Wednesday, September 12, 2012

အစ္စလာမ်ဘာသာဝင်တို့ လက်ခံယုံကြည်သော ဘုရားရှင်


“ဘုရား” ဟူသော ဝေါဟာရသည် အကြီးအကဲ သို့မဟုတ် ကြီးကဲမြင့်မြတ်သော ပုဂ္ဂိုလ်ဟု အနက်ရသည့် အိန္ဒိယ ဘာသာ စကား “ဘရား” ဆိုသည်မှ ဆင်းသက် လာသည်ဟု ဆိုကြပေသည်၊ မည်သို့ပင်ဆိုစေကာမူ ဘာသာတရားတစ်ခုအား လက်ခံ ယုံကြည်သော သူတိုင်းက မိမိသက်ဝင်ယုံကြည်သော ကိုးကွယ်ရာ အရှင်ကို “ဘုရား”ဟုခေါ်ကြသည်မှာ ငြင်းနိုင် ဘွယ်မရှိပေ။

ဘာသာစကားမတူညီမှုကြောင့် “ဘုရား” ဟု အဓိပ္ပါယ်သက်ရောက်သည့် ဘာသာစကား အသံထွက်မှာလည်း မတူညီကြ ပေ၊ ထို့အပြင် ဘုရားဟူသည်မှာ မည်သို့ဖြစ်သည်ဟူသည့် ခံစားယုံကြည်ချက်ခြင်းလည်း မတူညီကြပေ၊ သို့သော် အသံ ထွက်ခြင်း မတူညီမှု။ ခံစားယုံကြည်ချက်ခြင်း မတူညီမှုကြောင့် “သူ့ဘုရား” “ငါ့ ဘုရား” မတူဘူး ဟူသော ဖွင့်ဆိုချက်များ မှာ လွန်စွာ ခေတ်နောက်ကျပြီး လူသားချင်း ခွဲခြား ဆက်ဆံမှုကို အားပေးအားမြှောက် ဖြစ်စေသော လူတန်းစားခွဲခြားမှု၏ ရေသောက်မြစ်ဖြစ်ပေသည်၊

အမှန်တကယ်တွင် “ဘုရား” ဟုဆိုသော မြန်မာစကားသည် “ကိုးကွယ်ခြင်းခံထိုက်သောအရှင်” ဟု ဖြစ်ကြောင်း မြန်မာ စကား ပြောသောသူများအတွက် ထိုစကားလုံးတွင် အငြင်းပွားဘွယ် မရှိပေ၊ “ဘုရားရှင် ဆိုသည်၌ ခံစားယုံကြည်ချက်ခြင်း သာ” အမြင်ခြင်း ဖလှယ်နိုင်ရန် လိုအပ်ပေသည်၊

အစ္စလာမ် သာသနာဝင်များက “ဘုရားရှင်” ကို ကျမ်းမြတ်ကုရ်အံလာ အာရ်ဗီဝေါဟာရ“အလ္လာဟ်” ဟု ခေါ်တွင်ကြပြီး။ အစ္စ လာမ်သာသနာဝင်များ ခံစားယုံကြည်သော “ဘုရားရှင်” ဆိုသည်သည်နှင့် အခြားဘာသာဝင်များ ခံစားယုံကြည်သော “ဘုရားရှင်” ဆိုသော သဘောတရား ခြားနားမှုကြောင့် “အလ္လာဟ်” ကို စကားလုံး မဖလှယ်တော့ဘဲ တိုက်ရိုက်မွေးစား ဝေါဟာရ အဖြစ် သုံးစွဲ ရေးသားကြပေသည်၊ ကျွန်ုပ်အနေဖြင့်လည်း မူရင်း အနှစ်သာရ ပျောက်ပျက် သွားမည်ကို မလို လားပါ။ သို့သော် စကားလုံး မဖလှယ်ဘဲ ထားပြန်ကလည်း အစ္စလာမ်တို့ ယုံကြည်လက်ခံသော အလ္လာဟ် ဆိုသည်ကို ခရစ်ယံဘာသာက ပြန်ဆိုထားသော ထာဝရဘုရားနှင့် အတူတူပင်ဖြစ်သည်ဟု လည်းကောင်း။ ကောင်းကင်ဘုံရှိ ရာဇ ပလ္လင်ပေါ်တွင် စိုးစံနေလျှက် လူ့ပြည်လူ့ရွာအား မိန့်ခြွေ လမ်းညွှန်နေသည့် မြန်မာတို့ နားလည်ထားသည့် နတ်ဘုရားကြီး ပုံစံမျိုးဟု လည်းကောင်း။ အရာရာကို “ဥုံ-ဖွ” ဖြစ်စေဟု ပဉ္စလက် ဆရာကြီးကဲ့သို့ ဖန်ဆင်းလေ့ရှိသော ဿရဖန်ဆင်းရှင် အဖြစ်လည်းကောင်း နားလည်ထားကြ သူများမှာ ထိုသို့လွဲမှားသော အထင်အမြင်ထဲမှ ကျွတ်လွတ်နိုင်ရန် အခွင့်အရေး နည်းပါး လှပေသည်။

