိုရင်- နောက်ဆက်တွဲတွေလည်း အလိုအလျှောက် ဖြစ်လာရမှာပေါ့။ ဘာဖြစ်လို့
သူတို့ကိုမှာ ဘုံဘ၀ တွေ ဆက်လက် ရှိနေစရာ လိုပါသလဲ- လို့ စောကြောတာပါ။-
ဦးပြောတာမှာ ရုပ်ရယ် နာမ်ရယ် ဉာဏ်ရယ်
သုံးခုကို အမြဲခွဲခြား ပြောဆိုပါတယ်။ ရှိသမျှသော သတ္တ၀ါ ထဲမှာ လူ သည်သာ ဘ၀ ဆက်အတွက်
တာဝန်ရှိတဲ့ သတ္တ၀ါ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူမှာ အခြား အရာများထက် ပိုပြီး
ဗီဇထပ်ဆင့် ဉာဏ် ဆိုတာ ပါဝင်နေလို့ပါ။ အဲ့ဒီ ဗီဇထပ်ဆင့်ဉာဏ်ရဲ့ ထပ်ဆင့်
ဖြစ်တည်မှုသာ အနာဂါတ်မှာ အကျိုးဆက် ဖြစ်ပေါ်ပါ တယ်။ (သမီး နားမလည်ရင်
ပြန်မေးပါ။)
- စကားလုံးတွေဟာ
မူလအဓိပ္ပါယ်အတိုင်း သုံးစွဲရင်မှန်ကန်တဲ့သုံးစွဲမှုဖြစ်ပါတယ် ဦး။ ဥပမာ - “အလာ”
ဆိုတဲ့စကားလုံးကို မှားယွင်းတဲ့နေရာမှာ ကျွန်မတို့ဘာသာက သုံးစွဲထားရင်
ဦးရက်ရောနိုင်ပါသလား။ ဘာသာတစ်ခုကို မယုံကြည်လို့ စွန့်ပစ်ခဲ့ ရင် အဲဒီဘာသာရဲ့
စကားလုံးတွေကိုလည်း စွန့်လွှတ်ပြီး မိမိယုံကြည်တဲ့ဘာသာရဲ့ စကားလုံးတွေကိုပဲ
ပြတ်ပြတ်သားသား သုံးသင့်ပါတယ်။ တခြားဘာသာရဲ့ စကားလုံးတွေကို ကိုယ်ယုံကြည်တဲ့
ဘာသာရဲ့အယူအဆနဲ့ ရောထွေးပြီးမဖေါ်ပြသင့်ပါ ဦး။
အရာတစ်ခုကို ရှင်းပြတဲ့အခါမှာ
ရှင်းပြလိုတဲ့ ပရိတ်သပ်ကို နားလည်စေတဲ့ စကားလုံးနဲ့ ရှင်းပြရ ပါတယ်။ အဲ့လို
ရှင်းပြဘို့ အတွက် ပရိတ်သပ် နားလည်တဲ့ ဘာသာစကားကို ရွေးချယ်ခွင့် ရှိပါတယ်။
သမီးပြောနေတဲ့ ဘာသာက အဲ့လို လွတ်လပ် ခွင့် မပေးဘူးလား။
လက်ရှိ ဗမာစကား၊ ဗမာဝေါဟာရများကိုယ်က
နိုင်ငံရပ်ခြားက မွေးစားစကားလုံးတွေ အမြောက်အများ ပါဝင်နေတဲ့ စကား ပါ။ နောက်ဆုံး
ဗလချောင်ကြော် ဆိုတာက အစ၊ ပေါ်တူဂီ စကား ပါ။ “ဗလချောင်” ကြော်ကို ပေါ်တူဂီလူမျိုးတွေ
စစားပြီး ဗမာကို သင်ပေးခဲ့ခြင်း ဖြစ်တယ်။ လက်ရှိလည်း ပေါ်တူဂီမှာ ဗလချောင်ကြော်ကို