အစ္စလာမ်ဘာသာက လက်ခံယုံကြည်သော “ဘုရားရှင်” ဆိုသည်မှာ ပညတ္တိကာယ “ပညတ်ဖြစ်တည်မှု ခန္ဓာကိုယ်” မဟုတ်ပေ၊ ပရမတ္တကာယ “ပရမတ်အဖြစ်” ရှိနေပြီး မံသစက္ကုဖြင့် သိမြင်ခံစားနိုင်မှု (တိုင်းတာသတ်မှတ်မှုအမြင်) မှ ကင်း လွတ်ပေသည်၊ ထိုသို့ ပရမတ်အဖြစ် တည်ရှိ၍ သဗ္ဗညုတ ဉာဏ်စဉ်တော်၏ မူလအစ ဇစ်မြစ်တော် ဖြစ်ပေသည်၊ ထို ဉာဏ် စဉ်တော်သည် ပါရမီဖြည့်ဆီး ရင့်သန်သော (ဉာဏ်စဉ်တော်ကိန်းဝပ်မှု ခံနိုင်ရည်စွမ်းရှိသော) ပုဂ္ဂိုလ်မြတ်များအား ခံနိုင် ရည် စွမ်းအလျှောက် ဉာဏ်စဉ်အဆင့်များကို ကိန်းဝပ်ပေးပေသည်၊ ထိုဉာဏ်စဉ်အဆင့်ပေါ်မူတည်၍ ဉဏ်စဉ်တော်ရပုဂ္ဂိုလ် တို့အား ဉာဏ်စဉ်တော်ဆောင် (ရစူလ်)။ သတင်းတော်ဆောင် (နဗီ) ။ နိမိတ်တော်ဆောင်များ။ ရဟန္တာများ သောတာပန် များ စသည်ဖြင့် အဆင့်အဆင့် ခေါ်ဆိုပေသည်၊

အစ္စလာမ်ဘာသာဝင်တို့ ခံစားယုံကြည်သော “ဘုရားရှင်” ဆိုသည်ကို ကျွန်ုပ်တို့၏ နောင်တော်ဗုဒ္ဓဘာသာဝင်များ နားလည် ခံစားနိုင်ရန် ပမာပေးရှင်းပြရလျှင်-မဟာယန ဗုဒ္ဓဘာသာဝင်များ လက်ခံသော ဓမ္မကာယ “မူလဇစ်မြစ် တရားကိုယ်” ဆို သည်နှင့် နီးစပ်မှုရှိသော်လည်း မဟာယနတို့၏ အယူအရ ဓမ္မွကာယသည် လောကလူသားတို့အား ကယ်တင်ရန် အလို့ငှာ သံဘောဂကာယ (ဗောဓိသတ္တ) “လူသားဘုရား” အဖြစ် ခံယူကာ လောကသို့ ကြွလာသည်ဟု ဆိုထားသဖြင့်။ လူသား ဘုရားအဖြစ် လောက၌ ၀င်စားခြင်း မရှိသော ပရမတ်ဘုရားရှင် “အလ္လာဟ်” အား ဓမ္မကာယဟု ဘာသာ ပြန်ဆိုလျှင် အဓိပ္ပါယ် နီးကပ်မှု အားနည်းနိုင်မည် ဖြစ်သည်။

ထေရ၀ါဒဆရာတော် နိုင်ငံကျော် ဓမ္မစေတီ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော သမစိတ္တဘာသာကျမ်း သံဃာ စစ်တမ်း အလင်းကျမ်း သံဃာဟုတ်မဟုတ် မေးခွန်းထုတ်ကျမ်း (ဂန္ဓမာပုံနှိပ် တိုက်မှထုတ်ဝေသည်) တွင် “လူကဖြစ်သော ဥပဇာဗုရား။ ပုဂ္ဂလ ဓိဌာန်ဗုရားတို့ကို ပါယ်၍ ဗုဒ္ဓါန ဗုရားအစစ် ဓမ္မွဓိဌာန် သဗ္ဗညုတဉာဏ် နိယိယိယတ အမြဲဗုရားကို ပြဦးအံ့၊ လောကေ။ လောက၌။ ဧကောရေ၀ တဆူသာလျှင်။ ဥပ္ပဇ္ပန္တိ ဖြစ်ကုန်၏ ။ ကိံကရဏံ အဘယ်ကဲ့သို့နည်း ဟူမူကား။ မဟနံ္တ ကြီးမြတ်သော သဗ္ဗည္ဗုတဉာဏံ သဗ္ဗညုတဉာဏ်ကို အစိုးရသော ဓမ္မဓိဌာန် နိယတ အမြဲဗုရားသည်။ ဂဏုာနံ ဂုဏ်ပေါင်းတကာတို့၏ တည်ရာဖြစ်သော။ ဧကန္တ ထိုသဗ္ဗညုတအရှင် နိယတသခင် တဆူတည်း အမြဲဗုရားသည်သာလျှင် ဟောတိ ဖြစ်၏ ။ တိဤသို့ ဂဏတှိတှိ ဗံ္ဗ ယူမှတ်အပ၏ ၊” ဟူ၍လည်းကောင်း။

သုံးဆယ်မြို့ ဘုရားဒကာ ဦးလူငယ် ရေးသားသော သဗ္ဗညုတစိန္တာမဏိကျမ်း စာမျက်နှာ (၂) တွင် “သဗ္ဗညုတ ဘုရားသခင် သည် အမိမရှိ အဘမရှိ ကိုယ်ထက်မြတ်သော သူမရှိ။ ပါရမီဆယ်ပါးကိုမဖြည့် ဒါန သီလ ဘာဝနာ တို့ကို မပြုလုပ်ဘဲ။ အ လိုလို ဖြစ်တော်မူကြောင်း။ သက်သေကား- သယ။ံ အလိုလို။ ဘူတူတူတ။ံ ထင်ရှား။ ဇာရတိ ဖြစ်တော်မူ၏။ သယံအဘိညာယ ကာရေဿရန္တိ္တိ္တိ ဆရာမိဘကင်း၍ ဖြစ်သော ပါဠိသက်သေ။ သဗ္ဗညုတဘုရား တဆူတည်း ဖြစ်ကြောင်း သက်သေခံပါဠိကား သာရတ္ထသင်္ဂဟကျမ်း၌ ဗုဒ္ဓါနုပန။ ဧကောရေ၀ ဥပ္ပဇ္ပ္ဇန။္တိ ကိံကရဏံ၊ မဟံနံ္တတာရ။ သဗ္ဗည္ဗုတဉာဏ ဂဏုနံ။ မဟနံ္တ ဟောတိ။ ဧကံတံရေ၀။ ဂဏှိာတဗံဗ် ဗုဒ္ဓါနုပန ဘုရားမည်သည်ကား။ လောကေလောက၌။ ဧကောရေ၀ တဆူတည်းသာလျှင်။ ဥပ္ပဇ္ပ္ဇန။္တိ ဖြစ်ကုန်၏။ ကိကံရဏံ အဘယ်ကဲ့သို့နည်းဟူမူကား။ မဟန္တ ကြီးမြတ်သော
သဗ္ဗည္ဗုတဉာဏံ သဗ္ဗညုတဉာဏ်တော်သည် ဂုဏာနံ ဂုဏ်တို့၏ တည်ရာဖြစ်သော။ ဧကံတံ ထိုသဗ္ဗညုတဉာဏ် တဆူတည်းသာလျှင်။ ဟောတိ ဖြစ်၏။ တိဤသို့ ဂဏတှိတှိတှိ ဗံ္ဗယူအပ်၏ ၊” ဟူ၍လည်းကောင်း ဖေါ်ပြ ထားကြပေရာ၊__