ရိုးရာ အဖြစ်စားတယ်။ ငပိ ကို ရိုးရာ အဖြစ်စားတယ်။ နောက်တစ်ခု မိုးမျှော်ငြုတ်သီး
ဆိုတာက တရုတ်စကားပါ။ လေ့လာကြည့်ပါဦး။ အရေးအကြီးဆုံး အချက် က လက်ရှိ
မြန်မာနိုင်ငံမှာ သုံးနေတဲ့ ပါဠိက မြန်မာမှုပြု အသံထွက်ရေးပါဠိသာ ဖြစ်ပါတယ်။
ပါဠိစကားကို ပြောဆိုသူများက ဘင်္ဂလီ၊ စစ်တကောင်းနဲ့ နီပေါလ်တို့သာ ဖြစ်တယ်။
မြန်မာပြည်မှာ သမီးတို့ ပြောဆိုနေတဲ့ ဘာသာရေးဝေါဟာရ များက- စိတ်မဆိုးပါနဲ့ “ ၀ှတ်
(တ) အက်စ်(စ်) ဿဲ့က် (စ) အဆင့်ပါ။” မူရင်း what is this ကို မသိတော့
အသံထွက်တွေကိုရေး ၀ှတ်တ အက်စ သက်စ ဖြစ်နေရတာပါ သမီး။ အဲ့ဒါကို ငါတို့ မူပိုင်လို့
ပြောနေတာ- တစ်ကယ်တော့ လူရှက်ဘို့ ကောင်းတဲ့ အလုပ်ပါ။ သေချာအောင်လည်း လေ့လာပါဦး-
သမီး။
- ကျွန်မနဲ့ဦး ဘာသာချင်းဖလှယ်နေတဲ့အတွက် ဦးရဲ့အယူအဆကိုသာဆက်ပြောပါ။
အားလုံးရဲ့ အစမူလဟာ ပရမတ်ဘုရား
ဖြစ်တယ်။ အဲ့ဒီ ဘုရားဟာ မိဘ ကြောင့် ဖြစ်လာခြင်း မဟုတ်၊ အိုခြင်း နာခြင်း သေ ခြင်း
မရှိဘူး။ နိစ္စ၊ ဓူဝ ဖြစ်တယ်။ အဲ့ဒီ ဘုရားက ဓမ္မကို ဖြစ်ပေါ်စေတယ်။ ဓမ္မက လောကကို
ဖြစ်ပေါ်စေတယ်။ ဓမ္မဟာ ထပ် ဆင့် ဖြစ်ပေါ်နေမှုများနဲ့ တည်တယ်။ အဲ့ဒီ ဘုရားက ကွန်မြူး
ထားတဲ့ ပင်မဇစ်မြစ် ဉာဏ်ဓါတ်တော်ရဲ့ ကွန်ယက်မှာ မိမိရဲ့ ဉာဏ်ကို
ဆက်စပ်ပေါင်းထိနိုင်မှု အလျှောက် လူဟာ ဗီဇထပ်ဆင့်ဉာဏ် ပွင့်လင်းမှု (သေချာတိကျတဲ့
ဝိဇ္ဇာ)ကို မရနိုင်ဘူး။
- ဦးအခုလူ့ဘဝကနေ မူလအစ“ဓါတ်”ကို ဘယ်လိုသွားမလဲဆိုတာ သိပါရစေ။
- ဦးအခုလူ့ဘဝကနေ မူလအစ“ဓါတ်”ကို ဘယ်လိုသွားမလဲဆိုတာ သိပါရစေ။
ဓမ္မကို သိဘို့လိုတယ်။ ဓမ္မဟာ လောကရဲ့
လျှို့ဝှက်ချက်တွေကို ဖေါ်ပေးတယ်။ အဲ့ဒီ ဓမ္မကို လူတိုင်းက မသိနိုင်လို့ လူသား
ဉာဏ်ရပုဂ္ဂိုလ်တွေ ကမ္ဘာအဆက်ဆက်မှာ ပွင့်ပေါ်တယ်။ (အတုတွေလည်း ရှိတယ်၊ အစစ်တွေလည်း
ရှိတယ်။) လူထုက တော့- သူ့စိတ်အလိုကျ လိုက်တာများပါတယ်။ အတုအစစ် ခွဲမနေ
တော့ဘူးပေါ့။- ဒီတော့ အတုအစစ်ကို ခွဲခြား နိုင်ဘို့ လိုပါ လိမ့်မယ်။ လူ့ဘ၀ က
တိုတဲ့အတွက် ကမ္ဘာမှာ ရှိသမျှ အယူများကို သေချာအောင် လေ့လာပြီးမှာ တစ်ခုခုကို
လက်ခံမယ် ဆိုရင် အချိန်မှီမှာ မဟုတ်လို့- လူတစ်ဦးခြင်းစီမှာ ယုတ္တိဗေဒကို
လက်ကိုင်ထားရပါမယ်။ (ဥပမာ- သမီးအမေက ပြောလို့- အိမ်က ကြောင်မကြီးက ကြက်ဥ နှစ်လုံး
ဥတယ် ဆိုတာမျိုးကို လက်ခံလို့ မဖြစ်ပါ။)-
ဘယ်ကိစ္စကိုမဆို သေချာတဲ့ ယုတ္တိ
ရှိဘို့ လိုပါလိမ့်မယ်။ မမြင်ရတဲ့ စိတ်ကူးယဉ်မှုများက ဦးလည်း လျှောက်ပြောလို့ ရတာ
ပေါ့။-- သမီး လိုက်ယုံနိုင်မလား။
ချစ်ခင်စွာဖြင့်
ဌေးလွင်ဦး
မဇင်သူမင်း
-
ဦးဆိုလိုတာကအခုလူ့ဘဝကနေ မူလအစ“ဓါတ်”ကို သွားဖို့ ဓမ္မတွေမသိသေးလို့ သွားလို့
မဖြစ်နိုင်တဲ့သဘောလား သိပါ ရစေ။
- ဦးရှင်းပြတဲ့အထဲမှာဘယ်အရာက အစ္စလာမ်ကျမ်းကဖြစ်ပြီး ဘယ်အရာက ဗုဒ္ဓဘာသာကလည်းဆိုတာခွဲပြပါ။
လေးစားစွာဖြင့်
မဇင်သူမင်း
- ဦးရှင်းပြတဲ့အထဲမှာဘယ်အရာက အစ္စလာမ်ကျမ်းကဖြစ်ပြီး ဘယ်အရာက ဗုဒ္ဓဘာသာကလည်းဆိုတာခွဲပြပါ။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
လူတွေဟာ ဓမ္မရဲ့ လျှို့ဝှက်ချက်ကို
သိလေ၊ လောကကို ပိုပြီး မြင်လာလေပါပဲ။ ဓမ္မရဲ့ လျှို့ဝှက်ချက်ကို သိနိုင်ဘို့- ပရမတ်
ဘုရား ရှိတာကို အရင်သိဘို့လိုတယ်။ ပရမတ်ဘုရားဟာ လောကအပေါင်းရဲ့ အာရုံကျက်စားရာ
ဇစ်မြစ်ဖြစ်တယ်။
ဒါကို သမီး အတိအကျ သိလိုရင် ပိဋကတ်
ကျမ်းညွှန်းတွေ ပေးပါမယ်။ တစ်ခုတော့ ရှိတယ်- သမီးကိုယ်တိုင် ပါဠိအဘိဓာန် နဲ့
ဘာသာပြန်ကြည့်ဘို့ လိုပါမယ်။ နို့မဟုတ်ရင် လိုရာဆွဲ အစာသွပ် ဘာသာပြန်မှုများနဲ့
ထိပ်တိုက်တိုးပြီး- အဲ့ဒီ ဆွဲထား တာကိုပဲ အမှန်လို့ သမီးက ခံစားနေဦးမှာပါ။