ထိုထေရ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်များ ရှင်းထားသည့် သဗ္ဗညုတဘုရားရှင် ဆိုသည်မှာ ပရမတ်ဘုရားဖြစ်၍ လူသား ပညတ်ဘုရား။ ဥပဇာ ဘုရားများနှင့် မသက်ဆိုင်ပေ၊ ထိုပရမတ်ဘုရားရှင်က လူသားအဖြစ် ၀င်စား၍လောကသို့ ကြွလာ တော် မူသည်ဟုလည်း မဟာယန ဗုဒ္ဓဘာသာ ကဲ့သို့ ခံယူထားသည်ကို မတွေ့ရပေ၊ လောကလူသားမှပွင့်ပေါ်သော ဘုရားများမှာ ထိုပရမတ် ဘုရားရှင်မှ ချီးမြှင့်သော ဉာဏ်စဉ်တော် ကိန်းဝပ်ခြင်းကို ခံရသည့် လူသားစင်စစ်များ (ဘုရား ကပြားများမဟုတ်) ဖြစ်ကြောင်းကို သဗ္ဗညုတ စိန္တာမဏိကျမ်း စာမျက်နှာ (၁၅) တွင် “ရှင်ဂေါဓမဘုရား သဗ္ဗညုတ ကိန်း အောင်း၍ ပွင့်တော်မူသကဲ့သို့ အခြားစကြာဝဠာများမှာလည်း ရှင်ဂေါဓမ အရှင်မြတ်ကဲ့သို့ သဗ္ဗညုတ ကိန်းအောင်း၍ ပွင့်တော်မူသော ဘုရားပေါင်းကား အနန္တပင်ရှိချေမည်၊” ဟုလည်းကောင်း။ စာမျက်နှာ (၁၇) တွင် “မနိမဉ္ဖူဋ္ဋီကာကျမ်း၌—သဗ္ဗည္ဗည္ဗုတဉာဏ။ံ သဗ္ဗညုတဉာဏ်တော်ကို ပတိလိလိလာဘ ရခြင်းကြောင့် တဿ ထိုခန္ဓာငါးပါးအစဉ်ကို ဗုဒ္ဓေါတိ ဘုရားဟူ၍ ပညတ္တတ္တာ ပညတ် သည၏် အကြောင်းကြောင့်တည်း” ဟုဆိုထားပေသည်၊

အစ္စလာမ်ဘာသာတွင်မူ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိသော ပုဂ္ဂိုလ်မြတ်တို့အား ပညတ်ဘုရား ဟူ၍မခေါ်ဆိုပေ။ ဉာဏ်စဉ် တော်ဆောင်(ရစူလ်)။ သတင်းတော်ဆောင် (နဗီ) များဟုခေါ်ပေသည်၊ လူသား ဉာဏ်စဉ်တော်ဆောင်များကို ပညတ် ဘုရားဟု မခေါ်ဆိုသော်လည်း အစ္စလာမ်ဘာသာက လက်ခံသော အလ္လာဟ် ဆိုသည်မှာ ထိုဆရာတော်ကြီးများ ရှင်းပြ သော ပရမတ်ဘုရားရှင်နှင့် အနှစ်သာရခြင်း အလွန့်အလွန် နီးစပ်လှပေသည်၊

အထက်ပါ ပိုတ်စ့်အား ဒေါင်းလိုလျှင် ကလစ်နှိပ်ပါ....

ဌေးလွင်ဦး

0 comments:

Post a Comment