ချစ်ခင်စွာဖြင့်
မဇင်သူမင်း
ဓမ္မရဲ့ လျှို့ဝှက်ချက်ကို
သိနိုင်ဘို့- ပရမတ်ဘုရား ရှိတာကို အရင်သိဘို့လိုတယ်။
-ကျွန်မနားလည်တာက
ဦးရဲ့နောက်ဆုံးပန်းတိုင်ဟာ ပရမတ်ဘုရားဖြစ်ပါတယ်။ နောက်ဆုံးမှ ရောက်ရမယ့်အရာကို
အရင် သိရမလိုဖြစ်နေပါတယ်။
ကျွန်မအမြင်က မူလဇစ်မြစ်ကိုရှာချင်ရင် အဝေးကြီးမစဉ်းစားဘဲ မိမိကိုယ်ကို ခွဲခြမ်းစိပ်ဖြာ ကြည့်ဖို့လိုမယ် ထင်ပါတယ်။ မိမိ ဟာ ဘယ်အရာတွေနဲ့ ဖွဲ့စည်းတည်ရှိနေလဲ ဆိုတာကိုသိရင် မူလဇစ်မြစ်ကိုရှာနိုင်မှာပါ။
ဦးအယူအဆ မူလဇစ်မြစ်ကိုရှာဖို့ပဲဖြစ်ဖြစ်၊ ကျွန်မအယူအဆ မမြဲတဲ့လောက ကနေ လွတ်မြောက်ဖို့ဖြစ်ဖြစ် အရင်သိရမှာက မိမိရဲ့ခန္ဒာကိုယ် အကြောင်းပါပဲ။ ခန္ဒာကိုယ်ရဲ့အကြောင်းကို ရှင်ဂေါတမဟောပြချက်အရ ကျွန်မခွဲခြမ်းစိပ်ဖြာပြပါမယ်။
ပရမတ်ဆိုတာ အစိုင်အခဲမဟုတ်ဘဲ အထင်အရှားရှိသော သဘောတရားဖြစ်ပါတယ်။
လူ (ပညတ်) = ရုပ်၊ နာမ် (ပရမတ်) ဆိုလိုတာက လူဆိုတဲ့အစိုင်အခဲကြီးဟာ တကယ်တော့ “ရုပ်၊ နာမ်” ဆိုတဲ့ သဘော တရား သာဖြစ်ပါတယ်။
ရုပ် ကိုထပ်ခွဲရင် ဓါတ် (၄) ခု (ပထဝီ =မြေဓါတ် ၊ အာပေါ= ရေဓါတ်၊ ဝါယော= လေဓါတ်၊ တေဇော= မီးဓါတ်) နာမ် ကို ထပ်ခွဲရင် ဓါတ် (၁) ခု (ဝိညာဏဓါတ် = အာရုံခြောက်ပါး ကိုသိမြင်မှု နာမ်တရားအစု) အာကာသ ဓါတ် (၁) ခု = ရုပ်တ ရား တစ်စုတစ်စု ကို သဘာဝသတ္တိချင်း မရောယှက်အောင် ပိုင်းခြားကန့်သတ်ထားတဲ့ဓါတ် စုစုပေါင်း ဓါတ် (၆) ခု ရှိပါ တယ်။ ပရမတ်ဖြစ်တဲ့ ရုပ်၊နာမ် ကိုထပ်ခွဲထားလို့ ဓါတ်ဟာ ပရမတ်ဖြစ်တဲ့အပြင် လူရဲ့ မူလဇစ်မြစ်ပါပဲ။ ဆိုလိုတာက လူဆိုတဲ့ အစိုင်အခဲကြီးဟာ တကယ်တော့ “ဓါတ်” ဆိုတဲ့ သဘောတရား သာဖြစ်ပါတယ်။
လူ့ဘုံဆိုတာ ကမ္ဘာကြီးပါ။ (၃၁) ဘုံမှာ ကျန်ဘုံတွေဟာ လူ့ဘုံကို မှီပြီးပေါ်လာတာမို့ နတ်ဖြစ်ဖြစ်၊ ဗြဟ္မ္မာဖြစ်ဖြစ်၊ ငရဲသား ဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် သူတို့ရဲ့ မူလဇစ်မြစ်ဟာလည်း ဓါတ်(၆)ခုပါပဲ။ ရှင်ဂေါတမက ဓါတ်တွေဟာ မမြဲဘဲ ရွေ့လျား ပြောင်းလဲ ဖေါက်ပြန်နေတဲ့ အနိစ္စ သဘောကို ဆရာပြောသလို သိတာမဟုတ်ဘဲ မိမိခန္ဒာကိုယ်မှာ မြင်အောင် ကြည့်ခိုင်း တာပါ။ ဓါတ်တွေဟာ နဂိုထဲကရှိတာလား၊ ဘုရားဖန်ဆင်းတာလားဆိုတာ သိဖို့က “ဓါတ်” တွေရဲ့ သဘောကို သိမှ နား လည်မှာပါ။ လူတွေရဲ့ မူလ ဥာဏ်ဟာ “ဓါတ်” မပြောနဲ့ ရုပ်၊နာမ်တောင် ရေးတေးတေးပဲ မြင်နိုင်ပါတယ်။ ဒါကြောင့် ဥာဏ်ကိုဥာဏ်စဉ် (၁၆) ထိ ရင့်သန်အောင် ဝိပဿနာကျင့်ပြီး ရုပ်၊နာမ် ရဲ့မမြဲတဲ့သဘောကိုမိမိခန္ဒာမှာ မြင်အောင်ကြည့်လို့ သမ္မာဒိဌိဖြစ်ရင် ပထမမဂ်ကိုရပါပြီ။ ဓါတ်တွေရဲ့ မမြဲတဲ့သဘောကိုဆရာပြောလို့သိ၊ စာသိ မဟုတ်ဘဲ ခန္ဒာနဲ့သိဖို့က တတိယမဂ်ကို ရမှ သိမှာပါ။ ဆိုလိုတာက ခန္ဒာရဲ့မမြဲတဲ့သဘောကို အဆင့်တဆင့်ပြီးတဆင့် နက်နက်နဲနဲသိလာလေလေ သင်္ကတ = မမြဲတဲ့လောက ကနေ ဥာဏ်ဟာစွန့်ခွာလာပြီး အသင်္ကတ = နိဗ္ဗာန်ကို အဆင့်တဆင့်ပြီးတဆင့် နီးနီး သွား တာပါ။
ဦးမေးထားတဲ့မေးခွန်းတွေကို ကျွန်မအချိန်ရရင် ပြန်လည်ဆွေးနွေးပေးပါ့မယ်။
လေးစားစွာဖြင့်
မဇင်သူမင်း
ဦးဌေးလွင်ဦး
မေတ္တာရပ်ခံတယ်နော်။ ဦး
အလုပ်များနေလို့ပါ။--
သမီး သိထားတာကို ဆက်ရှင်းပြပါ။--
-ကျွန်မနားလည်တာက
ဦးရဲ့နောက်ဆုံးပန်းတိုင်ဟာ ပရမတ်ဘုရားဖြစ်ပါတယ်။ နောက်ဆုံးမှရောက်ရမယ့် အရာကို
အရင် သိရမလိုဖြစ်နေပါတယ်။
နောက်ဆုံးနဲ့ ပထမဆုံးဟာ တစ်ထပ်တည်း
ဖြစ်ပါတယ် သမီး။ ကိုယ်တော်ဂေါတမ ကိုယ်တိုင်က “ရဟန်းတို့ သင်တို့သည် အဘဘုရား၏
ကျက်စားရာ အာရုံ၌ ကျက်စားကြလော့” လို့ ဒီဃနီကယ်မှာ ပြောထားပါတယ်။ အဲ့ဒီဝါကျမှာ
ပြောတဲ့ အဘ ဘုရား၏ “ပေတိကေ” ဆိုတဲ့ စကားလုံးဟာ ပြောသူ၊ နာသူ၊ ထည့်သွင်းပြောခံရသူ၊
First Person, Second Person, Third person ထဲက Third person (ထည့်သွင်းပြောခံရသူ)
တိတယ အညွှန်းနာမ်စား ဖြစ်ပါတယ်။ ဒီဝါကျကို ပြောသူ ကိုယ်တော် ဂေါတမက First person
ဖြစ်ပြီး နာသူ ရဟန်းတို့ ဆိုတာက Second person ဖြစ်တယ်။ ဒီမှာ အဘဘုရား၏ ဆိုတဲ့
အညွှန်းက သီးခြား ညွှန်းခံရတဲ့ စကားလုံး ဖြစ်တယ်။- သမီးလေ့လာကြည့်ပါ။
ပရမတ်ဘုရားကို အရင်သိဘို့လိုတဲ့
အကြောင်းရင်းက - လူပုဂ္ဂိုလ်ဆိုတာ ဘယ်သူ့ကိုမှ မယုံကြည်ရပါ။ သူဟာ ပရမတ် ဘုရားဆီက
တစ်ကယ် အသိကိန်းဆိုက်မှု ရှိမရှိ ဆိုတာကို သူက လက်မခံမှီ စီစစ်စေဘို့ ဖြစ်ပါတယ်။
နို့မဟုတ်ရင် လူတွေ က လှည့်စားတာများပါတယ်။ နိုင်ငံရေးလောကမှ ခေါင်းဆောင်
ဖြစ်လိုသူ များသလို၊ ဘာသာရေး လောကမှာလည်း အဓိ ပတိ ဖြစ်လိုသူက များပါတယ်။
ကမ္ဘာ့လူသားတွေ အနေနဲ့ လှည့်စား မခံရအောင် ဘာသာရေး အဓိပတိဆိုသူ တစ်ဦးကို
လက်ခံတော့မယ်ဆိုရင်- သူ့ကို မှတ်ကျောက်အရင်တင်ရမှာပါ။ ဒီအတွက် ပရမတ်ဘုရားကို
အရင်သိဘို့ လိုခြင်း ဖြစ်တယ်။ ပြီးမှ သူဟာ တစ်ကယ့် သဗ္ဗညုဉာဏ်ကိန်းဆိုက်ခဲ့ တယ်လို့
ယုံကြည်မှုကို တည်ဆောက်ရတယ်။ ပြီးမှ သူရခဲ့တဲ့ လမ်းစဉ် အတိုင်း
ဆက်လက်ကျင့်ဆောင်ဘို့ နောက်လိုက်လုပ်ရပါတယ်။ မိရိုးဖလာကြားဘူးနားဝများကတော့--
ကိုယ့်ဘာသာကိုယ် ကောင်းတယ် ပြောနေမှာပါပဲ။ တောတောင်ထဲက နတ်ကိုးကွယ်သူများကလည်း
သူဘာသာပဲ ကောင်းတယ် ပြောနေမှာပဲ လေ။ သူတို့ လူထုက လိုက်ယုံနိုင်လောက်တဲ့ တစ်ချို့သော
အစွမ်းများလည်း သူတို့ရဲ့ ဘာသာရေး ခေါင်းဆောင် တွေမှာ ရှိ နေတာပဲ။
သမီး ရှင်းလိုတဲ့ ရုပ်တွေ၊ နာမ်တွေ၊
ဉာဏ်တွေကို ဆက်ရှင်းပါ။ ဦး ဖတ်ကြည့်ပါမယ်- ပြီးမှ ဆွေးနွေးပါမယ်။
ချစ်ခင်စွာဖြင့်
(ဆက်လက်ဆွေးနွေးမည့်
ဆွေးနွေးချက်များကို တင်ပြပေးပါဦးမည်…)
0 comments:
Post a Comment